အပြိုင်အဆိုင် ဈေးလျှော့ရောင်းကြတဲ့ ” Black Friday ” ဖြစ်ပေါ်လာပုံ

Image;freepik.com/user12150432

” Black Friday ” Sale ချတယ်ဆိုတဲ့ စကားကိုတော့ ကြားဖူးကြမှာပါ။အွန်လိုင်းက ဈေးရောင်းတဲ့ Page တွေ၊ကုန် ပစ္စည်း Product တွေ မှာ ဆိုရင် ” Black Friday ” ကျရင် ဘယ်လောက် ထိ လျှော့ ဈေး နဲ့ ရောင်း မယ်ဆိုပြီး ကြေညာ လေ့ ရှိကြပါတယ်။လူတော်တော်များများက တော့ ကျေးဇူးတော်နေ့ Thanksgiving ပြီး  နောက်နေ့ကို ” Black Friday ” လို့ ခေါ် ကြတယ်ဆိုပြီး မှတ်ယူ ထားကြပါတယ်။လျှော့ ဈေးနဲ့ အပြိုင်အဆိုင် ဈေးရောင်းကြတဲ့ ” Black Friday ” ဆိုတာ ဘယ်ကနေ ဖြစ်ပေါ်လာလဲ ဆိုတဲ့ သူ့ ရဲ့ သမိုင်း ကြောင်းကိုတော့ Insider မှာ အခုလို ဖော်ပြထားပါတယ်။

Image:freepik.com/spukkato

ဘာကြောင့် “Black Friday” ဆိုပြီး ခေါ် ကြတာလဲ.? “Black Friday” နေ့ ရောက်ရင်တော့ ဆိုင်တွေက အဲ့နေ့မှာ အကျိုးအမြတ် တွေ အများကြီး ရကြပါတယ်။ဝယ်တဲ့သူတွေ က လည်း ဈေးတန်တန် နဲ့ ရနိုင် ကြပါတယ်။ Black Friday ရဲ့ တကယ့် သမိုင်း ကြောင်း တကယ့် အစ က တော့ (၁၈၀၀)ကျော်လောက်က စတာ ပါ။သူ့ကိုတော့ ၁၈၆၉ ခုနှစ် နိုဝင်ဘာ ၂၄ မှာ “Black Friday” ဆိုတဲ့ အသုံးအနှုန်းကို စသုံး ခဲ့တာပါ။Jay Gould နဲ့ Jim Fisk ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူ နှစ်ယောက်က သူတို့ရဲ့ အဆက်အသွယ်တွေကို အားကိုးပြီး ရွှေ ဈေးကွက်ကို ထိန်းချုပ် ဖို့ လုပ်ခဲ့ပါတယ်။၁၈ ယောက်မြောက် အမေရိကန် သမ္မတ President Grant က ဒီ ခြယ်လှယ်မှုကို သိသွားတဲ့ အခါ မှာတော့ ငွေတိုက်ကို ရွှေတွေ အများကြီး ချ ပေးဖို့ အမိန့် ထုတ်ခဲ့ပါတယ်။

READ
မမတွေကို ချစ်နေသူတွေအတွက် ဖီးလ်လို့ကောင်းမယ့် သီချင်း Selection လေး
Image:freepik.com/drobotdean

အဲ့ဒီမှာပဲ ရွှေဈေးတွေ က ၁၈ ရာခိုင်နှုန်းလောက် ပြုတ် ကျ သွားပြီး ရင်းနှီးမြှုပ်နှံ သူတွေ လည်း တစ်နေ့တည်း နဲ့ကို ၀က်ဝက်ကွဲ အရှုံး ပေါ်ခဲ့ပါတယ်။စီးပွားပျက် သွားတဲ့ အထဲမှာ သမ္မတ ရဲ့ ယောက်ဖ တောင် မှ ပါပါတယ်။ဈေးကစားတဲ့ သူတွေကို ငွေတိုက် ထုတ်ပြီး ဈေးကွက်ထဲ ရွှေတွေ ချ ပေး လိုက်တာရဲ့ နောက်ဆ က် တွဲေ ကြာင့် stock market ကလည်း ၂၀ ရာခိုင်နှုန်း ထိုးကျ သွားသလို ပြည်ပ ကုန်သွယ်မှု ကလည်း ချက်ချင်း ကျဆင်း သွားခဲ့ပါတယ်။ဒါတင်မကပဲ ဂျုံနဲ့ နှံစားသီးနှံ တွေရဲ့ ဈေးနှုန်းကလည်း ၅၀ ရာခိုင်နှုန်း ပြုတ် ကျ သွားခဲ့ပါတယ်။

READ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ၀င်ငွေရှာနေရတဲ့ မိန်းကလေးတွေရဲ့ မာန
Image:.freepik.com/freepik

၁၉၅၀ လောက်မှာတော့ Philadelphia ရဲ တွေ က ကျေးဇူးတော်နေ့နဲ့ Army-Navy game ကြားကာလက ကို “Black Friday” ဆိုပြီး သုံးနှုန်းခဲ့ဖူးပါတယ်။ဘာလို့ ဒီလို သုံးလဲ ဆိုရင်တော့ ဈေးဝယ်တဲ့သူတွေ၊ခရီးသွားတွေ က အဲ့သောကြာ နေ့ ရောက် ရင် လူတွေ စု ပြုံ များ ပြားလာတဲ့ အတွက် ကြောင့် ရဲဝန်ထမ်းတွေ က အလုပ်ချိန် အကြာကြီး လုပ်ရလို့ အဲ့လို ခေါ် ခဲ့တာပါ။ကုန်သည်တွေက”Big Friday,” ဆိုပြီး နာမည် ပြောင်းဖို့ လုပ်ခဲ့ ပေမယ့်လည်း “Black Friday” အဖြစ်ပဲ ဆက်ရှိ နေခဲ့ပါတယ်။”Black Friday”  က တော့ မကောင်းတဲ့ Negative Image တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့် ၁၉၈၀ နှောင်းပိုင်း လောက် မှာတော့ လက်လီ အ ရောင်းသမား တွေ က “Black Friday” ကို Positive Image အဖြစ် ပြောင်းလဲ ဖို့ ကြိုးစားလာခဲ့ပြီး အခုဆိုရင်တော့  “Black Friday” ဆိုရင် လျှော့ ဈေး နဲ့ ပျော်ပျော် ပါးပါး ဈေးဝယ်လို့ ရတဲ့ နေ့ တစ်နေ့ အဖြစ် လူ တွေက သတ်မှတ် တာကို ခံနေရပါပြီ။

Image:.freepik.com/kitzcorner

#SHWEMOM

SHARE