အကောင်းဆုံးကစားသမားဆုအဖြစ် AK-47 ရိုင်ဖယ်ကိုချီးမြှင့်တဲ့ ရုရှားဟော်ကီအသင်း

twitter/Hockeytroll_ca

ရုရှားလူမျိုး ဟော်ကီဂိုးဖမ်းသမား ဆာဗာလီကိုနိုနော့ဗ်ဟာ ၄င်းရဲ့အသင်း Izhstak Izhevsk နဲ့ Chelmet အသင်းယှဉ်ပြိုင်ကစားရာမှာ (၃-၂) နဲ့အနိုင်ရကာ အသင်းကိုအကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဆာဗာလီဟာ အထူးချွန်ဆုံးကစားသမားအဖြစ် အသင်းသားအားလုံးရဲ့ မဲပေးခြင်းခံရတဲ့အတွက် အသင်းခေါင်းဆောင်က ချီးမြှင့်တဲ့ AK-47 ရိုင်ဖယ်တစ်လက်ကို လက်ခံရရှိခဲ့ကြောင်း Dailymail ရဲ့သတင်းအရ သိရပါတယ်။

twitter/Hockeytroll_ca

ယခုဖြစ်ရပ်လို ထူးချွန်ကစားသမားဆုကို ထူးထူးဆန်းဆန်းအရာတွေ ချီးမြှင့်ဂုဏ်ပြုတဲ့ ဖြစ်ရပ်တွေဟာ ဟောကီအသင်းတွေကြား မကြာသေးခင်ကမှ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် Carolina Hurricanes အသင်းဆိုရင် အထူးချွန်ဆုံးအသင်းကစားသမားကို သစ်ခုတ်တဲ့ပုဆိန်၊ New York Rangers ဆိုရင် ဦးထုပ်စသဖြင့် ချီိးမြှင့်လေ့ရှိပါတယ်။

 

ပုံတွေထဲမှာ မြင်ရမှာကတော့ အသက်(၂၃) နှစ်အရွယ် ဆာဗာလီဖြစ်ကာ အသင်းခေါင်းဆောင်ရဲ့ ရိုင်ဖယ်ဆုကို လက်ခံရယူနေတာပဲ ဖြစ်ပါတယ်။ ဆာဗာလီဟာ ပြီးခဲ့တဲ့ ရာသီကမှ ကလပ်ကိုဝင်ရောက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ သူရဲ့ကလပ်အသစ်နဲ့ ပွဲပေါင်း(၁၂) ပွဲ ပါဝင်ဆော့ကစားဖူးပြီးဖြစ်ကြောင်း သိရပါတယ်။

READ
အသက်အငယ်ဆုံး ပရိုဖက်ရှင်နယ် ကြေးစား Go Player ဖြစ်လာတဲ့ (၁၀) နှစ်သမီးလေး

လင်းလင်း (ShweMom)

SHARE