သူမရဲ့ ခန္ဓာကိုယ်ကြောင့် စိတ်ဓာတ်ကျပြီး လက်တွေကို ဓားနဲ့မွှန်းခဲ့ဖူးတယ်ဆိုတဲ့ Billie Eilish

Instagram- @billieeilish

Billie Eilish လို့ဆိုလိုက်တာနဲ့ သူမရဲ့ သီချင်းတွေတင်မကသေးဘဲ အဝတ်ပွပွကြီးတွေအမြဲတမ်းဝတ်တတ်တာကိုလည်း သတိထားမိကြမှာပါ။ အမြဲတမ်း အဝတ်ပွပွကြီးတွေနဲ့ပဲ Billie ကိုတွေ့နေကျမလို့ သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်လို့ အားလုံးက ပေါ့ပေါ့တန်တန်ပဲ တွေးကြပေမယ့်လို့ တကယ်တော့ အဲဒီ အဝတ်ပွပွကြီးတွေအောက်မှာ Billie ဟာ သူမရဲ့ သိမ်ငယ်မှုတွေကို လူမမြင်အောင်ဖုံးထားခဲ့တာပါ။

Billie ဟာ အများစုသောကောင်မလေးတွေေလို ကိုယ်လုံးကိုယ်ပေါက် ခပ်သေးသေးတော့မဟုတ်ပါဘူး။ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့နေရာတွေမှာလည်း သာမန်ထက်ပိုပြီးတော့ ဖွံ့ထွားနေခဲ့ပါတယ်။ ဒါကို ပရိသတ်တွေအာရုံမရောက်အောင်လို့ အဝတ်ပွကြီးတွေနဲ့ ဖုံးဖိထားခဲ့တာပါ။

 

View this post on Instagram

 

A post shared by BILLIE EILISH (@billieeilish)

 

View this post on Instagram

 

A post shared by BILLIE EILISH (@billieeilish)

နောက် အင်တာဗျူးတစ်ခုမှာ သူမပြောပုံအရဆိုရင် လူတွေကို သူမက သူမရဲ့အနုပညာတွေကိုပဲ အာရုံစိုက်စေချင်တာတဲ့။ ဒါကြောင့် ခန္ဓာကိုယ်ကို ကြည့်ချင်လို့ သီချင်းတွေကိုအားပေးတယ်ဆိုတာမျိုး မဖြစ်ရလေအောင် အလှဆိုလည်း အရမ်းမပြင်၊ အဝတ်အစားဆိုလည်း ဖော်မဝတ်တာပါတဲ့။ ဒါတောင်မှပဲ Billie လေးရဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ပုံတွေ၊ စွတ်ကျယ်အကြပ်ဝတ်ထားတဲ့ပုံတွေ စသဖြင့် လူမှုကွန်ယက်မှာ ပြန့်နှံ့လာခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by BILLIE EILISH (@billieeilish)

အဲဒီကစပြီး လူတွေဟာ သူမကို ဝတယ်ဆိုပြီးတော့ ဝိုင်းပြီးဝေဖန်လာခဲ့တာပါ။ ဝေဖန်မှုတွေကို မခံနိုင်တော့တဲ့အဆုံး ၁၉ နှစ်အရွယ် Billie လေးဟာ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အတိတ်ဆိုးတွေကို အခုလိုပဲ People ကိုပြောပြလာခဲ့ပါတယ်။

ငယ်သေးတဲ့ဆယ်ကျော်သက်အရွယ်တုန်းကဆိုရင် Billie တစ်ယောက် သူမရဲ့ ပြည့်ပြည့်ဖောင်းဖောင်းခန္ဓာကိုယ်လေးကြောင့် စိတ်ဓာတ်တွေကျ၊ သိမ်ငယ်ပြီးတော့ လက်တွေကို ဓားနဲ့မွှန်းခဲ့တာ ခဏခဏပါပဲတဲ့။ ဒီအကျင့်ကို မိသားစုကအနီးကပ်နေပြီး တော်ောတ်လေးကို ပြင်ယူ၊ ကုယူခဲ့ရတာပါ။ ပိန်ချင်လွန်းလို့ အစားလည်း အခုအချိန်ထိ အငတ်ခံနေတုန်းပါပဲတဲ့။ 

 

View this post on Instagram

 

A post shared by BILLIE EILISH (@billieeilish)

၁၂ နှစ်အရွယ်တုန်းကဆိုရင် ပိန်ဆေးဆိုပြီး သောက်ခဲ့တာ ကျောက်ကပ်တွေထိကုန်လို့ အိပ်ယာထဲ မသိဘဲနဲ့တောင် ရှူးပေါက်ချမိတဲ့အထိ ဖြစ်ခဲ့ဖူးပါယတ်လို့လည်း ထည့်ပြောသွားပါသေးတယ်။အဲဒီနောက်ပိုင်းကစပြီးတော့ အဝတ်ပွပွတွေကိုပဲ ဝတ်လာခဲ့တော့တာပါတဲ့လေ။

 

View this post on Instagram

 

A post shared by BILLIE EILISH (@billieeilish)

penny

SHARE