သူ့ရဲ့ ကမ်းနားအိမ်ကိုအပျော်စီးသဘောင်္ကြီး ဦးတည်ခဲ့လို့ ကြောက်လန့်တကြားဖြစ်ခဲ့ရတဲ့အိမ်ရှင်

အမေရိကန်နိုင်ငံ အရှေ့တောင်ဘက်ခြမ်းက ဖလောရီဒါပြည်နယ်၊ဘရိုဝက် မြို့ အဲဗားဂလိတ် ဆိပ်ကမ်းတွင်  ပေ ၁၀၀၀ ခန့်ရှည်တဲ့ အပျော်စီးသဘောင်္ဟာ ကမ်းနားလမ်းမှာ ရှိနေတဲ့ အိမ်သို့ အရမ်း နီးကပ်စွာမောင်းနှင်ခဲ့တဲ့အတွက် အိမ်ပိုင်ရှင်များ ကြောက်လန့်တကြားဖြစ်ခဲ့ကြပါတယ်။သဘောင်္ဟာ တန်ချိန် ၁၂၂၀၀၀ ကျော်လေးပြီး ဘီလ်နဲ့ ရက်စ်မိုင်းတို့ ဇနီးမောင်နှံတို့ ပိုင်ဆိုင်တဲ့ ကမ်းနားလမ်းက ပေါင် ၁.၈ သန်း (မြန်မာငွေ သိန်း ၃ သောင်း) တန်ကြေးရှိတဲ့ အိမ်နဲ့ အလွန်နီးကပ်စွာကပ်လာခဲ့ပြီး အိမ်ပိုင်ရှင်ဖြစ်သူ ဘီလ်က ကမ်းပေါ်ကနေ လှမ်းအော်ခဲ့ရာမှ အိမ်နှင် ပေ ၃၀၀ အကွာမှာ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ အပျော်စီးသဘောင်္ ရပ်တန့်သွားခဲ့ပြီး ဒေါသထွက်ခဲ့တဲ့ အိမ်ရှင်က ” မင်းတို့ထဲက တစ်ယောက်ယောက်တော့ အလုပ်ပြုတ်တော့မယ်ကွ ” လို့ အော်ပြောခဲ့ပါတယ်။အဲဗားဂလိတ် ဆိပ်ကမ်းမှာနေထိုင်လာတာ ၆ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ဇနီးမောင်နှံကတော့ သူတို့အနေနဲ့ အပျော်စီးသဘောင်္များကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးပေမဲ့ ယခု  Celebrity Equinox အပျော်စီးသဘောင်္ကတော့ အနီးကပ်ဆုံး မောင်းနှင်ခဲ့တာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။ဘီလ်က ” ကျွန်တော်တို့ ဒီမှာ နေလာတာ ၆ နှစ်ရှိနေပါပြီ။ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပါဘူး ” လို့ပြောခဲ့ပါတယ်။

READ
ဆေးလိပ်မသောက်တဲ့ဝန်ထမ်းကို (၁)နှစ်ကို ရုံးပိတ်ရက်(၄)ရက် သတ်မှတ်ပေးတဲ့ ကုမ္ပဏီ

Celebrity Equinox အပျော်စီးသဘောင်္ဟာ ကာရေဘီယံ ပင်လယ်ပြင်ခရီးစဉ်အဖြစ် ၁၀ ရက်ကြာသွားရောက်မဲ့ သဘောင်္ဖြစ်ပြီး လူပေါင်း ၂၈၅၀ ကို တင်ဆောင်ထားတယ် လို့သိရပါတယ်။သို့ပေမဲ့ ပြီးခဲ့တဲ့ ကြာသာပတေး နေ့က ဆီဂါလံ ၉၀၀၀ ကျော်ယိုဖိတ်ခဲ့တဲ့ အတွက် အဲဗားဂလိတ် ဆိပ်ကမ်းမှာ ဆီလာဖြည့်ရင်း ဒီလိုအဖြစ်မျိုးကြုံခဲ့တာ ဖြစ်ပါတယ်။

Celebrity အပျော်ခရီး ကုမ္ပဏီမှ ”  Equinox အပျော်စီးသဘောင်္ဟာမတ် ၃ ရက်နေ့ သောကြာနေ့မှ ကမ်းက ထွက်ခွာခဲ့ပြီး ကျွမ်းကျင်တဲ့ ဒေသခံ မာလိန် မှူးတွေ ဦးစီးပြီး မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။သဘောင်္ဟာ ဘေးအန္တရာယ်ကင်းစွာခုတ်မောင်းလျက်ရှိပြီး ခရီးသည်တွေနဲ့ သဘောင်္ဝန်ထမ်းတွေလည်း ဘေးကင်းကြပါတယ်။သဘောင်္ဟာ ကမ်းခြေကို လုံးဝမထိခဲ့ပါဘူး ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

READ
ကားထဲကနေ ပေါင်(1.3သန်း)တန်ရွှေအိုးကြီးကို ခပ်တည်တည်မ,ပြေးတဲ့သူခိုး မဖမ်းမိသေး

ဘီလ်ကတော့ ဒီဖြစ်ရပ်ကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့မှ ဒီဖြစ်စဉ် အပေါ်ကို ဆက်လက်စုံစမ်းနေတယ် လို့ သိရပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

SHARE