ရေချိုးဇလုံကြီးထဲမှာ တစ်ကောင်ထဲ ရေချိုးရတာပျော်တဲ့ ဝက်ဝံမည်းကလေး Takado

[email protected]

ဒီလို COVID 19 ကူးစက်ရောဂါဖြစ်နေတဲ့အချိန်မှာ လူတွေလည်း တိရစ္ဆာန်ရုံလို နေရာကို ဘယ်သူမှ မသွားကြပါဘူး။ လူတွေမလာတဲ့အတွက် တိရစ္ဆာန်ရုံက ဝန်ထမ်းတွေကတော့ သူတို့တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုလေးတွေရိုက်ပြီး သူတိုရဲ့ ဆိုရှယ်မီဒီယာကနေ ပို့စ်အဖြစ် တင်လေ့ရှိပါတယ်။ အခုလည်း အမေရိကန်နိုင်ငံ၊ Portland မြို့ရှိ Oregon တိရစ္ဆာန်ရုံက ဝက်ဝံမည်းကလေး Takadoရဲ့ ရေချိုးဇလုံထဲမှာ တစ်ယောက်တည်း ပျော်ရွှင်စွာရေချိုးနေတဲ့ ဗီဒီယိုဖိုင်လေးဟာ တွေ့သမျှလူတိုင်း သဘောကျနေပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Tub time cub time! #cubinatub #scrubacubcub

A post shared by Oregon Zoo (@oregonzoo) on

Takado လေးလေးဟာ Oregon တိရစ္ဆာန်ရုံရှိ ဝက်ဝံမည်းမျိုးနွယ် လေးကောင်ထဲကမှ တစ်ကောင် အပါအဝင်ဖြစ်ပါတယ်။ Takado လေးကို အမေရိကန်နိုင်ငံ၊ Montana ပြည်နယ်ရှိ တောထဲမှာ မိဘမဲ့ ဝက်ဝံကောင်လေးအဖြစ် တွေ့ရှိခဲ့ရာမှ Oregon တိရစ္ဆာန်ရုံကို မွေးစားဖို့ ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီတိရစ္ဆာန်ရုံမှာ တော့ Takado လေးဟာ အငယ်ဆုံး ဝက်ဝံလေးဖြစ်ပြီး ဝက်ဝံကြီး Chubby က မွေးစားထားတာဖြစ်ပါတယ်။ Takado လေးကတော့ အချိန်ပြည့် ဆော့ကစားနေရတာ ကြိုက်နှစ်သက်ပြီး ဒီလို ရေချိုးဇလုံကြီးထဲမှာ တစ်ယောက်တည်း ရေချိုးရတာကို နှစ်သက်လေ့ရှိပါတယ်။ နွေရာသီလို ပူတဲ့ ရာသီမျိုးမှာဆိုရင်တော့ သူချိုးမယ့် ရေချိုးဇလုံထဲက ရေက အေးနေမှာ ဇလုံထဲဝင်ပြီး ရေချိုးပါတယ်တဲ့ ခင်ဗျား။

READ
ခွေးလိမ္မာပြိုင်ပွဲမှာ အလွဲလုပ်ခဲ့တဲ့ ပရိသတ်တွေ ပွဲကျနေခဲ့တဲ့ ခွေးလေး(၂)ကောင်

https://www.instagram.com/p/B1rYIITn-OZ/?utm_source=ig_embed

“ ဒီတိရစ္ဆာန်ရုံမှာဆိုရင်တော့ Takado က အဆော့သန်ဆုံးပဲ။ မြင်တဲ့အတိုင်းပဲ ရေချိုးရင်လည်းဆော့ ၊ ဒီအတိုင်းနေလည်းဆော့၊ အချိန်ပြည့် ဆော့နေရမှ ပျော်နေတာ။ မဟုတ်ပဲ သူ့ကို နဲနဲလေးသွားဆူကြည့်လိုက်၊ တစ်နေကုန် ချောင်ကုပ်နေပြန်ရော။ သစ်ပင်တက်တာလည်း တော်တော်ကြိုက်တဲ့ကောင်ဗျ” လို့ Oregon တိရစ္ဆာန်ရုံရှိ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/BvkcMVrhJ9Y/?utm_source=ig_embed

Oregon တိရစ္ဆာန်ရုံမှာတော့ Takado အပြင် အခြားတိရစ္ဆာန်လေးတွေပါ ချစ်ဖို့ကောင်းတယ်ဆိုတာ အောက်ကဗီဒီယိုတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။

https://www.instagram.com/p/B_3LNkTJHix/?utm_source=ig_embed

View this post on Instagram

Nacho and Goat went hiking. #WoodlandWaddle

A post shared by Oregon Zoo (@oregonzoo) on

Pyi Hein Kyaw

SHARE