လူနေအိမ်ထဲဝင်ပြီး ကိုယ့်အိမ်ကိုယ့်ရာသဘောထားကာ တစ်ရေးတမော အိပ်သွားတဲ့ ဝက်ဝံကြီး

MissoulaCountySheriffsOffice/Facebook

အမေရိကန် မွန်တာနာမှာရှိတဲ့ အိမ်တစ်လုံးမှာ အမည်းရောင် ဝက်ဝံကြီးတစ်ကောင် ကျူးကျော်ဝင်ရောက်ပြီး၊ တစ်ရေးတမော ဝင်အိပ်သွားတဲ့သတင်းဟာ အဲဒီဒေသမှာတော့ အတော်လေးကို နာမည်ကြီးနေပါတယ်။ အဆိုပါ ဝက်ဝံကြီးကြောင့် အိမ်ရှင်မှာ လန့်ပြီး ရဲကို ခေါ်ခဲ့ရပါတယ်တဲ့။

ဝက်ဝံကြီးဟာ အထဲကို ဝင်သွားချိန်မှာ သူ့ဘာသာသူ အခန်းတံခါး Lock ကို ခတ်လိုက်ပြီး အေးအေးလူလူ ကိုယ့်အိမ်မှာ အိပ်နေတဲ့အတိုင်း အိပ်ပျော်သွားခဲ့တာပါ။ အခင်းဖြစ်ခဲ့ရာနေရာကတော့ Butler’s Creek က လူနေအိမ်ခြေတစ်ခု ဖြစ်ပါတယ်။

အိမ်ရှင်စုံတွဲဟာ ဝက်ဝံကြီးကို မြင်တာနဲ့ ချက်ချင်း ရဲစခန်းကို ဖုန်းခေါ်ခဲ့ပါတယ်။ ရဲတွေရောက်သွားချိန်ထိ မဟူရာဝက်ဝံကြီးက အိပ်လို့ ကောင်းတုန်းပါတဲ့။ သူကတော့ အဝတ်ထည့်တဲ့စင်ပေါ်ကို တက်ပြီး ကျကျ နနအိပ်နေခဲ့တာပါ။ ရဲတွေက ဝက်ဝံကြီးကို ခြောက်လှန့် မောင်းထုတ်ပေးမယ့် သူက တုတ်တုတ်မျှ မလှုပ်ပါဘူး။

READ
ရူပဗေဒသီအိုရီတစ်ခုကို ရှင်းပြဖို့ ရေထဲမှာ ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခဲ့တဲ့ အမျိုးသား

နောက်တော့ ရဲတွေတောင် မနိုင်တော့လို့ Montana Fish, Wildlife and Parks Department ကို ဆက်ပြီး အကူအညီတောင်းခဲ့ရပါတယ်။ ဝန်ထမ်းတွေ ရောက်လာခဲ့ပြီး၊ ဝက်ဝံကြီးကို နေအိမ်ကနေ နာရီတော်တော်ကြာမှ ဖယ်ရှားပေးနိုင်ခဲ့တာလို့ သိရပါတယ်။

မွန်တာနာပြည်နယ်မှာ မဟူရာဝက်ဝံ သောင်းနဲ့ချီ နေထိုင်ကြပြီး၊ အမေရိကန် တစ်ပြည်လုံးမှာတော့ မဟူရာဝက်ဝံ ကောင်ရေ (၃၀၀၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီထဲက အများစုကတော့ မွန်တာနာ မျိုးရင်းဝက်ဝံတွေ ဖြစ်ကြပြီး၊ တစ်ခါတလေမှာ လူတွေနဲ့ ပဋိပက္ခ ဖြစ်ပွားလေ့ရှိပါတယ်။

လင်းသုတ (Shwemom)

SHARE