Fan တွေဆီက တန်ဖိုးကြီး လက်ဆောင်တွေ လက်ခံလေ့မရှိတဲ့ BLACKPINK Jennie

ig/@jennierubyjane

အချောအလှလေး လေးယောက်နဲ့ဖွဲ့စည်းထားတဲ့ BLACKPINK အဖွဲ့ဝင်တွေကတော့ တစ်ယောက်တစ်မျိုးစီကို လှပပြီးထက်မြက်ကြသလို တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့ ချစ်စရာအမူအကျင့်လေးတွေက ရှိလို့နေပါတယ်။ BLACKPINK အဖွဲ့ဝင် Jennie ကတော့ သူမရဲ့ fan တွေဆီကနေ ဘယ်တော့မှ တန်ဖိုးကြီးလက်ဆောင်တွေကို လက်ခံလေ့မရှိတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

8

A post shared by J (@jennierubyjane) on

Jennie ဟာ တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေကို လက်မခံတတ်ပေမယ့်လို့ သူ့ fan တွေပေးတဲ့ handmade လက်ဆောင်လေးတွေနဲ့ တန်ဖိုးနည်းတဲ့ အရုပ်လေးတွေကိုတော့ အရမ်းတန်ဖိုးထား သိမ်းထားတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပရိတ်သတ်တွေအပေါ်ထားတဲ့ တန်ဖိုးထားမှုကို  “Jentle Home” ဆိုပြီး သူမရဲ့အိမ်မှာရိုက်ထားတဲ့ ပုံလေးတွေမှာ မြင်တွေ့နိုင်ပါတယ်။ ဒီပုံတွေကို သူမ instagram ပေါ်မှာတင်ခဲ့တာဖြစ်ပြီး ပုံထဲမှာတော့ သူမ fan တစ်ယောက်ဆီက ပေးထားတဲ့ handmade လက်ဆောင်လေးကို ကုတင်ခေါင်းရင်းဘက်မှာ ချိတ်ထားတာကို တွေ့ရမှာပါ။

READ
အကြမ်းဖက်ခံ ရခိုင်ပြည်သူတွေ အတွက် ငွေကြေးလှူဒါန်းပေးခဲ့တဲ့ ပိုပို

 

 

ဒီလက်ဆောင်လေးကတော့ ဘာမှဈေးကြီးပုံမပေါ်တဲ့ သံဇကာကွက်လေးပေါ်မှာ Jennie ဆိုတဲ့ နာမည်လေးကို အသည်းပုံလေးထဲမှာ ထည့်ထားတဲ့ လက်ဆောင်လေးပဲ ဖြစ်ပါတယ်။ ဒီလက်ဆောင်ကို သူမရဲ့ “SOLO” လက်မှတ်ရေးထိုးပွဲနေ့က fan boy တစ်ယောက်ဆီက ရခဲ့တာဖြစ်ပြီးတော့ ဒီလက်ဆောင်လေးရခဲ့စဉ်တုန်းက Jennie က အရမ်းကို အံ့သြနေတဲ့ပုံစံလေးကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး သူမအရမ်းသဘောကျတဲ့အတွက် သူမရဲ့ ကုတင်ခေါင်းရင်းမှာတောင် ထားထားတဲ့ လက်ဆောင်လေးပဲ ဖြစ်ပါတယ်နော်။

READ
ညီအစ်မတွေလား အထင်မှားရလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ခိုင်သင်းကြည်တို့ သားအမိ

Khin

SHARE