ပူတင်ရဲ့ပုံနဲ့ထုတ်တဲ့ပြက္ခဒိန်တွေ ဂျပန်မှာဘာကြောင့် ရောင်းလို့ကုန်သွားတာလဲ

putin-calendar.com

(၂၀၂၀)ခုနှစ်အတွက် ရုရှားသမ္မတပူတင်ရဲ့ ဓာတ်ပုံနဲ့ ရိုက်နှိပ်ထားတဲ့ ပြက္ခဒိန်တွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်ဝေဖို့ ကရင်မလင်နန်းတော်က ခွင့်ပြုချက်ပေးလိုက်တာပါ။ စိန့်ပီတာစဘတ်မြို့အခြေစိုက် ပုံနှိပ်လုပ်ငန်းစုတစ်ခုကနေပြီး ထုတ်ဝေလိုက်တဲ့ ဒီပြက္ခဒိန်တွေဟာ ကမ္ဘာအနှံ့အပြားကို ဖြန့်ချိနိုင်ခဲ့တာပါ။ အဲဒီအထဲမှာမှ အရောင်းရဆုံး တိုင်းပြည်ကတော့ ဂျပန်မှာပါပဲ။

ဂျပန်နိုင်ငံအတွက် ရောင်းချဖို့ သတ်မှတ်ပေးထားတဲ့ ပူတင်ရဲ့ ပြက္ခဒိန်တွေဟာ တခြားနိုင်ငံတွေထက် စောပြီး အားလုံး ကုန်သွားခဲ့ကြပါတယ်။ ဒီပြက္ခဒိန်တွေက ဂျပန်နိုင်ငံရဲ့ ဈေးကွက်ထဲကို ဒီဇိုင်း (၃)မျိုးနဲ့ ၀င်ရောက်လာခဲ့ပြီး အဲဒီထဲကမှ တိရစ္ဆာန်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ပူတင် ရဲ့ ပြက္ခဒိန်တွေက အစောဆုံး ရောင်းကုန်သွားခဲ့တာပါ။ အကြောင်းကတော့ ပူတင် ဟာ တိရစ္ဆာန်ချစ်သူ တစ်ယောက်ဖြစ်ကြောင်းကို ဂျပန်နိုင်ငံသားတွေ အခုမှ သိလို့ တအံ့တသြဖြစ်ခဲ့ကြတာကြောင့်ပါပဲ။

READ
အဘိုးဖြစ်သူရဲ့အလောင်းမဟုတ်ပဲ အခြားအလောင်းအမှားနဲ့ ဈာပနအခမ်းအနားကျင်းပခဲ့တဲ့မိသားစု
putin-calendar.com

(၂၀၁၇)ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ပူတင်ရဲ့ ပြက္ခဒိန်မှာ ဂျပန်အစိုးရက လက်ဆောင်ပေးတဲ့ ခွေးလေးတစ်ကောင်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ ပါဝင်ခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကတော့ တိရစ္ဆာန်တွေ တော်တော်စုံခဲ့တယ်လို့ ပြောရမှာပါ။

putin-calendar.com

ပူတင်ရဲ့ ဒီနှစ်ပြက္ခဒိန်ထဲမှာတော့ ချစ်စရာကြောင်လေးတစ်ကောင်နဲ့ ရိုက်ထားတဲ့ပုံ၊ ရေခဲသမင်ကြီးတွေနဲ့ ရိုက်ထားတဲ့ပုံ၊ ဟက်စကီးခွေးကြီးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံအပြင် ကျားသစ်တစ်ကောင်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ ပါခဲ့သေးတာမို့ ဒီနှစ်တော့ တိရစ္ဆာန်တွေ တော်တော်စုံခဲ့တယ်လို့ ပြောရမှာပါ။

putin-calendar.com

ပူတင်ရဲ့ ဒီအနေအထားက တခြားနိုင်ငံ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်နယ်ထရန့်ပ် ၊ အိန်ဂျလာမာကယ် ၊ ပြင်သစ်သမ္မတ မက်ခရွန် တို့ကိုပါ ကျော်တက်ပြီး နာမည်ကြီးသွားခဲ့တယ်လို့ ပြောရမှာပါ။

putin-calendar.com

ပူတင်ရဲ့ ပြက္ခဒိန်တွေကို တာဝန်ယူရောင်းချသူတစ်ယောက်ဖြစ်တဲ့ LOFT ကုမ္ပဏီရဲ့ အရောင်းမန်နေရာ တာကာဟာရှီကတော့ ပူတင်ဟာ ပုံမှန်နဲ့မတူတဲ့ နေထိုင်ပုံတွေကို ပြက္ခဒိန်ထဲမှာ ဖော်ပြထားတာကြောင့် ဒီနှစ်ထဲမှာ ပိုပြီး အရောင်းသွက်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

READ
စကားပြောတဲ့နေရာမှာ ပြေပြစ်ပြီးသြဇာညောင်းသူတယောက်ဖြစ်အောင် ဒီအချက်တွေကိုပြုလုပ်သင့်တယ်....
putin-calendar.com

Linn

SHARE