အချိန်တိုလေးအတွင်း Instagram မှာ follower (၁၀)သန်း ပြည့်သွားတဲ့ Lisa

တောင်ကိုရီးယားရဲ့ နာမည်ကျော် girl group ဖြစ်တဲ့ BLACKPINK ကတော့ အဖွဲ့ဝင် ၄ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တစ်ယောက်ချင်းစီကလည်း ထူးခြားတဲ့ ရုပ်ရည်နဲ့ အရည်အချင်းတွေကြောင့် ကျော်ကြားကြပါတယ်။ သူတို့ထဲက Lisa ကတော့ ထိုင်းမလေးတစ်ယောက် ဖြစ်ပြီး အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းလွန်းတဲ့ သူမဟာ ပရိသတ်တွေ အများကြီးလည်း ပိုင်ဆိုင်ထားပါတယ်။

koreaboo

BLACKPINK အဖွဲ့ရဲ့ lead rapper နဲ့ main dancer တစ်ယောက် ဖြစ်တဲ့ Lisa ကတော့ တောင်ကိုရီးယားနဲ့ ထိုင်းအပါအဝင် တစ်ကမ္ဘာလုံးမှာ ပရိသတ်အခိုင်အမာ ရရှိထားတယ်ဆိုတာကို မကြာသေးခင်က သက်သေထူလိုက်ပါပြီ။ သူမဟာ လအနည်းငယ်အတွင်းမှာတင် Instagram follower ၁၀ သန်း ပြည့်သွားတာဖြစ်ပါတယ်။ BLACKPINK ရဲ့ “DDU-DU DDU-DU” သီချင်း ထွက်ခဲ့တဲ့ ကာလမှာ အဖွဲ့ဝင်တွေက IG စသုံးခဲ့ကြတာဖြစ်ပြီး အခုဆို အကောင့်ဖွင့်တဲ့ ရက် ၁၅၀ ကျော်မှာ Lisa တစ်ယောက် follower ၁၀ သန်းပြည့်သွားတာပါ။

READ
မော်ဒယ်မလေး ခင်အင်ကြင်းကျော်ရဲ့ အလန်းဆုံးဓာတ်ပုံများ
Instagram

ဒါဟာ ကေပေါ့အိုင်ဒေါတွေထဲ IG follower ၁၀ သန်း အမြန်ဆုံး ပြည့်တဲ့ ပထမဆုံး အိုင်ဒေါ ဖြစ်လာတာလည်း ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ နောက်ဆုံး ထွက်ထားတဲ့ သီချင်းကတော့ “DDU-DU DDU-DU” ဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ကတော့ အဖွဲ့ဝင် Jennie က တစ်ကိုယ်တော် သီချင်းသစ် “SOLO” ကိုလည်း ထွက်ရှိထားပါသေးတယ်။

allkpop
Instagram

Ref: All Kpop

SHARE