သူမခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး လှောင်ပြောင်သူတွေကို short film နဲ့ တုန့်ပြန်ခဲ့တဲ့ Billie Eilish

[email protected]

Billie Eilish လို့ ပြောလိုက်တာနဲ့ အဝတ်အစားအပွ ဖက်ရှင်တွေကို ဝတ်ဆင်တတ်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲ ပြေးမြင်မိကြမှာ အမှန်ပါပဲ။ Billie ရဲ့ ဖက်ရှင်အဝတ်အစားတွေဟာ အခြားအနုပညာရှင်တွေနဲ့ မတူပဲ အမြဲတမ်းကွဲထွက်နေတဲ့အပြင် Crazy color ပုံစံတွေကိုသာ တ်ဆင်လေ့ရှိပါတယ်။

နာမည်စကြီးကတည်းက ဒီနေ့ဒီအချိန်အထိ Baggy Fashion တွေကိုသာ ဝတ်ဆင်လေ့ရှိတဲ့ Billie ဟာ ဘာကြောင့် ဒီလို ပုံစံတွေကိုသာ တမင်သက်သက်ရွေးချယ်ပြီး ဝတ်ဆင်ရသလဲဆိုတဲ့ အကြောင်းအရင်းကို အင်တာဗျူးတေါမှာ မကြာခဏပြောပြလေ့ ရှိပါတယ်။ အဲဒီအကြောင်းအရင်းကတော့ Billie ဟာ သူမရဲ့ ခန္ဓာကိုယ်အလှတရားကို ပုရိသယောက်ျားတွေ အရသာခံပြီး ကြည့်တဲ့အပေါ်မှာ အရမ်းရွံရှာ စက်ဆုပ်တဲ့အတွက်ကြောင့် အခုလို အင်္ကျီအပွ၊ ဘောင်းဘီအပွတွေသာ ဝတ်ဆင်ရခြင်းဖြစ်ကြောင်း မကြာခဏပြောကြားခဲ့ပါတယ်။

READ
မှန်ကန်စွာ လက်ဆေးနည်း သရုပ်ပြတဲ့ SafeHands Challenge မှာ Selena ပါဝင်

https://www.instagram.com/p/B8wmuAYlutS/

ဒါပေမယ့်လည်း လူတွေဟာ အမြဲလိုလို Billie ရဲ့ Fashion ပေါ်မှာ လှောင်ပြောင်သရော်လေ့ ရှိပါတယ်။ Billie ဟာ သူမခန္ဓာကိုယ်အချိုးအစားဟာ တစ်စုံတစ်ခုချို့ယွင်းနေတဲ့အတွက်ကြောင့် လူမမြင်အောင် အဝတ်အစားအပွတွေနဲ့ ဖုံးအုပ်ထားတာလို့ Billie ရဲ့ ပို့စ်တွေအောက်မှာ မကြာခဏ comment ပေးလေ့ရှိပါတယ်။ ဒီလို့ သူမရဲက ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး Body shaming လုပ်တဲ့သူတွေကို Billie ဟာ short film တစ်ခုရိုက်ပြီး တုံ့ပြန်ခဲ့ကြောင်း Eonline သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Billie ဟာ သူမရဲ့ အဝတ်အစားအပွတွေကို ဖြည်းဖြည်းခြင်းချွတ်ပြီး ပါးစပ်ကနေလည်း လူတွေသူ့အပေါ်လှောင်ပြောနေတဲ့ အကြောင်းတွေကို တောက်လျှောက်ပြောသွားခဲ့ပါတယ်။ သူမခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး လူတွေသရော်နေတဲ့အပေါ်မှာ ဘာခံစားချက်မှမရှိကြောင်း၊ ဒါ့အပြင် သူမဟာ လူတွေအပေါ်မှာလည်း ဘာထင်မြင်ချက်မှမရှိကြောင်း၊ သူမကိုလည်း ထင်မြင်ချက်ပေးဖို့ မလိုကြောင်း ပြောသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဗီဒီယို နောက်ဆုံးမှာတော့ Billie ဟာ အောက်ခံအဝတ်အစားတွေပါ တဖြည်းဖြည်းချင်းချွတ်သွားပြီး အနက်ရောက်ရေကန်ကြီးထဲမှာ နစ်မြုပ်သွားတဲ့ပုံနဲ့ အဆုံးသတ်ခဲ့ပါတယ်။

READ
မိန်းမအချင်းချင်း မကြိုက်ပဲ ယောကျာ်းတွေနဲ့ ကြိုက်ဖို့ ပြောခဲ့တဲ့ Miley Cyrus

Pyi Hein Kyaw

SHARE