ကျောင်းသား ၄၀၀ ကျော်ရဲ့ ကျောင်းစရိတ် အကြွေးတွေကို ဆပ်ပေးမယ်ဆိုတဲ့ဘီလီလျံနာ

Atlanta ရဲ့ ကော်လိတ်ကျောင်းတစ်ကျောင်းက ကျောင်းဆင်းပွဲတစ်ခုမှာတော့ ဘီလီလျံနာသူဌေးကြီးတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့် စင်အောက်မှာရှိနေတဲ့ ဘွဲ့ယူကျောင်းသားတွေသာမကဘဲ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားမိဘများပါ သိပ်ကိုအံ့အားသင့်ပြီး ဝမ်းသာလွန်းလို့ကျောင်းတစ်ဝန်းလုံးအသံတွေ ဟိန်းတဲ့အထိ လက်ခုတ်လက်ဝါးတီးကာ ပျော်ရွှင်ခဲ့ကြပါတယ်။

Morehouse Collage

Robert F. Smith ဟာ Vista Equity Partners ရဲ့ ဥက္ကတတစ်ဦးဖြစ်ပါတယ်။ ပိုင်ဆိုင်မှုပမာဏကြောင့် သန်းကြွယ်သူဌေးအဆင့်ကို ဝင်နေခဲ့ပြီး သူ့ရဲ့အလှူဒါနထက်သန်လှတဲ့ စိတ်ထားကြောင့်ပဲ ပရဟိတအလုပ်တွေကို အမြဲသစေလုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ (၁၇၆)ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Atalanta ရဲ့ Morehouse ကောလိတ်ရဲ့ ၂၀၁၉ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သူဌေးကြီး Robert F. Smith မိန့်ခွန်းပြောရမယ့်အလှည့်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့မျိုးရိုးဟာ Atalanta မှာ အခြေချနေထိုင်ခဲ့တာဆိုရင် သူ့ရှေ့မှာ မျိုးဆက် ၈ ခုတောင်ရှိနေခဲ့ပြီလို့ အစချီခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီမြေကို ပြန်လည်အကျိုးပြုစေမယ့် လုပ်ရပ်တစ်ခုကို လုပ်ရတော့မယ်လို့ အရင်ဆုံး ပြောခဲ့ပါတယ်။

READ
Catwalkမှာသတိမေ့လဲကျပြီးသေဆုံးခဲ့ပေမယ့် အသက်အာမခံ မရခဲ့ရှာတဲ့မော်ဒယ်မလေး
Morehouse Collage
Morehouse Collage

၂၀၁၉ စာသင်နှစ်ရဲ့ ဘွဲ့ရသူတွေဟာ သူ့ရဲ့အတန်းဖြစ်ပြီး အောက်မှာရှိတဲ့ ကျောင်းသားတွေဲ့ ပညာရေးအကြွးစရိတ်တွေအားလုံးကို သူဌေးကြီးနဲ့ သူ့မိသားစုတို့က ဆပ်ပေးဖို့အတွက် တာဝန်ယူလိုက်ပြီဆိုပြီး ကြေငြာခဲ့ပါတယ်.။ ကြေငြာချက်နဲ့အတူတူပဲ အောက်ကလူအုပ်ကြီးရဲ့ ပျော်ရွှင်ဝမ်းသာမှုအသံတွေကိုလည်း အုပ်အောသောင်းနင်းကြားခဲ့ရပါတယ်။

လူမည်းတက္ကသိုလ်ဖြစ်တာနဲ့အညီ လေ့လာစမ်းစစ်မှုတွေအရ လူလတ်တန်းစားလူမည်းပတ်ဝန်းကျင်မှာ ဘွဲ့ရအမျိုးသားတစ်ယောက်ဟာ ပညာရေးကုန်ကျစရိတ်အကြွေးတအေတွက် သူတို့ဘဝရဲ့ အသက် ၃၀ ပိုင်းခြားရောက်သည်ထိတိုင်အောင် လစာမြင့်အလုပ်နေရာမှာ ရနေသည့်တိုင်အောင် အကြွေးကျေအောင် ဆပ်နိုင်လေ့မရှိကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း စီးပွားရေးနယ်ပယ်မှာ လူမည်းတွေရဲ့ အောင်မြင်ဖြစ်ထွန်းခြင်းကို သိပ်မမြင်တွေ့ရဘဲ တခြားလူမျိုးတွေနဲ့ယှဉ်ရင် ၂၅% တောင် ကွာခြားနေလျက်ရှိပါတယ်။

ဘွဲ့ရကျောင်းသားအယောက်ပေါင်း ၄၃၀ ရှိပြီး သူတို့တွေတင်နေတဲ့ ပညာရေးအကြွေးစရိတ်ကတော့ ဒေါ်လာ သန်း ၄၀ တောင်ရှိနေပါတယ်။

Morehouse Collage

Source: CNN

Penny

SHARE