Grammy စံကာတင်စာရင်းတွေထဲ ခေါင်းစဉ် ၆ ခုမှာနေရာယူနေခဲ့တဲ့ Billie Eilish

[email protected]llieeilish

Billie Eilish တစ်ယောက် သီချင်းတွေဆိုဖြစ်သွားတာဟာ သူ့ရဲ့အစ်ကိုအရင်းဖြစ်တဲ့ Finneas O’Connell ကြောင့်ပါ။ Finneas ဟာ ၂၀၁၁ ခုနှစ်ကတည်းက အနုပညာလောကထဲဝင်လာကာ band တစ်ခုရှိပြီး အဆိုတော်၊ သီချင်းရေးဆရာ၊ ဂီတပညာရှင်၊ record producer တို့အပြင် သရုပ်ဆောင်တစ်ဦးလည်း လုပ်ကိုင်နေသူတစ်ဦးပါ။ Billie နဲ့ Finneas တို့ဟာ သိပ်ရင်းနှီးတဲ့မောင်နှမနှစ်ယောက်ဖြစ်ပါတယ်။

[email protected]
[email protected]

တစ်ရက်တော့ Finneas ဟာ သူ့ band နဲ့ဆိုဖို့အတွက် Ocean Eyes ဆိုတဲ့ သီချင်းလေးကို Billie ကို ဆိုခို်င်းကြည့်ခဲ့ပါတယ်တဲ့။ အဲဒီအချိန်တုန်းက Billie ကတော့ အကသမားကောင်းတစ်ယောက်ဖြစ်ဖို့ အကသင်တန်းတွေတက်ပြီး လုံးလည်ချာလည်လိုက်နေခဲ့သူတစ်ယောက်ပါ။ ဒါပေမ့ ဂီတနဲ့ပတ်သက်လာရင်တော့ ငယ်တုန်းကလည်း မောင်နှမနှစ်ယောက်လုံးဟာ ဘုရားကျောင်းက သီချင်းဆိုတဲ့အဖွဲ့မှာပင်တိုင်အဖွဲ့ဝင်သင်တန်းသားတွေ ဖြစ်ဖူးခဲ့တဲ့အတွက် Billie ဖို့က သီချင်းဆိုတာနဲ့ သိပ်တော့စိမ်းမနေခဲ့ပါဘူး။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက အပျော်သဘောလာဆိုခိုင်းခဲ့တဲ့ Ocean Eyes သီချင်းနဲ့ပဲ ဂီတလောကထဲကို အသင့်ပြင်ထားခြင်းမရှိဘဲ Billie တစ်ယောက်ရောက်လာခဲ့ပါတော့တယ်တယ်။

[email protected]
[email protected]

Billie Eilish အနေနဲ့ ဂီတလောကထဲ ထဲထဲဝင်ဝင်စတင်ဝင်ရောက်လာခဲ့တဲ့အချိန်တုန်းက ၂၀၁၆ ခုနှစ်ဆိုတော့ အသက် ၁၄ နှစ်သာရှိနေသေးပါတယ်။ ၂၀၀၁ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့လောက်မှမွေးလို့ ၂၀၀၁ ခုနှစ်ဖွားတွေထဲမှာတောင်မှပဲ တော်တော်လေး ငယ်တဲ့ဘက်ရောက်တယ်လို့ သတ်မှတ်ရမှာပါပဲ။

READ
ချစ်စရာအလှလေး Jade Weber အကြောင်း သင်မသိသေးတဲ့ အချက် (၈ )ချက်

ချာတိတ်မလေးဆိုပေမယ့် မတ်လ ၂၉ ရက်နေ့တုန်းက သူမရဲ့ ပထမဦးဆုံးအနေနဲ့ ထုတ်လိုက်တဲ့ “When We Fall Asleep, Where Do We Go” album  ကတော့ Billboard 200 chart ထဲ ထွက်ထွက်ပြီးချင်းအပတ်ထဲမှာပဲ တစ်ဟုန်တိုးအဆင့်တွေတက်သွားရင်း အခုအချိန်မှာတော့ Top 1 နေရာကို ရောက်ရှိသွားခဲ့ဖူးပါသေးတယ်။

[email protected]

အခုလည်း လော့စ်အိန်ဂျလိစ်က alternative pop အဆိုတော်မလေး Billie Eilish ဟာ ၂၀၂၀ ရဲ့ Grammy ဆုပေးပွဲအတွက် စံကာတင်စာရင်းထဲမှာ ပါလာခဲ့ပါတယ်။ ပါလာတာတောင် ရိုးရိုးတမ်းတမ်းမဟုတ်ဘဲ ခေါင်းစဉ်ပေါင်း ၆ ခုမှာကို ဆက်တိုက်နာမည်ပါနေခဲ့တာပါ။ အဲဒါတွေကတော့

(၁) Record of the Year – Bad Guy

(၂) Album of the Year – When We Fall Asleep, Where Do We Go?

(၃) Song of the Year – Bad Guy

READ
ဒုတိယမြောက်ရင်သွေးလေး မွေးဖွားလိုက်တဲ့ Jun Ji-hyun

(၄) Best Pop Vocal Album – When We Fall Asleep, Where Do We Go?

(၅) Best Pop Solo Performance နဲ့

(၆) Best New Artist တို့ပဲဖြစ်ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးပေမယ်လို့ Billie ရဲ့စန်းနဲ့ မတူညီဘဲကွဲပြားတဲ့ သီဆိုပုံ၊ ပြင်ပုံဆင်ပုံတွေနဲ့ ခေတ်နဲ့အညီလိုက်ဖက်လွန်းလှတဲ့ စာသားတွေကြောင့်မလို့ Billie လေးကတော့ အခုလိုမျိုး အောင်မြင်တိုးတက်မှုတွေရလာခဲ့တာပဲဖြစ်ပါလိမ့်မယ်။ Congratulations ပါ Avocado လေးရေ!!

Penny

SHARE