တက္ကသိုလ်က ဘွဲ့မရခဲ့ပေမယ့် စီးပွားရေးမှာ ထူးချွန်လွန်းတဲ့ ဘီလီယံနာ သူဌေးကြီးများ

[email protected] [email protected]

လူတော်တော်များများဟာ ပညာတတ်၊ ဘွဲ့ရကြီးဖြစ်မှ သူဌေးကြီး ဖြစ်မယ်ထင်နေကြပါတယ်။ ဒါပေမယ့် ဒီလိုအစွဲတွေကြားထဲက ရုန်းထွက်နိုင်ပြခဲ့တာကတော့ လူသိများတဲ့ Bill Gates, Mark Zuckerberg, Steve Jobs အစရှိတဲ့ ကမ္ဘာကျော်သူဌေးကြီးတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ချမ်းသာဖို့ဆိုတာ ဘွဲ့တွေ၊ပညာရေးတွေက အဲဒီလောက်အရေးမကြီးပါဘူး။ ဘွဲ့ရသွားတာနဲ့လည်း သူဌေးကြီးမဖြစ်နိုင်သလို သူဌေးတွေကပဲ အဲဒီဘွဲ့ရပညာတတ်တွေကို လစာပေးပြီး လုပ်ငန်းခွင်မှာ ခိုင်းနေတာပါပဲ။ အခုပြောချင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘွဲ့မရ၊ ကျောင်းမပြီးသေးပေမယ့်လည်း ဘီလီယံနာ သူဌေးကြီးတွေ ဖြစ်ခဲ့ကြတဲ့ လူတွေပါပဲ။

Ted Turner

Ted ဟာ ငယ်စဉ်တုန်းက Brown University မှာ ကျောင်းတက်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့အခန်းထဲမှာ ကျောင်းသူတစ်ယောက်နဲ့ လက်ပူးလက်ကျပ်မိပြီး ကျောင်းထုတ်ခံခဲ့ရပါတယ်။ ကျောင်းထုတ်ခံရသော်လည်း Ted ဟာ စိတ်မလေပဲ သူ့အဖေရဲ့ ကြော်ငြာလုပ်ငန်းမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီ 90’s ခေတ်တွေမှာတော့ Billboard ကြော်ငြာလုပ်ငန်းဟာ ဝင်ငွေအကောင်းဆုံး စီပွားရေးလုပ်ငန်း ဖြစ်ခဲ့ပါတယ်။

READ
မိခင်ကို ရင်းဂစ်(၁)သောင်း လက်ဆောင်ပေးပြီး အံ့သြစေခဲ့တဲ့ (၁၉)နှစ်အရွယ် မိန်းကလေး

Richard Li

Wikimedia Commons

ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဌေးကြီးတစ်ဦးဖြစ်တဲ့ Li Ka-shing ရဲ့ သားဖြစ်သူ Richard Li ဟာ PPCW ကုမ္ပဏီရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို Hong Kong Telecom နဲ့ Pacific Century Group ရဲ့ chairman တစ်ယောက်လဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Richard ဟာ သူ့ရဲပညာရေးကိစ္စနဲ့ ပတ်သတ်ပြီး အငြင်းပွားလျက်ရှပါတယ်။ အကြောင်းအရင်းကတော့ Richard ဟာ သူဟာ ဘယ်တက္ကသိုလ်မှ မတက်ခဲ့ဖူးတဲ့အကြောင်း အင်တာဗျူးတွေမှာ ပြောဖူးပေမယ့် သူ့ကုမ္ပဏီရဲ့ online resume မှာတော့ Richard ဟာ Stanford တက္ကသိုလ်က ဘွဲ့ရထားကြောင်း ဖော်ပြထားလို့ပဲ ဖြစ်ပါတယ်။

Ralph Lauren

Wikimedia Commons

Polo Fashion ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ Ralph Lauren ဟာ ငယ်စဉ်တုန်းက Baruch College တက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒုတိယနှစ်မှာပဲ စာမေးပွဲကျခဲ့ပြီး လည်စည်းကုမ္ပဏီတစ်ခုမှာ အရောင်းသမားအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၆၈ ခုနှစ်မှာတော့ Ralph ဟာ Polo Fashion ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အခုဆိုရင်တော့ Polo ဟာ ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်နေပါပြီ။ Ralph ရဲက ပိုင်ဆိုင်မှုကတော့ ယခုအချိန်ထိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရှိကြောင်း သိရပါတယ်။

Bill Gates

သူဌေးကြီး Bill Gates ကတော့ လူတိုင်းသိကြမှာပါ။ ငယ်စဉ်ကလေးဘဝကတည်းက သင်္ချာဘာသာရပ်မှာ တစ်ဖက်ကမ်းခပ်အောင် တော်လွန်းတဲ့အပြင် ၈ တန်းကျောင်းသားအရွယ်နဲ့ ကွန်ပျူတာ ပရိုဂရမ်ကို ပထမဦးဆုံးရေးဆွဲခဲ့တဲ့ ပညာရှင်ပဲ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းက ကျောင်းထွက်ခဲ့ပီး  software တွေရေးဆွဲကာ အချိန်ကုန်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန် ဒီသက်ရှိ ကမ္ဘာမြေကြီးပေါ်က ဒုတ်ယမြောက် အချမ်းသာဆုံးလူအဖြစ် မှတ်တမ်းဝင်ထားပြီး ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ရှိပါတယ်။

READ
အသက် (၂၇) နှစ်နဲ့ ကမ္ဘာ့နိုင်ငံအများဆုံးလည်ပတ်နိုင်သူ ဖြစ်သွားခဲ့တဲ့ အမျိုးသမီး

Steve Jobs

https://www.instagram.com/p/B4Ox45ygaT2/

Apple ကုမ္ပဏီရဲ့ Founder တစ်ဦးဖြစ်တဲ့ Steve Jobs ကိုတော့ တော်တော်များများ သိကြမှာပါ။ Steve ဟာ ငယ်စဉ်က Reed College မှာ တက်ရောက်နေပြီး စာမေးပွဲကြီးတစ်ခုမှာ ကျခဲ့တဲ့အတွက်ကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ ဒါ့အပြင် Steve ဟာ ကျောင်းမှာ မကြာခဏအိပ်နေလေ့ရှိသူတစ်ယောက်ဖြစ်ပြီး အတန်းတော်တော်များများကိုလည်း တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် သူမကွယ်လွန်ခင် အချိန်အထိ သူ့ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရှိခဲ့ပါတယ်။

Pyi Hein Kyaw

SHARE