ဟယ်ရီပေါ်တာ လိုမျိုး လေပေါ်မှာ တံမြက်စည်းစီးခဲ့တဲ့အမျိုးသားရဲ့ ဗွီဒီယိုဖိုင်

Zach King / Twitter

အမျိုးသားတစ်ယောက်ဟာ မှော်၊ စုန်းကဝေ ဇာတ်ကားတွေထဲကလို တံမြက်စည်းကို စီးသလိုမျိုး လေပေါ်မှာ ပျံဝဲပြခဲ့တဲ့အတွက် သူရဲ့ ဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှုသူ (၂)ဘီလီယံတောင် ရှိခဲ့ပါသတဲ့။ (၂)ဘီလီယံဆိုတာ သန်း(၂၀၀၀)ဆိုတဲ့ ပမာဏဖြစ်ပါတယ်။ သူဟာ မှော်ဆရာတစ်ဦးလို တံမြက်စည်းကို လက်တွေ့စီးပြခဲ့တာပါ။

ဒါပေမယ့် လိမ်ကွက် လှည့်ကွက်လေးတွေတော့ ရှိပါတယ်။ ဒီဗွီဒီယိုကို Filmmaker တစ်ဦးဖြစ်တဲ့ Zach King အမည်ရ အမျိုးသားက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တွစ်တာပေါ်မှာ တင်ခဲ့တာပါ။ သူဟာ ဗွီဒီယိုထဲမှာ ဟယ်ရီပေါ်တာစတိုင် ဝတ်ဆင်ထားပြီး၊ ဗွီဒီယိုထဲမှာ တံမြက်စည်းကို စီးရင်း လျှင်မြန်စွာ ပျံသန်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Zach King / Twitter

ကင်မရာဆရာက “ အရမ်းမိုက်တယ် .. ဘယ်လို လုပ်ထားတာလဲ ”ဆိုပြီး ဟယ်ရီပေါ်တာလက်သစ်ထံ လျှောက်သွားပြီး မေးခဲ့ပါတယ်။ တကယ်တမ်း သူစီးနေတာက Longboard တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ဒီဂျစ်တယ်နည်းပညာနဲ့ မှန်တစ်ချပ်အသွင် ပြုပြင်ထားတဲ့ Green screen ကို ကိုင်ထားတာ ဖြစ်ပါတယ်။

Green screen မှာ ခြေထာက်အတု တင်ထားပြီး၊ သူစီးနေတဲ့ Longboard ကို မမြင်အောင် Green screen က ကာထားတာ ဖြစ်ပါတယ်။ Zach က “ ကျွန်တော့်မှာ Nimbus 2000 ရှိတယ်လေဗျာ ”လို့ ပြောခဲ့ပါတယ်။ Nimbus 2000 ဆိုတာ တံမြက်စည်းကို ရည်ညွှန်းတာဖြစ်ပါတယ်။

အဲဒီဗွီဒီယိုဖိုင်ဟာ TikTok ပေါ်မှာ ကြည့်ရှုသူ (၂.၁)ဘီလီယံအထိတောင် ရှိခဲ့တယ်လို့ DailyStar က ပြောပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ “ ငါတော့ ရူးကြောင်ကြောင် ဖြစ်သွားပြီဟေ့”ဆိုပြီး ရေးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ “ဘာမှ မထူးဆန်းပါဘူး ”လို့ ရေးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ “  Hogwarts ကျောင်းတော်က မင်းကို လက်ခံမှာပါ ”လို့ ရေးခဲ့ပါတယ်။

လင်းသူရိန်

SHARE