အချစ်ကြီးသလောက် သွေးအေးအေးနဲ့ ရက်စက်လွန်းတဲ့ သူတို့စုံတွဲ

အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ (၈၅)နှစ်ကျော်က တစ်နိုင်ငံလုံး အုန်းအုန်းကျက်ကျက် ဖြစ်စေခဲ့သူနှစ်ယောက် ရှိပါတယ်။ အဲဒီစုံတွဲဟာ လူသတ်၊ ဘဏ်ဓားပြတိုက်ရာမှာ ရက်စက်သလို တစ်ယောက်နဲ့တစ်ယောက်လည်း အလွန်ချစ်ခင်ကြ ပါတယ်။ သူတို့အချင်းချင်း ချစ်ခင်သလောက်၊ သူတစ်ပါးအပေါ်မှာ ရက်စက်ရာမှာတော့ နှစ်ယောက်မရှိဘူးလို့ ဆိုပါတယ်။

1
2

သူတို့နှစ်ယောက်ရဲ့နာမည်ကတော့ Bonnie Parker နဲ့ Clyde Barrow တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ဘဏ်ေ တွကို အနုကြမ်းဝင်စီးရာမှာနဲ့ လူသတ်ရာမှာ အလွန်နာမည်ကြီးပါတယ်။ နှစ်ယောက်စလုံးဟာ ကားတစ်စီးနဲ့ ဘဏ်ေ တွကို လိုက်ဓားပြတိုက်လေ့ရှိပြီး၊ လမ်းမှာ တားဆီးပိတ်ပင်သူမှန်သမျှ ပစ်သတ်တာချည်းပါဘဲ။

3
4

ထိုခေတ်ထိုအခါက ဆိုင်တွေ၊ ဈေးဆိုင်တွေလည်း ကျီးလန့်စာစားဖြစ်ပြီး၊ နေ့ဆိုလည်း ဆိုင်ရဲရဲမဖွင့်ရဲ၊ ညဆိုလည်း ထိတ်လန့်ရနဲ့ပါ။ Bonnie နဲ့ Clyde တို့ စုံတွဲဟာ ပစ္စည်းမရဘူးဆိုရင်လည်း လူသတ်ဖို့ ဝန်လေးတဲ့သူတွေ မဟုတ် ပါဘူး။ ပစ္စည်းလည်းရပါရဲ့ ပစ္စည်းရှင်က ကလန်ကဆန်လုပ်တယ်ဆိုရင်လည်း သတ်ပစ်တာပါဘဲ။

အရင်ကတော့ မျက်နှာဖုံးစွပ်ခြင်းတွေ ဘာတွေ ရှိခဲ့ပေမယ့် နောက်တော့ မျက်နှာဖုံးလည်း မစွပ်တော့ ဘဲ ပြော င်ပြောင်တင်းတင်း ဓားပြတိုက်လူသတ်မှုတွေ ကျူးလွန်လာပါတော့တယ်။အစိုးရကအစ လူထုရန်သူလို့ သတ် မှတ်ခံထားရတဲ့ Bonnie နဲ့ Clyde တို့ဟာ သူတို့လွှမ်းမိုးခဲ့တဲ့ ကာလကို Era of the US Great Depression လို့တောင် အများက တင်စားခဲ့ကြပါတယ်။

READ
ကမ္ဘာအနှံ့ကပျောက်ကွယ်ယိုယွင်းခဲ့ကြရတဲ့ အံ့သြဖွယ်ဗိသုကလက်ရာ (၄) ခုအကြောင်း

Bonnie နဲ့ Clyde တို့ဟာ ကံကောင်းလွန်းနေပြီး ရဲတပ်ဖွဲ့နဲ့ မကြာခဏ ထိပ်တိုက်ဆုံတွေ့ကာ သေနတ်ချင်းယှဉ်ပစ်ခဲ့ရပေမယ့် သူတို့ကို ကျည်ဆန်က ဆံချည်တစ်မျှင်တောင် မထိခဲ့ပါဘူး။ အမေရိကန်ရပ်ရွာအခြေပြု စစ်တပ်က Bonnie နဲ့ Clyde တို့ ရှိနိုင်မယ့်နေရာတွေကို စီးနင်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ပွတ်ကာသီကာ လွတ်သွားတာမျိုး ခဏခဏ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် Bonnie နဲ့ Clyde တို့ဟာ ၁၉၃၄ ခုနှစ်မှာတော့ ကံမကောင်းနိုင်ကြတော့ပါဘူး။ Bonnie နဲ့ Clyde တို့ဟာ ခိုးယူလာတဲ့ ကားနဲ့ ဘဏ်တစ်ခုကို ဓားပြဝင်တိုက်စဉ်မှာ သတင်းအတိအကျရတဲ့ ရဲတပ်ဖွဲ့ကစောင့်ပြီး ပစ်ခတ်နှိမ်နင်းခဲ့ရာမှာတော့ နှစ်ယောက်စလုံး ဒဏ်ရာဗရပွနဲ့ အသေမလှ ဖြစ်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဟာ (၂)မိနစ်အတွင်းမှာပင် ကျည်ဆံပေါင်း (၁၀၇)တောင့်အထိ Bonnie နဲ့ Clyde တို့စီးနင်းခဲ့တဲ့ ကားကို ချိန်ရွယ်ပစ်ခတ်ခဲ့ပြီး၊ နှစ်ယောက်စလုံးမှာလည်း သေနတ်ဒဏ်ရာပရဗွနဲ့ လည်ပင်း၊ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တွေမှာ မွစာကျဲကုန်ပါတော့တယ်။ သူတို့သေဆုံးချိန်မှာ Bonnie က (၂၄)နှစ်သာ ရှိသေးပြီး၊ Clyde ကတော့ (၂၃)နှစ်သာရှိပါသေးတယ်။

READ
နော်ဝေက သင်္ချိုင်းထဲမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဗိုက်ကင်းတို့ရဲ့ အမွေအနှစ်တစ်ခု

အခုဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ထိုခေတ်ထိုအခါ သတင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရှိခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ အခုမှ ရဲတပ်ဖွဲ့က လူထုသိအောင် ပြန်လည်ပြသခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို သတ်ဖြတ်နိုင်ပြီးနောက် အမေရိကန်အနှံ့ အောင်ပွဲတွေ ခံခဲ့ကြသလို၊ သတ်ဖြတ်နိုင်ခဲ့တဲ့ ရဲတွေကိုလည်း ဆုလာဘ်တွေ ချီးမြှောက်ခဲ့တယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE