ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း နည်းပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ လုပ်ငန်းရှင်ဘီလျံနာတွေဟာ ပိုပြီးချမ်းသာကြွယ်ဝလာတယ်လို့ time အွန်လိုင်းစာမျက်နှာအရ သိရပါတယ်။ ကိုဗစ်ဟာ အခြားသောလုပ်ငန်းတွေက ချမ်းသာတဲ့သူဌေးကြီးတွေကို ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့ပေမယ့် နည်းပညာဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေကိုတော့ အမြတ်အစွန်းများစွာ ရရှိစေခဲ့ကြောင်း UBS Group AG နဲ့ PricewaterhouseCoopers တို့က ဆိုပါတယ်။
စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးကဏ္ဍထဲမှာ ဖန်တီးမှုအားကောင်းကောင်းနဲ့ လုပ်ကိုင်နေတဲ့ နည်းပညာရှင်တွေဟာ တရိပ်ရိပ်ချမ်းသာနေတုန်းပဲလို့ ၂၀၂၀ Billionaires Insights မှတ်တမ်းက ပြောပါတယ်။ ဖျော်ဖြေရေးလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ကုန်မာလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေကတော့ နောက်ကျကျန်နေပြီလို့ သိရပါတယ်။
ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းနေပေမယ့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီး အယောက် ၅၀၀ ကတော့ နှစ်စပိုင်းကထက်စာရင် လက်ရှိမှာ ဘီလီယံဒေါ်လာ ၈၁၃သန်း ထပ်တိုးချမ်းသာလာတယ်လို့ Bloomberg Billionaires Index ကဆိုပါတယ်။
ဘီလီယံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုဟာ ၂၀၁၇ခုနှစ်အဆုံးမှာ ဒေါ်လာ ၈.၉ ထရီလီယံတန်ဖိုးရှိရာက အခု ဇူလိုင်လမှာတော့ ဒေါ်လာ၁၀.၂ ထရီလီယံအထိ ထိုးတက်သွားခဲ့ကြောင်း သိရပါတယ်။ ဝင်ငွေအများဆုံးဝင်လာတဲ့ ကဏ္ဍတွေကတော့ ဖော်ပြပြီးခဲ့တဲ့အတိုင်း နည်းပညာနဲ့ ကျန်းမာရေးကဏ္ဍာတွေကဖြစ်ပြီး ၄၃% နဲ့ ၅၀% အသီးသီးတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဖျော်ဖြေရေး၊ ကုန်မာပစ္စည်း၊ အိမ်ခြံမြေနဲ့ ဘဏ္ဍာရေးတွေကတော့ ၁၀ရာခိုင်နှုန်း သို့မဟုတ် ၁၀ရာခိုင်နှုန်းအောက် ကျဆင်းသွားကြပါတယ်။
https://www.instagram.com/p/CEhL3V4BtMe/?utm_source=ig_web_copy_link
ကမ္ဘာကျော်နည်းပညာလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ အမေဇုံစီအီးအို ဂျက်ဇ်ဘီဇိုနဲ့ တယ်လ်ဆာစီအီးအို အီလွန်မတ်စ်တို့ကတော့ ၂၀၂၀ခုနှစ်ထဲမှာ သူတို့ရဲ့အသားတင်အမြတ်တန်ဖိုးထဲကို စုစုပေါင်း ဘီလီယံဒေါ်လာသန်း၆၀ ကျော်ထပ်ပေါင်းထည့်တာတွေ့ရတယ်လို့ Bloomberg index မှတ်တမ်းကဆိုပါတယ်။ ဒီကပ်ရောဂါပြီးသွားတာနဲ့ နောင်လာမယ့် နည်းပညာရှင်မျိုးဆက်ဟာ အားလုံးကိုဒီဂျစ်တယ်စနစ်နဲ့လုပ်ကိုင်ပြီး စီးပွားရေးအသွင်ပြောင်းလဲမှု အသစ်တွေလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ရကြောင်းလည်း အဆိုပါမှတ်တမ်းက သုံးသပ်ခဲ့ပါတယ်။
လင်းလင်း (ShweMom)