တိရစ္ဆာန်ရုံထဲ အလည်လာတဲ့ အမျိုးသမီးရဲ့ဆံပင်ကို နူးညံ့စွာပွတ်သပ်ခဲ့တဲ့ ၀က်ဝံကြီး

youtube/adlervonstahl

အခုတွေ့ရမယ့် ဖြစ်ရပ်လေးကတော့ ကြုံတောင့်ကြုံခဲ စိတ်နှလုံးကြည်နူးဖွယ် ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။ မက္ကစီကိုနိုင်ငံက တိရစ္ဆာန်ရုံထဲမှာ ဥယျာဉ်တွင်း လျှောက်လည်နေတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ ဆံပင်ကို အနက်ရောင်ဝက်ဝံတစ်ကောင်ဟာ ရင်းနှီးစွာ ပွတ်သပ်ခဲ့ကြောင်း storypick သတင်းအရ သိရပါတယ်။

youtube/adlervonstahl

ဒီအဖြစ်ကို ဗီဒီယိုရိုက်ကူးထားရာမှာတော့ ဗီဒီယိုထဲ ကမ္ဘာလှည့်ခရီးသည် တစ်အုပ်နဲ့အတူ Chipinque သဘာဝဥယျာဉ်အတွင်း အစာလိုက်ရှာနေတဲ့ ၀က်ဝံနှစ်ကောင်ကိုလည်း တွေ့ရမှာပါ။ ၀က်ဝံတွေကို မြင်တော့ ကမ္ဘာလှည့်ခရီးသည်အုပ်စုထဲက အမျိုးသမီးတစ်ဦးက အားလုံးမထိတ်လန့်ပဲ နေမြဲအတိုင်း တည်တည်ငြိမ်ငြိမ်နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အားလုံးလည်း သူမရဲ့စကားကို လိုက်နာခဲ့ကြပါတယ်။ ထိုအချိန်မှာပဲ ၀က်ဝံနက်တစ်ကောင်ဟာ လမ်းတစ်ဖက်မှာ ရှာဖွေလှန်လှောနေရင်းကနေ ခရီးသည်အုပ်စုရှိရာဘက်ခြမ်းကို ရောက်လာပါတယ်။ ၄င်းဝက်ဝံနက်ဟာ သူ့ကို ကျောပေးထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အနောက်မှာ ပတပ်ရပ်လိုက်ပြီး အမျိုးသမီးရဲ့ဆံပင်ကို လက်နဲ့ပွတ်သပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မသိရင် သူ့ကို ကျောပေးထားလို့ ဒီဘက်လှည့်ပါဦးလို့ ပြောနေသလိုပါပဲ။

READ
သခင်တွေအပေါ်ထားရှိတဲ့ ခွေးလေးတွေရဲ့ အကြွင်းမဲ့အချစ်ကို ဖော်ပြနေတဲ့ဓာတ်ပုံများ
youtube/adlervonstahl

ဝက်ဝံနက်ရဲ့ လူအပေါ်မှာ တရင်းတနှီးပြုမူခဲ့တဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာတော့ ပေါ်ပြူလာအရမ်းဖြစ်နေပါတယ်။ ဒါပေမယ့်လည်း Santa Catarina Civil Protection က တိရစ္ဆာန်တွေဟာ တောရိုင်းသတ္တ၀ါတွေဖြစ်တဲ့အတွက် အမြဲတမ်းသတိရှိနေဖို့ လိုတယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အရိုင်းတိရစ္ဆာန်တွေနား မသွားဖို့၊ သူတို့ကို မစနောက်ဖို့နဲ့ အစားအသောက်တွေ မကျွေးဖို့၊ အစာပစ်ကျွေးတာမျိုးတွေ မလုပ်ဖို့နဲ့ ထုရိုက်တာမျိုးတွေကိုလည်း မလုပ်သင့်တဲ့အကြောင်းလည်း ဖော်ပြသွားခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE