စင်ပေါ်မှာသိပ္ပံစမ်းသပ်မှုတစ်ခုလုပ်ပြရင်း ဗာဂျီးနီးယားအလှမယ်သရဖူရသွားခဲ့သူလေး

@camilleschrier/Instagram

အလှမယ်ပြိုင်ပွဲတိုင်းလိုလိုမှာ talent show ဆိုတာ ပြိုင်ပွဲတစ်ခုအနေနဲပ အမြဲတမ်းလိုလိုပါဝင်လေ့ရှိပါတယ်။ ဒီလို talent ရှိုးတွေမှာ အလှမယ်လေးတွေဟာ သီချင်းဆိုတာတွေ၊ ကတာတွေကို အများဆုံးပြုလုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီအလှမယ်လေးကတော့ ထူးထူးဆန်းဆန်းပြကွက်တွေနဲ့ ပြသသွားတဲ့အတွက်ကြောင့် ဒိုင်တွေနဲ့ ပရိတ်သတ်တွေကပါ သူမရဲ့စိတ်ကူးလေးကို ချီးကျူးနေတာပါတယ်။

 

 

View this post on Instagram

 

30 days. Countdown is on 🎓🎉🎊 #VTgrad #2degreeswarmer #finally

A post shared by Camille Schrier (@camilleschrier) on

 

 

View this post on Instagram

 

Finishing my senior thesis like… #16days

A post shared by Camille Schrier (@camilleschrier) on

သူမနာမည်ကတော့ Camille Schrier ဖြစ်ပြီး အသက်ကတော့ ၂၄ နှစ်ရှိလို့နေပါပြီ။ Camille ဟာ ဇီဝဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး VCU ဆေးဝါးထုတ်ကုန်ကျောင်းက ကျောင်းသူတစ်ယောက်ပါ။ Talent ရှိုးစစပြတော့မယ်လည်း Camille ဟာ သူများတွေလို အဝတ်အစားတောက်တောက်ပြောင်ပြောင်နဲ့မဟုတ်ဘဲနဲ့ အဖြူရောင်ဂျူတီကုတ်ကိုဝတ်ဆင်ကာ မျက်လုံးကာတစ်စုံနဲ့ ထွက်လာခဲ့ပါတယ်။

 

 

View this post on Instagram

 

Major takeaways from this weekend: Take risks. Be unapologetically authentic. You never know what could happen!

A post shared by Camille Schrier (@camilleschrier) on

ပြီးနောက်မှာတော့ စင်ပေါ်မှာ ချထားတဲ့ ဖန်ပေါင်းချောင်တွေထဲကို ဓတုဗေဒအရည်တွေကို ဂရုတစိုက်ရောနှောကာထည့်လိုက်ပြီးနောက်မှာတော့ အဲဒီအရည်တွေကနေတစ်ဆင့် ဓာတ်ပြုကာ လှပလွန်းလှတဲ့ အစိမ်းရောင်၊ လိမ္မော်ရောင်အစရှိတဲ့ အမြှုပ်တွေ ပေါက်ကွဲထွက်လာခဲ့တာကို တွေ့ရမှာပါ။ ဒီလိုမျိုး သမရိုးကပြကွက်တွေထဲက ခွဲထွက်ပြီး ဖန်တီးခဲ့တဲ့အတွက် Camille ဟာ တခြားသော ပြိုင်ပွဲဝင်တွေနဲ့ယှဉ်ရင် လုံးဝကွဲထွက်နေပြီး လူထုရဲ့အသည်းနှလုံးနဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ပိုင်ဆိုင်ခဲ့ရတဲ့အပြင် Miss Virginia ဆိုတဲ့ သရဖူကိုလည်း အပိုင်သိမ်းနိုင်ခဲ့ပါတော့တယ်။

READ
ဘ၀ရဲ့ နောက်ဆုံးချိန်ထိ ကတိတွေကို ရင်ဝယ်ပိုက်ခဲ့တဲ့ ရဲဘော်ရဲဘက်နှစ်ဦး

 

 

Penny

SHARE