Good Morning Americaမှာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုကြောင့် ဝေဖန်ခံနေရတဲ့ BLACKPINK

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာတော့ BLACKPINKအဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံအကြိမ် အမေရိကန်ရုပ်သံလှိုင်းမှာ ပွဲဦးထွက်တဲ့ပွဲကို Stephen Colbertရဲ့  Late Showမှာပါဝင်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာတော့ ABCရဲ့ Good Morning America မှာ ပါဝင်ခဲ့ပါတယ်။

abcnews

BLACKPINKအဖွဲ့ကတော့ နှစ်နေရာလုံးမှာ သူတို့ရဲ့ နာမည်ကျော် သီချင်းဖြစ်တဲ့ “DDU-DU DDU-DU”ကို သီဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အွန်လိုင်းပေါ်က ပရိသတ်တွေကတော့ BLACKPINKရဲ့ ကကွက်တွေက သူတို့မျှော်မှန်းထားသလောက် မကောင်းဘူးလို့ သုံးသပ်နေကြပါတယ်။ BLACKPINKရဲ့ ဖျော်ဖြေမှုနှစ်ခုလုံးကို ကြည့်ခဲ့တဲ့ ပရိသတ်တွေကတော့ ကကွက်တွေက အရင်ပွဲတွေမှာ ကခဲ့သလောက် အားမပါဘူးလို့ ဝေဖန်သုံးသပ်နေကြပါတယ်။

youtube

ကိုရီးယားက ပွဲတွေမှာတော့ ကင်မရာရှုထောင့်နဲ့ မီးအလင်းအမှောင်အယူအဆတွေ အများကြီးပါပေမဲ့ အမေရိကရဲ့ ရုပ်သံလှိုင်းမှာ ဖျော်ဖြေခဲ့တာကတော့ မီးအလင်းအမှောင်တွေ ကင်မရာကစားတာတွေ မပါတာကြောင့် ဖြစ်နိုင်တယ်လို့ ပရိသတ်အချို့ကလည်း ပြောနေကြပါတယ်။ ပရိသတ်တွေလည်း ကိုရီးယားနဲ့ အမေရိကမှာ ဖျော်ဖြေတဲ့ ဗီဒီယို ၂ခုကို ယှဉ်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ပါဦးနော်။

READ
ရုပ်ရှင်ကားကြီး စရိုက်နေပြီဆိုတဲ့ မေပန်းချီ

Source: Koreaboo

SHARE