ဘာကြောင့် အကျီ င်္ပွပွကြီးတွေပဲ ၀တ်နေရလည်းဆိုတာ ထုတ်ဖော်ပြောခဲ့တဲ့ Billie Eilish

Twitter/BillieEilish

Billieကို လူတော်တော်များများသိတဲ့ အကြောင်းအရင်းကတော့ နှစ်ချက်ရှိပါတယ်။သူမရဲ့ လုံးဝညင်သာတဲ့ အသံလေးနဲ့ သူမတူအောင် လုံးဝကွဲပြားတဲ့ ဒီဇိုင်းတွေကြောင့် ဖြစ်ပါတယ်။

အသက်(၁၇)နှစ်အရွယ်ပဲ ရှိသေးတဲ့ Billieဟာ အင်္ကျီတွေကိုလည်း Gucci,LV အစရှိတဲ့ Branded တွေထဲကမှ အစိမ်းရောင်တောက်တောက်တွေ၊ အနက်ရောင်တောက်တောက်လေးတွေ ဝတ်ဆင်လေ့ရှိပြီး တခြားသူနဲ့ မတူအောင် ကွဲထွက်နေတဲ့ ဒီဇိုင်းတွေကြောင့် လူတော်တ်ေများများက သတိထားမိကြတာပါ။ အဲဒီအင်္ကျီတွေကိုလည်း တခြား Celebrity တွေလို အကျပ်ဝတ်လေ့မရှိပါဘူး။ လုံးဝပွပွကြီးတွေသာ အမြဲတစေဝတ်ဆင်လေ့ရှိတာပါ။

 

 

View this post on Instagram

 

thank you for the award @variety

A post shared by BILLIE EILISH (@billieeilish) on

ဒီလိုဝတ်တာကလည်း Billieမှာ အကြောင်းရှိပါတယ်။တခြားယောက်ျားတွေရဲ့ ကာမဂုဏ်အာရုံမှာ သူမရဲ့ ရင်သားဟာ အရွယ်နဲ့မလိုက်အောင် ဖွံ့ဖြိုးလွန်းနေလို့ဖြစ်ကြောင်း CBS သတင်းဌာနက Gayle King နဲ့ အင်တာဗျူးတစ်ခုမှာတေ့ Billie က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အခုလို အင်္ကျီအပွကြီးတွေဝတ်ဆင်ရခြင်းက သူမခန္ဓာကိုယ်နဲ့ သူမကြားမှာ အဆိပ်အတောက်ဖြစ်လွန်းတဲ့ Relationship တစ်ခုလို ခံစားနေရကြောင်းလည်း  Billie က Gayle နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။” ကျွန်မ ခန္ဓာကိုယ်က တခြားသူတွေလိုမဟုတ်ဘူး။အရမ်းဆိုးတယ်။အဲဒါကြောင်လည်း အင်္ကျီအကြပ်တွေမဝတ်တာ။အင်္ကျီအပွတွေကို ဝတ်ရတာ အရမ်းကို သက်တောင့်သက်သာဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။

 

READ
ခိုင်နှင်းဝေ ရင်သွေးများဂေဟာကို ငွေ(၁၀)သိန်းလှူခဲ့တဲ့ ပန်းရောင်တို့ ညီအစ်မ

Pyi Hein Kyaw

SHARE