အထက်တန်းကျောင်းတောင် မအောင်မြင်ခဲ့တဲ့ ကမ္ဘာကျော် ဘီလျံနာကြီးများ

နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံမှာ ကျောင်းသူကျောင်းသားပေါင်း (၁.၃) သန်းကျော်တို့ဟာ အထက်တန်းကျောင်းကနေ ကျောင်းထွက်ကြပါတယ်။ တကယ်တော့ သန်းကြွယ်သူဌေးကြီးဖြစ်ဖို့ဆိုတာက အထက်တန်းကျောင်း အောင်မအောင်နဲ့ မသက်ဆိုင်ပါဘူး။ အထက်တန်းတောင် မပြီးပေမယ့် ကမ္ဘာကျော်ဘီလျံနာကြီးတွေဖြစ်နေတဲ့သူတွေလည်း ရှိနေသေးတာကို entrepreneur အရသိရပါတယ်။

John D. Rockefeller

Shutterstock/Everett Historical

အမေရိကန်က အချမ်းသာဆုံး သူဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ ရေနံကုမ္ပဏီကြီးရဲ့ ပိုင်ရှင်လည်းဖြစ်ပြီး ယနေ့ခေတ်အနေအထားနဲ့ဆိုရင် ဘီလီယံဒေါ်လာ(၃၄၀) လောက်ချမ်းသာကြွယ်ဝါတယ်။ Rockefeller ဟာ ပညာရေး တစ်ပိုင်းတစ်စနဲ့ အသက်(၁၆)နှစ်မှာပဲ လုပ်ငန်းခွင်ထဲ ၀င်ခဲ့တာ ဖြစ်ပါတယ်။

Henry Ford

Shutterstock/Sergey Goryachev

Ford ဟာ အသက်(၁၆)နှစ်အရွယ်မှာပဲ မိသားစုကို စွန့်ခွာခဲ့ပါတယ်။ စက်ဆိုင်တစ်ဆိုင်မှာ အလုပ်သင်အနေနဲ့ပညာသင်ယူခဲ့ပြီး နောက်ပိုင်း Edison Illuminating ကုမ္ပဏီမှာ အကြီးတန်းအင်ဂျင်နီယာတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဖို့ဒ်ဟာ သူ့ရဲ့ ပထမဆုံးကားကို (၁၈၉၆) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး မော်တော်ယာဉ်လောကကို တခေတ်ဆန်းစေခဲ့ပါတယ်။ Ford ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဘီလီယံဒေါ်လာ(၁၉၉) ရှိတယ်လို့ သိရပါတယ်။

READ
ငြိမ်းချမ်းရေးဗိသုကာကြီးမဟတ္တမဂန္ဓီရဲ့ မှတ်သားဖွယ်စကား(၁၀)ခွန်း

Amancio Ortega

Shutterstock/Imaxe Press

အသက်(၁၄) နှစ်အရွယ်မှာ အမန်စီယို အော်တီဂါဟာ ကျောင်းကနေထွက်ပြီး ဒေသဆိုင်လေးတွေမှာ လက်တိုလက်တောင်း လုပ်ပေးခဲ့သူပါ။ (၁၉၇၅)မှာတော့ Zara အမည်ရတဲ့ ဖက်ရှင်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ပြီး  ထိုစဉ်ကတည်းကစလို့ ဖက်ရှင်လောကမှာ အရှင်သခင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ အော်တီဂါဟာ စပိန်နိုင်ငံထဲမှာတော့ အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပြီး ကြွယ်ဝမှုပေါင်း ဘီလီယံဒေါ်လာပေါင်း (၇၄) ရှိပါတယ်။

Kirk Kerkorian

Shutterstock/Kathy Hutchins

သူဟာ (၈) တန်းအရောက်မှာ ကျောင်းထွက်ခဲ့ပါတယ်။ အပျော်တမ်းလက်ဝှေ့ထိုးသမားလည်းဖြစ်၊ ဒုတိယကမ္ဘာစစ်တွင်းက လေယာဉ်မှုးလည်း ဖြစ်ပါတယ်။ (၁၉၆၂) ခုနှစ်မှာတော့ သူဟာ လက်စ်ဗီးဂက်စ်မှာ မြေနေရာတစ်နေရာ ၀ယ်လိုက်ပါတယ်။ နောက်ထပ်(၇) နှစ်ကြာတဲ့အခါမှာတော့ MGM Grand ကို ဖွင့်လှစ်ခဲ့ပါတယ်။ သူကွယ်လွန်တဲ့အချိန်မှာ Kerkoirian ဟာ ဘီလီယံဒေါ်လာ(၄) သန်း ကြွယ်ဝလျက်ရှိနေပါပြီ။

Francois Pinault

Shutterstock/ Frederic Legrand – COMEO

ပြင်သစ်နိုင်ငံထဲက ငါးဦးမြောက် အချမ်းသာဆုံးလူဖြစ်ပါတယ်။ Gucci, Christie’s auctioneers, Samsonite, Puma တို့ကို ပိုင်ဆိုင်ပါတယ်။ သူဟာ (၁၉၄၇) ခုနှစ်မှာ  ပုဂ္ဂိလိကကျောင်းကနေ ထွက်ခဲ့ပါတယ်။ Pinault ရဲ့ အတန်းဖော်တွေက သူဆင်းရဲမွဲတေလွန်းလို့ဆိုပြီး အမြဲစနောက်ခဲ့ ကြပါတယ်။ Pinault ဟာ ယနေ့ဆိုရင် (၁၃) ဘီလီယံဒေါ်လာကြွယ်ဝတဲ့ စီးပွားရေးသမားကြီးဖြစ်နေပါပြီ။

READ
နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ CEWE ဓာတ်ပုံပြိုင်ပွဲမှ ရင်သတ်ရှုမောဖွယ်ရာဆုရဓာတ်ပုံများ

လင်းလင်း (Shwemom)

SHARE