၂၀၀၀ ခုနှစ်ဖွားတွေထဲ Billboard မှာ ပထမဆုံးနံပါတ်တစ်ချိတ်ခဲ့နိုင်ခဲ့သူလေး Billie Eilish

 

Instagram

Billie Eilish ဆိုတာ အသက် ၁၇ နှစ်သာသာသာရှိသေးတဲ့ လော့စ်အိန်ဂျလိစ့်မြို့က ချာတိတ်မလေးတစ်ယောက်ပါ။ ၂၀၀၁ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့လောက်မှမွေးလို့ ၂၀၀၁ ခုနှစ်ဖွားတွေထဲမှာတောင်မှပဲ တော်တော်လေး ငယ်တဲ့ဘက်ရောက်တယ်လို့ သတ်မှတ်ရမှာပါပဲ။ ချာတိတ်မလေးဆိုပေမယ့် သူမရဲ့ ပထမဦးဆုံးအနေနဲ့ ထုတ်လိုက်တဲ့ album တစ်ခွေကတော့ Billboard 200 chart မှာ ထွက်ထွက်ပြီးချင်းအပတ်ထဲမှာပဲ တစ်ဟုန်တိုးအဆင့်တွေတက်သွားရင်း အခုအချိန်မှာတော့ Top 1 နေရာကို ရောက်ရှိသွားခဲ့ပါပြီ။

Instagram

Billboard 200 Chart ရဲ့ ထိပ်ဆုံးမဆိုထားနဲ့ ၂၀၀ ထဲဝင်ဖို့ကိုတောင်မှပဲ တစ်ကမ္ဘာလုံးက အဆိုတော်တွေနဲ့အပြိုင်အဆိုင်မို့ သိပ်တော့လွယ်ကူလှတယ်မဟုတ်ပါဘူး။ နောက်ပြီး Top chart ထဲ ဆယ်ကျော်သက်အရွက်မှာတင် နံပါတ်တစ်ရရှိခဲ့တဲ့ အမျိုးသမီးအဆိုတော်တွေကို ရေကြည့်မယ်ဆိုရင် လက်ဆယ်ချောင်းတောင်ပြည့်မှာမဟုတ်ပါဘူး။

Billboard သမိုင်းတစ်လျှောက် အသက် ၁၈နှစ်အောက် နံပါတ်တစ်နေရာချိတ်နိုင်တဲ့တဲ့ အမျိုးသမီး artist တွေကတော့ ၁၉၈၈ ခုနှစ်မှာ အသက်၁၆နှစ်အရွယ် Tiffany, ၁၉၉၇ ခုနှစ်မှာ အသက်၁၄နှစ်အရွယ် LeAnn Rimes, ၁၉၉၉ မှာ အသက်၁၇နှစ်အရွယ် Britney Spears, ၂၀၀၃ ခုနှစ်မှာ အသက်၁၅နှစ်အရွယ် Hilary Duff, ၂၀၀၇နဲ့၂၀၀၈ ခုနှစ်တုန်းက အသက်၁၄နဲ့၁၅နှစ်အရွယ် Miley Cyrus, ၂၀၀၉ ခုနှစ်တုန်းက အသက်၁၆နှစ်အရွယ် Demi Lovato တို့ပဲဖြစ်ပါတယ်။

Instagram

Demi Lovato ပြီးရင်တော့ ၂၀၀၉ ခုနှစ်ကတည်းက ယနေ့အချိန်အထိဆယ်စုနှစ်တစ်ခုအတွင်း Billboard မှာ Billie Eilish ဟာ နံပါတ်တစ်ချိတ်နိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ “When We All Fall Asleep. Where Do We Go?” ဆိုတဲ့ album ကို၂၀၁၉ မတ်လ ၂၉ ရက်နေ့ကထွက်ရှိထားခဲ့ပါတယ်။ ထွက်ထွက်ပြီးချင်း ၄ ရက်တည်းမှာတင်ကို နံပါတ်တစ်နေရာကို ဝုန်းခနဲ့ရောက်သွားခဲ့တာပါ။ ဒီအတွက်လည်း ၄ ရက်အတွင်း နံပါတ်တစ်နေရာကိုချိတ်ခဲ့တဲ့ အငယ်ဆုံးအနုပညာရှင်တစ်ဦးဖြစ်သွားခဲ့ပါတယ်။ Album ထွက်ပြီး ၂ ပတ်အတွင်းမှာတင် copy ပေါင်း ၁၇၀,၀၀၀ ကျော်ကိုရောင်းချခံ့ရပါသေးတယ်။

READ
ဇနီးဖြစ်သူလေးရဲ့ Surprise ကြောင့် မျက်ရည်ကျခဲ့တဲ့ ရွှေထူးရဲ့ ဗီဒီယိုဖိုင်

သီချင်းတစ်ပုဒ်တည်း Top 100 chart အတွင်းမှာလည်း ထိပ်ဆုံးနံပါတ် ၇ နေရာမှာရောက်နေတဲ့ Bad Guy ကစလို့ နံပါတ် ၉၄ နေရာက Ocean Eyes တို့အထိ သူ့သီချင်းတွေချည်းပဲ နေရာ ၁၄ နေရာမှာကြီးစိုးထားလျက်ရှိပါတယ်။

Billboard

Billie Eilish ဟာ ဂီတလောကထဲ ထဲထဲဝင်ဝင်စတင်ဝင်ရောက်လာခဲ့တဲ့အချိန်တုန်းက ၂၀၁၆ ခုနှစ်ဆိုတော့ အသက် ၁၄ နှစ်သာရှိနေသေးပါတယ်။ ဒီလိုသီချင်းတွေဆိုဖြစ်သွားတာဟာ သူ့ရဲ့အစ်ကိုအရင်းဖြစ်တဲ့ Finneas O’Connell ကြောင့်ပါ။ Finneas ဟာ ၂၀၁၁ ခုနှစ်ကတည်းက အနုပညာလောကထဲဝင်လာကာ band တစ်ခုရှိပြီး အဆိုတော်၊ သီချင်းရေးဆရာ၊ ဂီတပညာရှင်၊ record producer တို့အပြင် သရုပ်ဆောင်တစ်ဦးလည်း လုပ်ကိုင်နေသူတစ်ဦးပါ။ Billie နဲ့ Finneas တို့ဟာ သိပ်ရင်းနှီးတဲ့မောင်နှမနှစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်တော့ Finneas ဟာ သူ့ band နဲ့ဆိုဖို့အတွက် Ocean Eyes ဆိုတဲ့ သီချင်းလေးကို Billie ကို ဆိုခို်င်းကြည့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အကသမားတစ်ယောက်ဖြစ်ဖို့ Billie လေ့ကျင့်နေခဲ့တာပါ။ ငယ်တုန်းကလည်း မောင်နှမနှစ်ယောက်လုံးက ဘုရားကျောင်းက သီချင်းဆိုတဲ့အဖွဲ့မှာပင်တိုင်အဖွဲ့ဝင်သင်တန်းသားတွေ ဖြစ်ဖူးခဲ့တော့ Billie အတွက်က သီချင်းဆိုတာနဲ့ မစိမ်းခဲ့ပါဘူး။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက အပျော်သဘောနဲ့ လာဆိုခိုင်းခဲ့တဲ့ Ocean Eyes သီချင်းနဲ့ပဲ ဂီတလောကထဲကို အသင့်ပြင်ထားခြင်းမရှိဘဲ Billie တစ်ယောက်ရောက်လာခဲ့ပါတယ်။

READ
ရွှေထူးအတွက် မွေးနေ့ဆုတောင်း အရှည်ကြီးတောင်းပေးလိုက်တဲ့ ရွှေမှုန်ရတီ
Instagram

Billie Eilish ဟာ alternative pop အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ဆိုပုံဆိုပေါက်တွေကိုက သူများနဲ့မတူ တမူထူးခြားနေခဲ့တာပါ။ အထူးခြားဆုံးကတော့ သူမရဲ့သီချင်းစာသားတွေပါပဲ။ စိတ္တဇဆန်ပြီး ငယ်ရွယ်ပျိုမြစ်မှုတွေနဲ့ တန်ဆာဆင်ကာ အပြင်ပန်းမှာခက်ထန်တယ်လို့ထင်ရပေမယ့် နက်နက်နဲနဲနားထောင်လိုက်တိုင်း သိပ်ကိုနူးညံ့နေတဲ့ခံစားမှုတွေကို သူမရဲ့သီချင်းတွေထဲ မြင်ရပါတယ်။ ဒီအပြင် Billie ရဲ့ မိန်းကလေးမဆန်တဲ့ အူကြောင်ကြောင်လှုပ်ရှားပုံတွေ၊ ဝတ်ပုံစားပုံတွေကြောင့် လူတွေရဲ့အာရုံကို ခဏလေးအတွင်းမှာ ဖမ်းစားနိုင်ခဲ့ပါတယ်။

ဆယ်ကျော်သက်တော်တော်များများရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံနေရပြီး ၉၀ ခုနှစ်ဖွားတော်တော်များများရဲ့လက်ခံအားပေးခြင်းကိုလည်း ရရှိထားသူတစ်ယောက်ပါ။ Shawn Mendes တို့လို လူငယ်အနုပညာရှင်အချင်းချင်းသာမကဘဲ Julia Roberts တို့ မကြာသေူးငခင်ကမှ Billie ရဲ့အောင်မြင်မှုကို ၁၉၉၁ ခုနှစ်တုန်းက Nirvana ရဲ့ အောင်မြင်မှုနဲ့တူတယ်ဆိုပြီး တင်စားခဲ့တဲ့ Dave Grohl တို့လိုမျိုး ဝါရင့်အနုပညာရှင်ကြီးတွေကအစ လက်ခံအားပေးချီးကျူးခြင်းကို ရရှိထားတဲ့ ထူးထူးခြားခြား လော့စ်အိန်ဂျလိစ့်က ချာတိတ်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။

Instagram

Source: NY Times, Daily Mail

Penny

SHARE