Pop အဆိုတော်မလေး Billie Eilish ဟာ Justin Bieber ရဲ့ အမာခံပရိတ်သတ်ဆိုတာ အားလုံး သိပြီးကျြွှာပါနော်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Apple Music နဲ့ အစီအစဉ်တစ်ခုမှာ Billie Eilish ရဲ့ မိဘတွေနဲ့ အင်တာဗျူးအစီအစဉ်တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာတော့ Billie Eilish ရဲ့ ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြီးဖော်ကောင်လုပ်ခဲ့ကြတယ်ပေါ့လေ။
အဲဒီအထဲကမှ အကြောင်းအရာတစ်ခုကတော့ Billie Eilish ငယ်ငယ်လေးတုန်းက Justin Bieber ကြောင့် အဆက်မပြတ် ငိုခဲ့တယ်ဆိုတဲ့ အကြောင်းလေးပါ။ ၂၀၁၂ ခုနှစ်တုန်းက Justin Bieber အနေနဲ့ “As Long As You Love Me” ဆိုတဲ့ music video ထွက်လာခဲ့ပါတယ်။ ဒီသီချင်းဟာ Justin Bieber ရဲ့ ပရိတ်သတ်တွေကြားထဲ တော်တော်လေး အမှတ်တရဖြစ်တဲ့ အနုပညာမှတ်တိုင်တစ်ခုပါ။
ဒီ music video ထွက်လာခါနီးလေလေ Billie Eilish ဟာ ငိုလေလေပဲဆိုပြီး မိခင်ဖြစ်သူက ပြောပြလာခဲ့တာပါ။ Music video ထွက်တော့လည်း ကြည့်ပြီး ပျော်လွန်းလို့ ဘယ်နှစ်ရက်မှန်းမသိ ငိုခဲ့တာကတော့ အမှတ်တရပါပဲတဲ့။ ငိုတဲ့ပုံကလည်း အဲဒီ music video ကို တွေတွေကြီးကြီးပြီး မလှုပ်မယှက်နဲ့ တရှုံ့ရှုံ့ကိုခဲ့တာတဲ့လေ။ Billie ဘဝမှာ Justin ကြောင့် ငိုခဲ့ဖူးတာ အကြာဆုံးပဲလို့လည်း ဆိုခဲ့ပါသေးတယ်။ ဒါကြောင့်လည်း မိဘတွေက Billie ကို စိတ်ရောဂါအထူးကုနဲ့ပြဖို့တောင် စဉ်းစားခဲ့တယ်လို့ ရွှတ်နောက်ခဲ့ပါသေးတယ်။
Billie အနေနဲ့ တစ်နေ့ Justin Bieber နဲ့ အနီးကပ်တွေ့ကိုတွေ့ရမယ်ဆိုတဲ့ အိပ်မက်လေးကတော့ တစ်နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Coachella မှာ ပြည့်ဝသွားခဲ့ပါပြီ။ ကိုယ့်ရဲ့ ရူးသွပ်ခဲ့ရတဲ့ idol တစ်ယောက်ကို ကိုယ့်ကိုတန်ဖိုးထားတဲ့ ပရိတ်သတ်တွေရဲ့အလယ်မှာ အနီးကပ်တွေ့ခွင့်ရခဲ့တဲ့အပြင်ကိုမှ နွေးနွေးထွေးထွေး အဖက်လည်းခံခဲ့ရတာကတော့ Billie အတွက် တစ်သက်လုံးစာအမှတ်တရဖြစ်သွားခဲ့ပါတော့တယ်။
Penny