အချိန်ဖြုန်းတယ်လို့ ခံစားမိတဲ့အတွက် Comment တွေ မဖတ်ဘူးဆိုတဲ့ Billie Eilish

Instagram/BillieEllish

Grammys ဆုပေးပွဲညက အသက်(၁၈)အရွယ်နဲ့ ထိပ်တန်းအဆိုတော်တွေကို ကျော်ဖြတ်ပြီး ဆုများစွာစံချိန်တင် သိမ်းပိုက်သွားတဲ့ Billie Eilish ဟာ အောင်မြင်မှုနဲ့အတူ တစ်ဖက်မှာလည်း တိုက်ခိုက်ပြောဆိုမှုတွေကို ရင်ဆိုင်ခဲ့ရသူပါ။

ဆုတွေအဲ့လောက်ပေးစရာမလိုဘူး။ သူ့ထက်ကောင်းတဲ့သူတွေရှိတယ် စသဖြင့် hater တွေကပြောဆိုဝေဖန်ခဲ့ကြပြီး၊ Eilish ဟာ  ဒီပြောဆိုမှုတွေနဲ့ကြောင့်လည်း အချိန်တစ်ခုလောက် အင်စတာဂရမ်ကို အသုံးမပြုဘဲ ရပ်ထားခဲ့ပါတယ်။

 

 

View this post on Instagram

 

BRITS😁😁

A post shared by BILLIE EILISH (@billieeilish) on

ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ Eilish က အနုပညာရှင်တိုင်းတိုက်ခိုက်မှုတွေနဲ့မကင်းပါဘူး။ဒါပေမယ့် ကျွန်မဘ၀ကိုဆက်ပြီးလျှောက်လှမ်းနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့်လည်း နှစ်ရက်လောက် အင်စတာဂရမ်ကို ရပ်ထားလိုက်တယ်။ သူတို့ရဲ့ comment တွေကို လုံးဝမဖတ်ဘဲ နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အစဉ်အလာဆိုတာသိပေမယ့် အခုကတော့ တော်တော်လေးဆိုးတယ်။ ဒါပေမယ့် ဂျိမ်းစ်ဘွန်းဆာင်ပုဒ်လို “No Time to Die” ပါပဲ ၊ ဒီ ပြဿနာက တကယ်တော့ရီစရာတစ်ခုပါ။ လူတွေဘာလို့မရပ်သေးတာလဲဆိုတော့ သူတို့ပျော်စရာကောင်းလို့နေမှာပါ။ ဒါတွေကိုအတွေ့အကြုံကောင်းအဖြစ် မှတ်ယူပါတယ်လို့ Eilish က  လန်ဒန်ရဲ့ BRIT Awards ဆုပေးပွဲကို မတက်ရောက်ခင် ဘီဘီစီသတင်းထောက် Louise Minchin ကိုဖြေကြားခဲ့တာပါ။

 

 

View this post on Instagram

 

FIVE ARE YOU KIDDING

A post shared by BILLIE EILISH (@billieeilish) on

Eilish ဟာ ဂရမ်မီဆုပေးပွဲမှာ အဓိကဆုကြီးငါးဆုကို ပိုင်ဆိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အဆိုတော် ဖြစ်လာပြီးနောက်ပိုင်းမှာ  ဆိုရှယ်မီဒီယာအသုံးပြုမှုနဲ့ပတ်သက်ပြီး လိုက်လျောညီထွေမှုရှိအောင် ဝေဖန်မှုတစ်ချို့ကို ခံနိုင်အောင် သူမအနေနဲ့ အတော်လေး ကြိုးစားနေရတာဖြစ်ပါတယ်။

ဒါပေမယ့် Eilish ဟာ ခုလတ်တလောမှာ အောင်မြင်မှုများစွာ ရရှိနေပြီး၊  BRIT Awards ဆုပေးပွဲမှာလည်း INTERNATIONAL FEMALE SOLO ARTIST ဆုကို သိမ်းပိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Khaing

SHARE