မူးပြီးမောင်းခဲ့ပေမယ့် ဒဏ်ကြေး ဒေါ်လာ4.9သန်း ရှောင်လွှဲနိုင်ခဲ့တဲ့ ဘီလျံနာမလေး

ကမ္ဘာ့ဒုတိယအသက်ငယ်ဆုံး ဘီလျံနာမလေးအဖြစ် သတ်မှတ်ခံထားရတဲ့ အသက်(၂၂)နှစ်အရွယ် နော်ဝေနိုင်ငံသူ၊ Katharina Andresen ဟာ ကားကို အရက်သေစာ သောက်စားမောင်းနှင်ခဲ့တဲ့အတွက် ပေါင် 23000 ဒဏ်ကြေး ပေးဆောင်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒီငွေပမာဏကလည်း အလွန်များပြားတဲ့ ငွေပမာဏပါ။

Andresen With Dad and Sin

နော်ဝေနိုင်ငံရဲ့ ဥပဒေအရ ယာဉ်စည်းကမ်းချိုးဖောက်သူတွေရဲ့ ဒဏ်ငွေဆောင်ရတဲ့ ပမာဏက တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ ဝင်ငွေမြင့်မားတဲ့သူတွေဟာ သူတို့ဝင်ငွေရဲ့ အချိုးအစားပေါ်မူတည်ပြီး ဒဏ်ငွေပေးဆောင်ရပါတယ်။ တကယ်ဆိုရင် Andresen အနေနဲ့ ဒေါ်လာ (4.9)သန်း ဆောင်ရမယ့် အနေအထားပါ။

သို့ပေမယ့် သူမဟာ ဘီလျံနာဟုသာ အမည်တပ်ခံထားပြီး၊ ကိုယ်ပိုင်ဝင်ငွေ လက်ဆုပ်လက်ကိုင် ပြစရာ မရှိပါဘူး။ ဒီအချက်က သူမအတွက် ဥပဒေအရ ခြွင်းချက်ကို ဖြစ်စေခဲ့ပါတယ်။ ဒီပမာဏသာ ဒဏ်ကြေးပေးဆောင်ရပါက အလွန်များပြားလှတဲ့ ငွေပမာဏမို့ စံချိန်တင် ဒဏ်ကြေးပေးဆောင်ရမှုတောင် ဖြစ်သွားနိုင်ပါတယ်။ ဒီပြစ်မှုကြောင့် Andresen ဟာ လိုင်စင် (၁၃)လ သိမ်းဆည်းခံခဲ့ရပါတယ်။

READ
သတို့သားကို ယွမ်(၅)သန်းနဲ့ တင်တောင်းခဲ့တဲ့ လက်ထပ်ပွဲ

Andresen ရဲ့ ဖခင် Johan H. Andresen ဟာ နော်ဝေနိုင်ငံနဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးစာရင်းဝင်တစ်ဦးပါ။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ 3.27 ဘီလီယံရှိပြီး၊ 2017 ခုနှစ်က ၎င်းတို့ရဲ့ မိသားစုလုပ်ငန်းပိုင် ကုမ္မဏီရှယ်ယာ 42% ကို သမီး Andresen ကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။ တွက်ချက်မှုအရဆိုရင် Andresen ဟာ $ 1.23 ဘီလီယံပိုင်ဆိုင်သွားတဲ့သဘောပါ။

Andresen’s younger sister

ဒီအချက်ကြောင့်ပင် Andresen ဟာ အလိုလျှောက် ဘီလျံနာဖြစ်သွားပြီး Forbes မဂ္ဂဇင်းမှာ အမျိုးသမီးဘီလျံနာတွေအနက် ဒုတိယမြောက် အသက်ငယ်ဆုံးသူဌေးမလေးအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီငွေပမာဏကိုသာ တရားရုံးက အတည်ယူပြီး ဒဏ်ကြေးသတ်မှတ်မယ်ဆိုပါက ဒေါ်လာ 4.9 သန်းအထိ ရှိသွားနိုင်ပါတယ်။

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE