Miss Universe Philippines 2020 မှာ ပရိသတ်အသည်းစွဲဖြစ်နေတဲ့ ညိုစိမ့်ဘာဘီလေး

[email protected]

Miss Universe Philippines 2020 ပွဲကြီးဟာ မကြာခင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကြီးမကျင်းပခင်မှာပဲ ဒီပွဲရဲ့ ပရိသတ်တော်တော်များများရဲ့ အသည်းစွဲ မော်ဒယ်လ်မလေးတစ်ယောက်ဟာ လက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ တော်တော် ရေပန်းစားနေကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဲဒီမော်ဒယ်မလေးကတော့ Black Barbie လေးလို့ နာမည်ကြီးနေတဲ့ Skelly Ivy Florida ပဲ ဖြစ်ပါတယ်။

Skelly ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Biliran မြို့မှာ မွေးဖွားခဲ့ပြီး သူမရဲ့ထူးခြားချက်ကတော့ အခြား ဖိလစ်ပိုင်မလေးတွေလို ကပြားရုပ်မပေါက်ပဲ တကယ့် ဖိလစ်ပိုင်သွေးအပြည့်ပါတဲ့ ရုပ်ရည်မျိုးလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဖိလစ်ပိုင်သူပီပီ ညိုညိုစိမ့်စိမ့် အသားအရေလေးကို မပြုပြင်ဘဲ အရှိအရှိအတိုင်းဖော်ပြထားတာမလို့ပါ။ ဒါ့ကြောင့်လည်း သူမပရိသတ်တွေက Skelly ကို Black Barbie လို့ နာမည်ပြောင်လေး ပေးထားတာပဲ ဖြစ်ပါတယ်။

Miss Universe Philippines candidate from Biliran Skelly Ivy Florida wearing an Edwin Uy cocktail dress. Isn't she a…

Posted by Edwin Uy on Tuesday, February 18, 2020

“ မေလ ၃ရက်နေ့မှာ ကျင်းပမယ့် Miss Universe Philippines 2020 ပွဲကတော့ တော်တော်မိုက်မှာပါ။ ပြိုင်ပွဲဝင်တွေထဲကမှ Skelly ကို သေသေချာချာသတိထားကြည့်ကြပါ။ တကယ့် ဘာဘီရုပ်ကလေးနဲ့ မတူဘူးလား။ အကုန်လုံးကို တောင်းဆိုချင်တာက ဒီပွဲမှာ Skelly ကို ဝန်းရံပေးကြပါ” လို့ ဖိလစ်ပိုင် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲံ Edwin Uy က ပြောကြားခဲ့ပါတယ်။

Skelly လေးဟာ ပြိုင်ပွဲမစခင်မှာပဲ မီဒီယာတွေရော၊ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အင်နဲ့အားနဲ့အားပေးတာခံနေရပြီဆိုတော့ ပြိုင်ပွဲမှာရော Skelly အနေနဲ့ သရဖူပိုင်ဆိုင်သွားမှာလား ဒါမှမဟုတ် ဘယ်လိုဆုတွေရော ရသွားမှာလဲဆိုတာ စောင့်ကြည့်ရမှာပဲ။

READ
Exoအဖွဲ့ဝင်​Sehun ကိုရေကူးသင်ပေးမိလို့ အပြောခံလိုက်ရတဲ့မိန်းကလေး

Pyi Hein Kyaw

SHARE