စီနီယာတချို့ရဲ့ သူမအပေါ် မှတ်ချက်ဆိုးပေးမှုတွေကို ဖွင့်ဟလာခဲ့တဲ့ Billie Eilish

Instagram- @billieeilish

Billie Eilish ကတော့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူး။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာခဲ့ပြီး ဂီတနဲ့ပတ်သက်တဲ့ ဆုတွေလည်း အများကြီးရထားသူပါ။ Insider ရဲ့ ဖော်ပြချက်အရ Billie ဟာ မကြာသေးခင်တုန်းက British GQ နဲ့ အင်တာဗျူးလုပ်ခဲ့စဉ် သူတို့ရဲ့ ဂီတလောကထဲမှာလည်း ခွဲခြားဆက်ခံမှုတွေ ရှိနေတယ်ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။

အဓိကကတော့ သီချင်းအမျိုးအစားနဲ့လိုက်ပြီး ဘယ်လူမျိုးဆိုရင် ဘယ်လိုသီချင်းတွေကိုပဲ ဆိုရမယ်ဆိုပြီးတော့ အနုပညာရှင်တွေရဲ့စိတ်ထဲမှာကို ရှေးရိုးစွဲ သတ်မှတ်ထားနေခဲ့တာပါတဲ့။

Instagram- @billieeilish

ဥပမာပြောရရင် hip-hop, rap နဲ့ R&B ဆိုရင် လူဖြူတွေအတွက်မဟုတ်ဘဲ pop ကမှ သူတို့အတွက်ဖြစ်တယ်ဆိုတဲ့ စံနှုန်းသတ်မှတ်မှုတွေလိုမျိုးပေါ့။ ဒါကြောင့်လည်း ကမ္ဘာကျော် rap အဆိုတော် Eminem တုန်းဆို rap လောကထဲဝင်ဖို့ အရမ်းကို ဒုက္ခရောက်ခဲ့ဖူးတဲ့ သမိုင်းတွေလည်းရှိနေခဲ့ပါတယ်။

READ
ပရိသတ်အများစု မသိကြတဲ့ ကမ္ဘာကျော်ဆယ်လီတွေရဲ့ တကယ့်သရုပ်မှန်

ဒီအပြင် Billie ဟာ သူမရဲ့ အနုပညာတွေကို စီနီယာတချို့က အနှစ်သာရမရှိဘူးဆိုပြီး ပြောလာခဲ့တဲ့ ဂီတလောကထဲက စီနီယာတွေနဲ့ ဝေဖန်ရေးဆရာတွေလည်း ရှိနေပြန်ပါသေတယ်တဲ့။ Billie ရဲ့ သီချင်းတွေကို တော်တော်များများက pop ဒါမှမဟုတ် indie pop လို့ ရည်ညွှန်းကြပေမယ့်လို့ Billie ကိုယ်တိုင်က သူမရဲ့ သီချင်းအမျိုးအစားကို ဘယ်တုန်းကမှ ပုံသေမတွက်ခဲ့ဖူးပါဘူး။

Instagram- @billieeilish
Instagram- @billieeilish

တကယ်တော့ သူမကိုယ်တိုင်ကိုက category (သီချင်းအမျိုးအစား) ခွဲတာမျိုးကို မုန်းတဲ့လူမျိုးပါတဲ့။ အနုပညာဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ Billie ဟာ လွတ်လွတ်လပ်လပ် အနုပညာတွေကို ဖန်တီးချင်တာပါတဲ့။

Penny

SHARE