၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့စာတင်ထားတဲ့ သူဌေးကြီး Bloomberg

Twitter - @MikeBloomberg

လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ အနယ်နယ်အရပ်ရပ်မှာဆိုရင်တော့ ၂၀၂၀ ခုနှစ်အတွက် သမ္မတရွေးကောက်ပွဲတွေအတွက် တော်တော်လေးရှုပ်ရှက်ခတ်နေပါပြီ။ လက်ရှိသမ္မတ Donald Trump အပါအဝင် တခြားသောပုဂ္ဂိုလ်များကလည်း သမ္မအဖြစ်ဝင်ရောက်အရွေးခံဖို့ပြင်ဆင်နေခဲ့ကြပါပြီ။

Twitter – @MikeBloomberg

အဲဒီအထဲ Michael Bloomberg လည်းပါဝင်နေခဲ့ပါတယ်။ Michael Bloomberg ကို မသိသေးရင်တော့ အနည်းငယ်ပြောပြချင်ပါတယ်။ အသက် ၇၇ နှစ်ရှိနေပြီဖြစ်တဲ့ Michael Bloomberg ဟာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြုအနေနဲ့ နယူးယောက်ရဲ့ ၁၀၈ ယောက်မြောက် မြို့တော်ဝင်တစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

Bloomberg ဟာ ၁၉၇၃ ခုနှစ်ကတည်းက Wall Street မှာ ကျင်လည်ကျက်စားခဲ့ပြီး မိတ်ဆွေတစ်ယောက်နဲ့ပူးပေါင်းကာ ကုမ္ပဏီထောင်ရင်း ၁၀ မီလီယံဒေါ်လာလောက် တန်ကြေးပေါက်နေခဲ့ပါတယ်။ အဲဒီကရတဲ့ ပိုက်ဆံတွနဲ့ Innovative Market Systems ဆိုတဲ့စီးပွားရေးချိတ်ဆက်မှုကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ အဲဒီနာမည်ကနေမှ သူ့ရဲ့မျိုးရိုးနာမည် Bloomberg လို့ ကုမ္ပဏီကို ပြောင်းလဲခေါ်ဆိုစေခဲ့ပါတယ်။ ဒီလိုကြွယ်ဝတဲ့ပိုင်ဆိုင်မှုတွေနဲ့ လုပ်ငန်းတွကို ဦးဆောင်ရင်း နယူးယောက်ရဲ့ မြို့တော်ဝန်အဖြစ်လည်း ၁၁ ကြာအောင် ထမ်းဆောင်ရင်း နိုင်ငံရေးလောကမှာပါ နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့ပါတော့တယ်။

READ
လေယာဉ်ပေါ်မှာ ဘစ်ကီနီမော်ဒယ်ရှိုး လုပ်ပေးခဲ့တဲ့လေကြောင်းလိုင်း ဝေဖန်ခံနေရ
Twitter – @MikeBloomberg
Twitter – @MikeBloomberg

Forbes မဂ္ဂဇင်းအရ Bloomberg ဟာ ၂၀၁၉ ခုနှစ် မတ်လရဲ့စာရင်းအရ အမေရိကန်ဒေါ်လာ ၅၇.၁ ဘီလီလံ ပိုင်ဆိုင်မှုတန်ကြေးရှိနေပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းထဲ ၉ ယောက်မြောက်နေရာမှာ ရပ်တည်နေခဲ့ပါတယ်တဲ့။

ဒီလိုအချမ်းသာဆုံး ၉ ယောက်မြောက် ပုဂ္ဂိုလ်တစ်ဦးဟာ အမေရိကန်သမ္မတအဖြစ် ဝင်အရွေးခံမယ်ဆိုတဲ့သတင်းကတော့ ပြည်သူတွေအတွက် တော်တော်လေးကို စိတ်လှုပ်ရှားစရာဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း Bloomberg ရဲ့ ပြောရေးဆိုခွင့်ရထားသူတစ်ဦးကတော့ Bloomberg အနေနဲ့ ၂၀၂၀ ခုနှစ်အတွက် သမ္မတရွေးကောက်ပွဲမှာပါဝင်ဖို့ ဆိုတာ စာရွက်စာတမ်းတွေ တင်ထားခဲ့ပေမယ့်လို့ မသေချာသေးပါဘူးတဲ့။ အကယ်၍ ပြိုင်ဖြစ်ခဲ့မယ်ဆိုရင်တော့ အိုင်အိုဝါ၊ နယူးဟမ့်စပီးယားနဲ့ ကယ်ရိုလိုင်းနားတောင်ပိုင်းတို့ကို မဲစွယ်ကြေး ဒေါ်လာသန်း ၁၀၀ အထိ သုံးပြီး ဦးစားပေးမဲစွယ်သွားမယ်လို့ CNBC မှ သိခဲ့ရပါတယ်။

Penny

SHARE