အရင်တုန်းကတော့ သမိုင်းကြောင်းတွေ၊ လူတစ်ယောက်ရဲ့ အတ္ထုပတ္တိတွေ စတာတွေကို စာအုပ်စာပေထဲတွေမှာပဲ မှတ်တမ်းတင်ထားနိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ရုပ်ရှင်ပညာထွန်းကားလာပြီးနောက်မှာတော့ ရသစုံအောင်ကြည့်လို့ရစေဖို့အတွက် ရုပ်ရှင်တွေပါ ရိုက်လာခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတချို့ထဲကမှ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းကိုရွေးထုတ်ပြီးတော့ မျှဝေပေးလိုက်ပါတယ်။
Malcolm X
Malcolm Little လို့ လူသိများခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အမေရိကန်နိုင်ငံမှ အာဖရိကန်-မူစ္စလင် နိုင်ငံရေးသမားတစ်ဦးပါ။ သူဟာ အမေရိကန်ရဲ့ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးတော့ ယူအက်စ်မှာဖြစ်ပွားခဲ့တဲ့ လူဖြူ၊ လူမည်းအရေးမှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်ခဲ့ဖူးပါတယ်။ အသက် ၃၉ နှစ်အရွယ်မှာပဲ လုပ်ကြံသတ်ဖြတ်သူရဲ့ သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရရှာပါတယ်။
သူ့အကြောင်းကိုတော့ Malcolm X ဆိုပြီးတော့ ၂၉၉၂ ခုနှစ်တုန်းက Denzel Washington က သရုပ်ဆောင်ကာ ရုပ်ရှင်ထွက်ထားခဲ့ပါတယ်။
The Theory of Everything
The Theory of Everything ကတော့ ကမ္ဘာကျော်သိပ္ပံပညာရှင် Steven Hawking ရဲ့ အတ္ထုပတ္တိကို ရိုမန့်စ်ဒရာမာလေးနှောကာ ရိုက်ကူးထားခဲ့ ရုပ်ရှင်တစ်ကားပါ။ Steven Hawking ဆိုတာ ရူပဗေဒကညာရှင်တစ်ဦးဖြစ်ပြီးတော့ သိပ္ပံပညာရှင်တွေထဲ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ သီအိုရီတွေကို ထုတ်ပေးနိုင်ခဲ့တဲ့ ပညာရှင်တစ်ဦးပါ။ အသက် ၇၆ နှစ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာတော့ Eddie Redmayne ဟာ Steven Hawking နေရာကနေ သရုပ်ဆောင်ထားခဲ့ပါတယ်။
The Social Network
အခုလက်ရှိ ကျွန်တော်တို့နေ့တိုင်း မသုံးရမနေနိုင်အောင်ဖြစ်နေတဲ့ Facebook ရဲ့ တည်ထောင်သူ Mark Zuckerberg ရဲ့ အကြောင်းကို အဓိကထားရိုက်ကူးထားခဲ့တာပါ။ Harvard ကျောင်းသားဘဝတုန်းက Facebook ကို စတင်တည်ထွင်ခဲ့ပြီးတော့ ဖြစ်ခဲ့သမျှ အခက်အခဲတွေနဲ့ အောင်မြင်မှုတွေ အကုန်လုံးကို ရုပ်ရှင်တစ်ကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။
Mark Zuckerberg ရဲ့နေရာမှာတော့ မင်းသား Jesse Eisenberg က ပီပီပြင်ပြင်ပဲ သရုပ်ဆောင်ထားပါတယ်။
Narcos
Pablo Escobar ကတော့ တစ်ကမ္ဘာလုံးမသိသူမရှိပါပဲ။ ကိုလမ်ဘီယာ မူးယစ်ရာဇာတစ်ဦးဖြစ်ပြီးတော့ ကမ္ဘာ့လူစိတ်ဝင်စားမှုအများဆုံးခံရတဲ့ ရာဇဝတ်မှုဂိုဏ်းခေါင်းဆာင်လည်းဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းကိုတော့ ဟိုအရင်ကတည်းက စာအုပ်တွေရော၊ ရုပ်ရှင်တွေရော အများကြီးထွက်ခဲ့ဖူးပါတယ်။ ဥပမာ ရုပ်ရှင်ထဲမှာဆိုရင်တော့ Loving Pablo တို့ The Infiltrator တို့ လို ရုပ်ရှင်တွေကတော့ နာမည်ကြီးတွေပဲပေါ့။ ဒါပေမဲ့ အဲဒီအထဲမှာမှ လက်ရှိ Narcos ဆိုတဲ့ စီးရီးကတော့ လက်ရှိအချိန်မှာ တော်တော်လေး နာမည်ကြီးနေပြီးတော့ ပိုပြီးလည်း အသေးစိတ်ပါဝင်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါ။
Pablo နေရာမှာတော့ မင်းသား Wagner Moura က သရုပ်ဆောင်ထားပါတယ်။
Frida
Frida Kahlo ဆိုတာ အဲဒီခေတ်အခါတုန်းက တော်တော်လေးကို နာမည်ကြီးခဲ့တဲ့ မက္ကဆီကိုပန်းချီဆရာမတစ်ဦးပါ။ ပန်းချီဆွဲတာအပြင် Frida ဟာ တခြားသောအနုပညာပိုင်းတွေမှာလည်း ကျွမ်းကျင်တဲ့အတွက်ကြောင့် အနုပညာရှင်လို့ဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ သူ့အကြောင်းကိုတော့ Frida ဆိုတဲ့ ၂၀၀၂ ခုနှစ်တုန်းက ရုပ်ရှင်ရိုက်ခဲ့ဖူးပါတယ်။
Frida နေရာမှာတော့ မင်းသမီး Salma Hayek က သရုပ်ဆောင်ထားခဲ့တာပါ။
Ali
Muhammad Ali ကတော့ အမေရိကန် လက်ဝှေ့အားကစားသမားတစ်ဦးပါ။ ကမ္ဘာ့စံချိန်တွေလည်းအများကြီးချိုးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီအပြင်ကိုမှ သူဟာ လူမျိုးရေးတက်ကြလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပြီးတော့ အသက် ၇၄ နှစ်အရွယ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။
သူ့အကြောင်းကိုတော့ Will Smith ကနေပြီး ၂၀၀၁ ခုနှစ်တုန်းက ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။
Bohemian Rhapsody
ဗြိတိန်ရဲ့ rock band တစ်ခုဖြစ်တဲ့ Queen ရဲ့အကြောင်းတစ်စေ့တစ်စောင်းနဲ့ အဆိုတော် Freddie Mercury ရဲ့ အသေးကျတဲ့ ဘ၀အကြောင်းတွေကို ပြန်လည်ရိုက်ကူးရုံတင်ပြသခဲ့ရင်း တော်တော်လေးကို နာမည်ကြီးသွားတဲ့ ဂန္တ၀င်မြောက်ရုပ်ရှင်တစ်ကားဖြစ်လာခဲ့ပါတယ်။
Freddie Mercury နေရာမှာတော့ မင်းသား Rami Malek က သရုပ်ဆောင်ထားခဲ့တာပါ။
penny