ဂိမ်းခွေ အတွဲ(၃)တွဲလုံး တစ်ဆက်တည်း ထုတ်လုပ်သွားမယ်ဆိုတဲ့ ဝူခုန်းဂိမ်း

Black Myth: Wukong

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ အခြေစိုက် Game Science ကုမ္ပဏီက Black Myth: Wukong လို့ အမည်ရတဲ့ ဂိမ်းအသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ (၁၃) မိနစ် ကြာတဲ့ ဒီ Wukong ဂိမ်းရဲ့ Trailer ဟာ ၂၄ နာရီအတွင်းမှာကို ကြည့်ရှု့သူ ၁၀ သန်းကျော် ရှိခဲ့ပြီး Gamer တွေ ကြားထဲမှာ တော်တော်လေးကို ရေပန်းစားခဲ့ပါတယ်။ ပြီးတော့ ဒီဂိမ်းရဲ့ ထူးခြားချက်ကတော့ Graphic က တော်တော်ကြီးကို ကောင်းလွန်းနေတာပါပဲ။

ဒီဝူခုန်းဂိမ်းဟာ ထွက်ရှိဖို့အတွက် အချိန်တော်တော်ကြာအုံးမှာဖြစ်ပြီး ထွက်ရှိမယ်ဆိုရင်တော့ တစ်ခွေတည်း ထွက်မှာ မဟုတ်ပဲနဲ့ ၃ ခွေတိတိ အချိန်တစ်ပြိုင်နက်တည်းမှာ ထွက်ရှိမှာဖြစ်ကြောင်း Game Science ကုမ္ပဏီရဲ့ တည်ထောင်သူတစ်ဦးဖြစ်သူ Feng Ji က ပြောကြားခဲ့ပါတယ်။ များသောအားဖြင့် ဂိမ်းခွေတော်တော်များများဟာ တစ်ခွေတည်းအရင်ဆုံး ထွက်ရှိပြီး အဲဒီအခွေဟာ Gamer တွေကြားထဲမှာ တော်တော်လေးလူကြိုက်များမှ နောက်ထပ် အခွေတွေ ထပ်မံထွက်ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝူခုန်းဂိမ်းဟာ တစ်ပြိုင်နက်တည်း ၃ ခွေ ထွက်ရှိမယ်ဆိုတော့ တော်တော်လေးကို ထူးဆန်းနေပြီး အနည်းငယ်စွန့်စားရာရောက်တယ်လို့ ယူဆရပါတယ်။

READ
Cheaters ပေါင်း(၂)သန်းကျော်ကို တစ်ပတ်အတွင်း Banned ခဲ့တဲ့ PUBG
Black Myth: Wukong

“ဒီလိုမျိုး ၃ ခွေတစ်ပြိုင်နက်ထွက်တယ်ဆိုတာ စွန့်စားတယ်ဆိုတာထက် ဒီဂိမ်းရဲ့ အရသာကို Gamer တွေကို ကောင်းကောင်းကြီး သိစေချင်လို့ပါ။ ဂိမ်း Trailer စထွက်တဲ့အချိန်ကနေပြီးတော့ နောက်ထပ် ၃ နှစ်အတွင်းမှာ ဒီဂိမ်းခွေ ၃ ခွေစလုံး အပြီးသတ်လုပ်မှာပါ။ ပြီးတော့ ဒီဂိမ်းထဲမှာ ပုံစံမတူတဲ့ ရန်သူ ပေါင်း ၁၀၀ ကျော်ရယ်၊ နေရာဒေသတွေရယ်၊ ဝူခုန်းရဲ့ မတူညီတဲ့ တိုက်ခိုက်ပုံတွေ၊ ဝူခုန်း အကောင်ပြောင်းသွားတဲ့ ပုံစံတွေ အစရှိသဖြင့် လုံးဝအမိုက်စားပုံစံတွေကို ကျွန်တော်တို့ ထည့်သွာင်းထားပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးဂိမ်းခွေတစ်ခွေဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်”လို့ Feng Ji က ပြောကြားခဲ့ပါတယ်။

Black Myth: Wukong

Pyi Hein Kyaw

SHARE