Deepika Padukone က တော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။၁၉၈၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့မှာ မွေးဖွားခဲ့ ပြီး ဒီနှစ် မွေးနေ့လေးက တော့ သူမရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့လေးပါ။မွေးနေ့မှာတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ၊ အနုပညာ ရှင် လုပ်ဖော်ကိုင်ဖက်တွေ အများကြီးက မွေးနေ့ ဆုတောင်း ပေးခဲ့ကြပါတယ်။သူမက တော့ ဟောလိဝုဒ် အထိ တက်လှမ်းနိုင်ခဲ့တဲ့ ဘောလိဝုဒ် အနုပညာရှင် တွေ ထဲက တစ်ယောက်ပါ။‘Om Shanti Om’ မှာ Shah Rukh Khan နဲ့ အတူတူ သရုပ်ဆောင်ရင်း သူမရဲ့ အနုပညာခရီးကို စတင် ခဲ့သူပါ။ဒီအ ကြောင်းကိုတော့ indianexpress မှာ ဖော်ပြထားတာပါ။
View this post on Instagram
View this post on Instagram
အစ ပိုင်းမှာတော့ အဆင်မပြေမှုတွေ ဝေဖန်တိုက်ခိုက် မှု ပေါင်း စုံနဲ့ ရင်ဆိုင် ခဲ့ရပေမယ့် လည်း လက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီး တစ်ယောက် အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ ‘Race 2’, ‘Chennai Express’, ‘Yeh Jawaani Hai Deewani’ ..အစ ရှိတဲ့ ဇာတ်ကားတွေ က Box Office ရဲ့ ၀င်ငွေ အကောင်းဆုံး ဇာတ်ကား တွေ ဖြစ်ခဲ့တဲ့ အထိ အောင်မြင် ခဲ့တဲ့ သူမရဲ့ ဇာတ်ကားတွေပါ။Deepika Padukone က တော့ Follower သန်း ၅၀ ကျော် ရှိတဲ့ သူမရဲ့ IG အကောင့်က Post အဟောင်းတွေနဲ့ တွစ်တာ က Post အဟောင်းတွေကို အကုန် လုံးနီးပါး ဖျက်ပစ်လိုက်ပါတယ်။ Ranthambore trip တုန်းက ပုံလေးတွေ လောက်ပဲ ကျန်ခဲ့ပါတယ်။
View this post on Instagram
သူမရဲ့ မွေးနေ့ မှာတော့ ဘောလိဝုဒ်ရဲ့ ငွေ ကြယ်ပွင့် မင်းသမီးချောလေး Alia Bhatt ကလည်း မွေးနေ့ ဆုတောင်း ပေးခဲ့ပါတယ်။ Alia Bhatt က တော့ သူမရဲ့ IG Story မှာ Deepika Padukone ရဲ့ ၃၅ နှစ်ပြည့် မွေးနေ့ အတွက် ဆုတောင်း ပေးခဲ့ပါတယ်။အဖြူအမည်း ပုံကို တင်ပြီး ..” Happy Birthday DP! ရှင်က ကျွန်မရဲ့ အမြဲ တမ်း လေးစား အားကျ အတု ယူရတဲ့ အလှ ၊စိတ်ခွန်အားပါဝါ တွေ ပိုင်ဆိုင်ထားသူပါ။အတူတူ စွန့်စားခန်း တွေ အများကြီး အများ ကြီး လုပ် ကြရ အောင်. ချစ်တယ်..” ဆိုပြီး တင်ထားပါတယ်။
View this post on Instagram
မင်းသား Prabhas ကလည်း သူ့ရဲ့ IG မှာ DP ရဲ့ ပုံကို တင်ပြီး Gorgeous Superstar’ a ‘Happy Birthday’ ဆိုပြီးဆု တောင်း ပေးခဲ့ပါတယ်။သူတို့ နှစ်ယောက် က တော့ ပထမဆုံး အကြိမ် အဖြစ် ဒါရိုက်တာ Nag Ashwin ရဲ့ သိပ္ပံ ဇာတ်ကားမှာ အတူတူ သရုပ်ဆောင် ထား ကြပါတယ်။မင်းသား Hrithik Roshan က လည်း “Happy Birthday my dear @deepikapadukone!ဆက်ပြီး တောက်ပ လင်းလက် တဲ့ ကမ္ဘာကြီးကို ဆက်ပြီး ဖန်တီးပါ..” ဆိုပြီး ဆုတောင်း ပေးထားပါတယ်။


Deepika ရဲ့ ‘Piku’ ဒါရိုက်တာ Shoojit Sircar က လည်း ‘Race 2’ မင်းသမီး DP အတွက် ‘Piku’ ဇာတ်ကား ရိုက်ကွင်းနောက်ကွယ်က ပုံ နဲ့ အတူတူ မွေး နေ့ ဆုတောင်း ပေးခဲ့ပါတယ်။Anushka Sharma, Alia Bhatt, Priyanka Chopra, Sonam Kapoor, Katrina Kaif ..တို့ လို တခြားသော နာမည်ကြီး အနုပညာရှင် တွေ လည်း Deepika အတွက် မွေးနေ့ ဆုတောင်းပေးခဲ့ ကြပါတယ်။



#SHWEMOM