ချစ်သူကောင်လေး တစ်သက်မမေ့လောက်တဲ့ မွေးနေ့လက်ဆောင်ကို ဘယ်လိုပေးမလဲ

မွေးနေ့လက်ဆောင်ကို တော်တော်များများက ရုပ်ပိုင်းဆိုင်ရာ ရုပ်ဝါဒလက်ဆောင်တွေကိုသာ ပေးလေ့ရှိကြပါတယ်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ လက်ဆောင်ပေးတတ်ရင် မွေးနေ့ရှင်မှာ တစ်သက်မမေ့နိုင်တဲ့ အမှတ်တရကို ဖြစ်စေပါ
တယ်။ ဒီလိုပဲ ချစ်သူကို တစ်သက်မမေ့နိုင်စရာ မွေးနေ့လက်ဆောင်ပေးချင်တဲ့ မဒီတွေအတွက် Shwemom က အောက်မှာ အကြံပြုချက်တွေ ဖော်ပြထားပါတယ်။

(၁) ညစာ ဖွယ်ဖွယ်ရာရာ ဖိတ်ကျွေးခြင်း

ညစာချက်တယ်ဆိုတာ ရည်းစာတောင် ထားတဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အတွက် ထူးဆန်းလွန်းတဲ့ ကိစ္စမဖြစ်သင့်တော့ပါဘူး။ ဘယ်ယောက်ျားမဆို ကိုယ့်ချစ်သူက ချက်ကျွေးတဲ့ ဖွယ်ဖွယ်ရာရာလေးကို စားဖူးချင်ကြပါလိမ့်မယ်။

(၂) မွေးနေ့မှာ စိတ်လှုပ်ရှားဖွယ်ရာ လှုပ်ရှားမှုကို ဖန်တီးခြင်း

အနောက်နိုင်ငံတွေမှာတော့ Birthday party surprise ဆိုပြီး လုပ်တတ်ကြပါတယ်။ ထင်မှတ်မထားတဲ့ ပုံစံနဲ့ ချစ်သူရဲ့ Birthday ကို အပေါင်းအသင်းတွေနဲ့ လက်ဝါးချင်းရိုက်ပြီး၊ ကာယကံရှင်က ဦးဆောင်လုပ်ပေးတာမျိုးပါ။ အာရှနိုင်ငံတွေမှာတော့ အတော်ခေတ်စားလာတဲ့ ဓလေ့ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အတော်လေး ရှားပါးနေဆဲပါ။

READ
ချစ်သူကို ဖွင့်ပြောဖို့ အကောင်းဆုံးနည်းလမ်းများ

(၃) ကိုယ်မနှစ်သက်ပေမယ့် သူ နှစ်သက်တာကို လုပ်ပြခြင်း

ကိုယ်က အနီရောင်လုံးဝ မကြိုက်ဘူး။ ဒါပေမယ့် သူက အနီရောင်လေးကို မြတ်နိုးတယ်။ အနီရောင်လေး ၀တ်တာကို မြင်ချင်သူ ဖြစ်တယ်ဆိုရင် သူ့မွေးနေ့မှာ ထူးထူးခြားခြား အနီရောင်လေး ၀တ်ပြီး ဂုဏ်ပြုတာမျိုးပေါ့။ ဒါက မြင်သာစေတဲ့ ဥပမာ တစ်ခုသာ ဖြစ်ပါတယ်။

(၄) တစ်ရက်တာ သီးသန့်အချိန်ဖြုန်းပေးခြင်း

မွေ့နေ့ရှင် ချစ်သူနဲ့ တစ်ရက်တာ အတူတူ အချိန်သီးသန့် ဖြုန်းပေးတာမျိုးလည်း အတော်ကောင်းတဲ့ အယူအဆပါဘဲ။ ဘုရားသွားကျောင်းတက်ခြင်း၊ ဈေးဝယ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတွေ အားလုံးကို ချစ်သူနဲ့ နှစ်ယောက်တည်း အတူတူ ဖြတ်သန်းရတဲ့ အခိုက်အတန့်တိုင်းဟာ အမှတ်ရစရာတွေ ဖြစ်ပါတယ်။

(၅) ရှားတောင့်ရှားခဲ လက်ဆောင်

ချစ်သူဘ၀မှာတောင် တစ်ခါမှ မပေးဖူးသေးတဲ့ လက်ဆောင်မျိုးပေါ့။ ဒါက မတော်ရာကို ခွင့်ပြုခိုင်းတာမျိုး မဟုတ်ပါဘူး။ ချစ်သူဘ၀မှာ အဲဒီကိစ္စကို မလိုက်လျှောလေ တန်ဖိုးရှိလေပါဘဲ။ ဥပမာ အနမ်းပေးတာမျိုးတို့၊ ရက်ရှည်ခရီးထွက်တာမျိုး တို့ပေါ့။ ဒါဟာ ချစ်သူရဲ့ မွေးနေ့ကို အမှတ်တရ ဖြစ်စေမယ့် အရာပါ။

READ
အရမ်းတွယ်ကပ်လွန်းတဲ့ ရည်းစားကြောင့် စိတ်ညစ်နေသူများအတွက် ဖြေရှင်းနည်း

မဒီလေး (Shwemom)

source : herinterest.com

SHARE