Lady Gaga ကို ဝေဖန်လို့ အပြစ်တင်ခံနေရတဲ့ ဆယ်ကျော်သက်မလေး Billie Eilish

Instagram- Billie Eilish, Lady Gaga

Lady Gaga ဟာ ဘယ်လောက်ပဲ အူကြောင်ကြောင်နိုင်တာတွေဝတ်ပြီး အမူရာတွေလုပ်လုပ် သူမရဲ့အနုပညာကတော့ တကယ့်ကို ကြက်သီးထဖို့ကောင်းလောက်အောင်ကို ပါရမီထူးကဲလွန်းတယ်ဆိုတာတော့ လက်ခံရမှာပါပဲ။

Gaga အအနေနဲ့ နာမည်အကြီးဆုံး ဝတ်စုံကိုပြောပါဆိုရင် ၂၀၁၀ ခုနှစ်ရဲ့ MTV VMAs ဆုပေးပွဲမှာဝတ်ခဲ့တဲ့ ဝတ်စုံကို သတိရဦးမယ်ထင်ပါတယ်။ အသားလွှာတကယ့်အစစ်တွေနဲ့ ဒီဇိုင်းထွင်ထားတဲ့ ဝတ်စုံဟာ အထူးသဖြင့် သတ်သတ်လွတ်စားတဲ့ vegan တွေကြားမှာတော်တော်လေးကို ဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့ ဝတ်စုံတစ်စုံဆိုရင်လည်းမမှားပါဘူး။

Twitter-@bIackkoutt
Twitter-@bIackkoutt

ဒါပေမဲ့ ဒီကိစ္စဟာ ၁၀ စုနှစ်တစ်ခုကျော်ကြာ ကြာနေခဲ့ပါပြီ။ ဒါကို အခုမှ Bille Eilish က သူမရဲ့ YouTube ဗီဒီယိုတစ်ခုမှာ ပြန်အစဖော်ခဲ့တာပဲဖြစ်ပါတယ်။ ပြန်အစဖော်တယ်ဆိုတာလည်း ရိုးရိုးတန်းတန်းမဟုတ်ဘဲ Gaga ရဲ့ ဝတ်စုံကို ဝေဖန်ခဲ့တာပါတဲ့လေ။ ဒီဗီဒီယိုကြည့်ရင်သိမှာပါ။

Billie ဟာ သူမရဲ့ အနုပညာသက်တမ်း ၂ နှစ်ကျော်အတွင်း ဆုပေးပွဲနဲ့နီးစပ်ခဲ့တာ ဒါပထမဆုံးဖြစ်ပါတယ်။ ဒါကောင့် ဒီလိုဆုပေးပွဲတွေကို သူမအနေနဲ့ အနုပညာရှင်မဟုတ်ခင်တုန်က ဘယ်လိုခံစားရကြောင်းပြောပြနေခဲ့တာပါ။ သူမအနေနဲ့ မိန်းကလေးလည်းဖြစ်၊ ကလေးလည်းဖြစ်သေးတာကြောင့် သီချင်းတွေထက် ပွဲတက်လာတဲ့ မိန်းကလေးတွေဘာဝတ်လာလဲဆိုတာကိုပဲ လိုက်ကြည့်လေ့ရှိပါတယ်ဆိုပြီး အပြော ဘေးမှ အစ်ကိုဖြစ်သူက ဟို အသားဝတ်စုံကို မှတ်မိသေးလားဆိုပြီး ဝင်ထောက်ခဲ့ပါတယ်။

ဒါကို Bille က ပေါ့ပေါ့ပါးပါးပဲ ဟုတ်တ်ာပေါ့ “Yikes” ဆိုပြီး ပြောခဲ့တဲ့အတွက်ကြောင့် Lady Gaga ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို ခံလိုက်ရတာပဲဖြစ်ပါတယ်။ ပြောရရင် သူမအနေနဲ့ ရွံတယ်ပေါ့လေ။ ဒါပေမဲ့လည်း ပေါ့ပေါ့ပါးပါးပြောလိုက်တဲ့ပုံကိုကြည့်ရင် Gaga ကို တိုက်ခိုက်ချင်စိတ် သိပ်မရှိတာကို တွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Twitter မှာတော့  ဆိုပြီး ၁၇ နှစ်အတရွယ်ကောင်မလေးတစ်ယောက်ကို လူအလုံးအရင်းနဲ့ ဝိုင်းဝေဖန်နေခဲ့ကြပါတော့တယ်။

READ
ဂုဏ်မောက်တဲ့ အပြောတွေကြောင့် ဝေဖန်ခံနေရတဲ့ Sonam Kapoor

အဆိုတော်နှစ်ယောက်စလုံးဖက်ကတော့ ဘာမှ ပြန်ပြောထားခြင်းမရှိခဲ့ပါဘူး။ ဒါကတော့ Bille ရဲ့ ဗီဒီယိုအပြည့်အစုံပါ။

Penny

SHARE