သင် သိမှာမဟုတ်သေးတဲ့ ဘီလျံနာသူဌေးတွေရဲ့အကျင့်စရိုက်တွေ

Twitter / AUNews

Become the Millionaire Next Door ဆိုတဲ့ စာအုပ်ကို ရေးသားတဲ့ ဆာရာ ဖဲလိုး ကတော့ အခြားသူတွေနဲ့ ကွဲပြားနေတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ရဲ့ နေထိုင်ပုံ၊ ငယ်ဘ၀အကျင့်စရိုက် စတာတွေကို အခုလိုပဲ ဖော်ပြပေးသွားခဲ့ပါတယ်။ သူက သန်းကြွယ်သူဌေးတော်တော်များများကို အင်တာဗျူး ပြုလုပ်ခဲ့သူ ဖြစ်ပြီး သူတို့ရဲ့ ထူးခြားတဲ့အကျင့်လေးတွေကို ပြန်လည်ဖောက်သည်ချပေးခဲ့တာပါ။

အဲဒါတွေကတော့…..

(၁)။ သူတို့ဟာ မိဘတွေ၊ ဆရာတွေရဲ့စကားကိုနားထောင်သူတွေမဟုတ်ကြဘူး

သန်းကြွယ်သူဌေးဖြစ်လာကြတဲ့သူအများစုဟာ သူတို့ရဲ့ ငယ်ဘ၀မှာ မိဘတွေ၊ ဆရာသမားတွေရဲ့ စကားကို နားထောင်သူတွေ မဟုတ်ကြပါဘူးတဲ့ ။ သူတို့က တခြားသူတွေရဲ့ အမိန့်ကိုငယ်ငယ်ကတည်းက မနာခံတတ်ကြဘူး။ သူတို့အတွက် ချမှတ်ပေးထားတဲ့ စည်းကမ်းမှန်သမျှကိုလည်း တတ်နိုင်သမျှ ချိုးဖောက်တတ်ကြတယ်။ ဒါပေမယ့် သူတို့က ရာဇ၀တ်မှုတွေ ကျူးလွန်ရလောက်တဲ့အထိ စည်းကမ်းချိုးဖောက်တာမျိုးမလုပ်ကြပဲ သူတို့ လက်မခံနိုင်တဲ့အရာတွေကိုသာ ဘ၀ထဲကနေ တိုက်ထုတ်ပစ်ခဲ့တာဖြစ်တယ်လို့ ဆာရာ ဖဲလိုး က ရေးသားခဲ့ပါတယ်။

(၂)။ နေ့စဉ်လုပ်ရမယ့်အရာတွေကို ဂရုမစိုက်တတ်ကြဘူး

READ
အိမ်ရှင်မတိုင်း သိထားသင့်တဲ့ သန့်ရှင်းရေး လျှိုဝှက်နည်းများ

သန်းကြွယ်သူဌေးဖြစ်လာမယ့် သူတွေက နေ့စဉ်လုပ်ရမယ့် အခန်းသန့်ရှင်းရေးတို့ ၊ ချက်တာပြုတ်တာတို့ စတာတွေကို လုပ်ရတာလည်း ၀ါသနာမပါကြဘူး။ တခြားသူတွေက သူတို့ရဲ့ အားလပ်ချိန်ကို ဘယ်လိုမျိုး ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ဖြတ်သန်းကြမလဲလို့ တွေးနေတတ်ကြပေမယ့် သန်းကြွယ်သူဌေး ဖြစ်လာမယ့် သူတွေကတော့ သူတို့ရဲ့အားလပ်ချိန်တွေကို သူတို့အတွက် ဗဟုသုတဖြစ်မယ့် စာတွေဖတ်ရင်း၊ လေ့လာသင်ယူမှုတွေ ပြုလုပ်ရင်းနဲ့ပဲ ကုန်ဆုံးတတ်ကြတယ်။

(၃)။ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ဖြုန်းရတာကိုမကြိုက်ကြဘူး

သာမန်လူတွေရဲ့ဘ၀ကို ဆိုရှယ်မီဒီယာတွေက အချိန်တော်တော်များများ ချုပ်ကိုင်ထားကြပေမယ့် သန်းကြွယ်သူဌေးဖြစ်လာမယ့်သူတွေကတော့ သူတို့ရဲ့အချိန်တွေကို Facebook သုံးတာ၊ တွစ်တာသုံးတာတွေအတွက် အချိန်ပေးလေ့မရှိကြဘူး။ ဆာရာ ရဲ့ တွေ့ရှိချက်အရတော့ ချမ်းသာသူတွေဟာ တစ်ပတ်ကို တစ်နာရီ ၊ နှစ်နာရီလောက်သာ ဆိုရှယ်မီဒီယာတွေသုံးဖို့အချိန်ပေးလေ့ရှိကြပြီး ကျန်တဲ့အချိန်တွေမှာတော့ သူတို့ ၀ါသနာပါတာတွေကိုသာ တစိုက်မက်မက် လုပ်နေတတ်ကြတယ်လို့ ဖော်ပြခဲ့တာပါ။

(၄)။ အကြောင်းမဲ့ ပိုက်ဆံဖြုန်းရတာကို မုန်းကြတယ်

ပိုက်ဆံတွေ သန်းနဲ့ချီပြီး ချမ်းသာနေတာကြောင့် ပိုက်ဆံဖြုန်းရတာကို ကြိုက်ကြလိမ့်မယ်လို့ မထင်ကြပါနဲ့။ တကယ်တမ်း ဘီလီယံနဲ့ချီပြီး ချမ်းသာနေကြသူတွေဟာ ပိုက်ဆံတွေ အကြောင်းမဲ့ ဖြုန်းတီးလိုက်ရတာမျိုးကို မကြိုက်ကြပါဘူး။ သူတို့ ပိုက်ဆံအများကြီး သုံးလိုက်မိတာရှိတယ်ဆိုရင် အဲဒီ သုံးလိုက်တဲ့အတွက် အကြောင်းပြချက် ကောင်းကောင်းရှိလို့ပါပဲ။ သူတို့က ပိုက်ဆံရှာရတာကို သဘောကျပေမယ့် ပိုက်ဆံဖြုန်းရတာမျိုးကိုတော့ မကြိုက်ကြသူတွေပါ။

READ
အိနြေ္ဒကြီးတစ်ခွဲသားနဲ့ တကယ်တမ်းကျတော့ အရမ်းပေါတဲ့ကောင်မလေးတွေဆိုတာ ဒီလိုပါ…

(၅)။ သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျကြသူတွေ

ဘီလျံနာတွေထဲက (၈၇)ရာခိုင်နှုန်းလောက်ဟာ စောစောစီးစီး အိမ်ထောင်ကျခဲ့ကြသူတွေဖြစ်ကြပြီး သူတို့ ဘီလျံနာဖြစ်လာချိန်မှာ အနည်းဆုံး ကလေး(၂)ယောက်နဲ့အထက်မှာ ရှိနေကြပြီလို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။ သူတို့မှာ ကြီးမားတဲ့ မိသားစုရှိကြပြီး သူတို့ရဲ့ အောင်မြင်မှုတွေရဲ့ နောက်ခံအကြောင်းရင်းလို့တောင် ပြောနိုင်ပါတယ်။ သူတို့မအောင်မြင်တဲ့အချိန်မှာ မိသားစုရဲ့ နှစ်သိမ့်မှုတွေ၊ အားပေးမှုတွေနဲ့ အကောင်းဆုံး ကျော်ဖြတ်ခဲ့ကြတာပါတဲ့။

Linn

SHARE