ကိုဗစ်ကာလ အတွင်း အကြီးအကျယ် ချမ်းသာလာကြတဲ့ ဘီလီယံနာကြီးများ

Image:IG/Bezos/ Zuckerberg/Elon Musk

ကိုဗစ်စတင်တဲ့ ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ စီးပွားရေးထိခိုက်ပျက်စီးခဲ့ရတဲ့ သူတွေ ရှိသလို အမေရိကန် ဘီလီယံနာ တစ်ချို့က တော့ ဒေါ်လာ (၁)ထရီလီယံ လောက် တိုးပွားလာခဲ့တယ်လို့ လေ့လာစမ်းစစ်မှု တစ်ခု မှာ ဖော်ပြထား ပါတယ်။ဘီလီယံ နာ အယောက် ၆၅၀ က တော့ မတ် ၁၈ (၂၀၂၀ )က နေ နိုဝင်ဘာ ၂၄ (၂၀၂၀) ကာလ အတွင်းမှာ $1.008 ထရီလီယံ လောက် ပိုင်ဆိုင်မှု တွေ တိုးပွားလာခဲ့ပါတယ်။အားလုံးစုစုပေါင်းရင် (၄)ထရီလီယံ နီး ပါး လောက် ရှိပါတယ်။အဲ့ဒီအထဲမှာမှ ဘီလီယံနာ (၂၉) ယောက်က တော့ မတ်လ က စပြီး သူတို့ရဲ့ ပိုင်ဆိုင်မှု နှစ်ဆ တိုး ခဲ့ ကာ၊(၃၆)ယောက်ကတော့ ဘီလီယံ နာ စာရင်းမှာ ထပ်တိုးလာခဲ့ ကြတဲ့ သူတွေပါ။ဒီအကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by Jeff Bezos (@jeffbezos)

Institute for Policy Studies (IPS) ရဲ့ ဖော်ပြချက်အရ ဆိုရင် Amazon ရဲ့ CEO  Bezos ဆိုရင် မတ်လ လယ်ပိုင်းလောက်က စပြီး သူ့ရဲ့ ကြွယ်ဝ မှု က  အမေရိကန် ဒေါ်လာ (၇၀)ဘီလီယံ လောက် တိုးလာခဲ့ပါတယ်။ Amazon  ကုမ္ပဏီ ၀န်ထမ်း နှစ်သောင်း ကိုဗစ် ကူးစက်ခံ ခဲ့ရပါတယ်။ကိုဗစ်ကာလ အတွင်း နောက်ထပ် အကြီးအကျယ် ကြီးပွားလာသူ တွေ ထဲမှာတော့ Elon Musk လည်း ပါဝင်ပါတယ်။ သူက တော့ ကိုဗစ် ကူးစက်မှု စတင် ချိန် က စပြီး ဒေါ်လာ (၁၀၀)ဘီလီယံ ကျော် လောက် တိုးပွားလာခဲ့ပါတယ်။မတ် ၁၈ တုန်းက $24.6 ပိုင်ဆိုင်မှု ရှိခဲ့ရာ က နေ နိုဝင်ဘာ ၂၄ မှာတော့ $126 အထိ တိုး ပွားသွားခဲ့ပါတယ်။413 ရာခိုင်နှုန်းတိုး ပွားလာတာ ဖြစ်ပြီး သူ့ရဲ့ Tesla stock ရှယ်ယာ အရေ အတွက် ကို လည်း တိုးပွားလာအောင် အထောက်အကူ ဖြစ်စေ ခဲ့ပါတယ်။အခုဆိုရင် တော့ Elon Musk  ရဲ့ ချမ်းသာကြွယ်ဝ မှုက Bill Gates ကို တော် မှ ကျော် တက် သွားပါပြီ။

 

View this post on Instagram

 

A post shared by @elonmusk

 

View this post on Instagram

 

A post shared by @elonmusk

နောက်တစ်ယောက်ကတော့ Mark Zuckerberg ဖြစ်ပြီး $47.8  တိုးလာခဲ့ပါတယ်။မတ် ၁၈ တုန်းက ($54.7 ) ဘီလီယံ ရှိခဲ့ရာ နိုဝင်ဘာ ၁၇ မှာတော့ ($102.4) အထိ (၈၇)ရာခိုင်နှုန်း တိုးပွားလာခဲ့ပါတယ်။ကြီးပွားသွားတဲ့ သူတွေ ထဲမှာ Quicken Loans ရဲ့ Chairman တစ်ယောက် ဖြစ်သလို Co-Founder ဖြစ်တဲ့ Dan Gilbert လည်း ပါပါတယ်။သူ က တော့ လွန်ခဲ့တဲ့ လအနည်းငယ်က မှ တိုးပွားလာတာပါ။$37 ဘီလီယံ လောက် အရင်ထက်ပိုများလာခဲ့တာ ဖြစ်ပြီး မတ် တုန်းက $6.5  ဘီလီယံ နိုဝင်ဘာ ၂၄ မှာတော့ ($43.9) ဘီလီယံ အထိ ချမ်းသာ သွားခဲ့တာပါ။

 

View this post on Instagram

 

A post shared by Mark Zuckerberg (@zuck)

Zoom ရဲ့  CEO Eric Yuan ပါ။ ရုံး တွေ ပိတ်ပြီး Work From Home တွေ ဖြစ်သွားတဲ့ အချိန်မှာ Zoom အသုံးပြု သူ အရေ အတွက် တဟုန်ထိုး မြင့်တက်သွားခဲ့ ပါတယ်။(၂၀၁၉) တုန်းကတောင် ဘီလီယံ နာ စာရင်း မ၀င် နိုင်ခဲ့သေးတဲ့ ဘ၀ ကေ န ၂၀၂၀ မှာတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝ မှုက အမေရိကန် ဒေါ်လာ (၁၇)ဘီလီယံ ကျော် အထိ ရှိသွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Eric Yuan (@zoom_meeting_)

Steve Ballmer က တော့  Microsoft နဲ့ TEAMS video conferencing ရဲ့ ပိုင်ဆိုင်သူ တစ်ယောက်ပါ။သူကတော့ ($21) ဘီလီယံ တိုးလာခဲ့ပါတယ်။သူကလည်း Work From Home တွေ တိုးလာတဲ့ အတွက် ကြောင့် အခုလို ပို ချမ်းသာ သွား တာပါ။ပိုချမ်းသာလာတဲ့ ဘီလီယံ နာတွေ ထဲမှာ Bezos, Tyson Food ရဲ့ John Tyson, Walmart  ရဲ့ ပိုင်ရှင် တွေ ဖြစ်တဲ့ Walton Family, Target ရဲ့ Brian Cornell၊ Instacart ရဲ့ Apoorva Mehta တို့ လည်း ပါဝင်ပါတယ်။သူတို့ရဲ့ ချမ်းသာ ကြွယ်ဝမှုတွေ က တော့ ကိုဗစ် ကာလ အတွင်း အန္တရာယ်တွေကြားက ကြိုးစား အလုပ်ပေးခဲ့ကြတဲ့ ၀န်ထမ်း တွေ ကြောင့် ရလာတဲ့ အသီးအပွင့်တွေ လို့ ပြောလို့ လည်း ရပါတယ်။

READ
ဘူတန်ဘုရင်ရဲ့ မွေးကင်းစ ဒုတိယသားတော်လေးရဲ့ပုံတွေကို ပထမဆုံးအကြိမ် ထုတ်ပြ

#SHWEMOM

SHARE