ဘွဲ့ရကျောင်းသားတွေရဲ့ပညာရေးအကြွေးဆပ်ပေးခဲ့သူ ဘီလီလျံနာရဲ့ဘဝအကြောင်း

Facebook

ပြီးခဲ့တဲ့ရက်တုန်းက Atalanta မှ Morehouse ကောလိတ်ရဲ့ ၂၀၁၉ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သူဌေးကြီး Robert F. Smith ကနေပြီး ယခုဘွဲ့ယူနေတဲ့ ၂၀၁၉ ခုနှစ်အတန်းက ကျောင်းသားပေါင်း အယောက် ၄၃၀ တင်နေတဲ့ ပညာရေးအကြွေးငွေ ဒေါ်လာသိန်း ၄၀ ကျော်ကို သူကိုယ်တိုင်ဆပ်ပေးတော့မယ်ဆိုပြီး ကြေငြာခဲ့ရာ လူတိုင်းလူတိုင်းအံ့သြနပမ်းကြီးစွာဖြစ်ခဲ့ရပါတယ်။ Shwemom မှ အဲဒီအကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ (နှိပ်၍ဖတ်ရန်)

တခြားသောလူရှင်ရှင်ကြား သန်းကြွယ်သူဌေးကြီးတွေနဲ့ယှဉ်ရင်တော့ Robert F. Smith ဟာ သိုသိုသိပ်သိပ်နေတတ်ပြီး လူရှေ့လည်း သိပ်ထွက်တတ်တဲ့လူမျိုးမဟုတ်တော့ သူ့အကြောင်းတောင် မသိကြတဲ့လူတွေ အများကြီးရှိလို့နေပါတယ်။ ဒါကြောင့် အခုလိုမျိုး အလှူအတန်းရက်ရက်ရောရောပြုသွားခဲ့တဲ့ သန်းကြွယ်သူဌေးကြီး Robert F. Smith ရဲ့ ဘဝဇာတ်ကြောင်းလေးကို အတိုချုံးကာ ဖော်ပြပေးချင်ပါတယ်။

Morehouse

လူငယ်ဘဝနဲ့ သန်းကြွယ်သူဌေးခြေလှမ်းအစ

Robert F. Smith ရဲ့ Forbes မှ ထုတ်ပြန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုပြ စာရင်းထဲ ဒေါ်လာ၅သန်းရှိကြောင်း သိရပါတယ်။ Vista Equity Partners ဆိုတဲ့ ပုဂ္ဂလိဂရှယ်ယာလုပ်ငန်းစုကြီးကို ၂၀၀၀ ခုနှစ်က တည်ထောင်ခဲ့ပြီး လုပ်ငန်းအနေနဲ့ ဆော့ဖ်ဝဲကုမ္ပဏီအများစုမှာ ရှယ်ယာတွေ လိုက်လံရင်းနှီးမြှုပ်နှံထားပါတယ်။ Vista လုပ်ငန်းစုဟာ ကမ္ဘာ့ဆော့ဖ်ဝဲ ရင်းနှီးမြှုပ်နှံမှုလောကထဲမှာတော့ တကယ့ိကု ဆရာတစ်စူလို့ဆိုရမှာပါပဲ။ ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာတန်ဖိုးချည်းပဲ ကုမ္ပဏီပေါင်း ၅၀ ကျော်လောက်မှာ  ဒေါ်လာ ၄၆ သန်းလောက်ရှိနေပြီး တစ်ကမ္ဘာလုံးမှာ ဝန်ထမ်းပေါင်း ၆ သောင်းကျော်ရှိနေတယ်လို့ လုပ်ငန်းစုရဲ့ ဝဘ်ဆိုက်အရ လေ့လာမိခဲ့ပါတယ်။

READ
ရှားပါးလိပ်မျိုးစိတ် ပျောက်ကွယ်မသွားဖို့ စောင့်ရှောက်နိုင်ခဲ့တဲ့ လိပ်ကြီး

ဒီလိုသန်းကြွယ်သူဌေးကြီးဘဝမရောက်ခင် Robert F. Smith ရဲ့ ဘဝကို ပုံဖော်ပြပါဆိုရင်တော့ သာမန်လူငယ်တွေလိုပဲ တစ်ရွာမကောင်းသူကောင်းမဖြစ်ဆိုတဲ့စကားအတိုင်း ကော်လိုရာဒိုမှ ကော်နဲလ်သို့ ဒီဂရီတစ်ခုရဖို့အတွက် ပြောင်းရွှေ့ကာ စာသင်ကြားခဲ့ရပါတယ်။ Chemical Engineering နဲ့ BS ဘွဲ့ရရှိခဲ့ပြီး ကိုလမ်ဘီယာစီးပွားရေးကျောင်းမှာ MBA ဘွဲ့ရဖို့အတွက် ဆက်လက်ပညာဆည်းပူးခဲ့ပါတယ်။ နောက်မှာတော့ Kraft General Foods လုပ်လန်းစုနဲ့ Goldman Sachs တို့မှာ ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်မှာတော့ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုလေးကို တည်ထောင်ခဲ့တာပါ။

LindedIn

Robert F. Smith နဲ့ အံ့သြလောက်ဖွယ်ရာ ပရဟိတလုပ်ငန်းများ

ပရဟိတလုပ်ငန်းတွေကို ပြောရမယ်ဆိုရင်တော့ ဒီတစ်ခေါက် ပညာဒါနလုပ်ခဲ့တဲ့ Morehouse ကောလိတ်က ပထမဆုံးလို့ ဆိုလို့မရပါဘူး။ ၂၀၁၇ ခုနှစ်တုန်က Robert F. Smith ဟာ တခြားသော သန်းကြွယ်သူဌေးတွေဖြစ်ကြတဲ့ Bill Gate နဲ့ဇနီးသည် Melinda, Warren Buffett တို့နဲ့အတူတူ Giving Pledge ဆိုတဲ့ ပရဟိတအဖွဲ့အစည်းမှာ ပါဝင်ဖို့အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီပရဟိတအဖွဲ့အစည်းမှာ လက်မှတ်ထိုးထားသူမှန်သမျှဟာ သူတို့ စီးပွားမပျက်သ၍ လိုအပ်တဲ့နေရာတွေမှာ နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်းအလှူဒါနပြုလုပ်ပေးရမှာပါ။ The Giving Pledge မှာ လက်မှတ်ထိုးလှူဒါန်းခဲ့တဲ့ ပထမဆုံးသော အာဖရိကန်အနွယ်ဖွားအမေရိကန်ဟာ Robert F. Smith ဖြစ်ခဲ့ပါတယ်။

READ
ကမ္ဘာမြေကြီးရဲ့ ပထမဆုံးရောင်စုံဓာတ်ပုံ (Earthrise 1968)

ဒီအပြင် ဒီဒေါ်လာသိန်း၄၀တန် ပညာရေးဒါနမတိုင်ခင် မကြာသေးခင်မှာပဲ အာဖရိကန်အမေရိကန်အမျိုးသားသီးသန့်ကောလိတ်အတွက် ဒေါ်လာတစ်သိန်းခွဲကိုလည်း အထွေထွေအသုံးစရိတ်အဖြစ် လှူဒါန်းခဲ့ပါသေးတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း Robert F. Smith ဟာ ဝါရှင်တန်မှာရှိတဲ့ အာဖရိကန်အမေရိကန်အမျိုးသားသမိုင်းပြတိုက်ကို ဒေါ်လာ သိန်း ၂၀ လှူဒါန်းဖူးခဲ့ပြီး Cornell Chemical and Biomolecular Engineering ကျောင်းကိုလည်း ဒေါ်လာ သိန်း ၅၀ ပေးခဲ့ပါသေးတယ်။ Fund II Foundation ပရဟိတအဖွဲ့အစည်းရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူနေပြီး လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စကားပြောဝိုင်းတွေ၊ ဂီတအထူးပြုပညာရပ်တွေနဲ့ စွန့်ဦးတည်ထွင်လုပ်ငန်း၊ လုပ်ပိုင်ခွင့်၊ တီထွင်မှုလုပ်ငန်းတွေ၊ လုံခြုံရေးလုပ်ငန်းတွေကိုလည်း အားပေးအားမြှောက်ပြုနေသူတစ်ယောက်ပါ။

Facebook

Playboy မောဒယ်ဟောင်းနဲ့ လက်ထပ်ထားတဲ့ Robert F. Smith

အိမ်ထောင်နှစ်ဆက်ရှိပြီး ပထမအိမ်ထောင်နဲ့ကတော့ သားနှစ်ယောက်ထွန်းကားကာ ၂၀၁၅ ခုနှစ်ကတည်းက လက်ရှိအထိ Hope Dworaczyk Smith ဆိုသူ Playboy မော်ဒယ်ဟောင်းနဲ့ လက်ထက်ထားခဲ့ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဦးဆောင်နေပါတယ်။

Anna Webber

Source: Times

Penny

SHARE