BLACKPINK ရဲ့ သီချင်းသစ်မှာ Featuring အနေနဲ့ Selena ပါမယ်လို့ သတင်းထွက်

Image:IG/BLACKPINK & Selena

BLACKPINK ရဲ့ ဒုတိယ မြောက် သီချင်းသစ် က တော့ မကြာခင် ထွက်ရှိလာ တော့မှာပါ။သြဂုတ်လ မှာ ထွက် ရှိ လာမှာပါ။ဒီတစ်ခါ သီချင်းမှာ တော့ Selena Gomez က Featuring အ နေနဲ့ ပါဝင် သွား မယ်လို့ သတင်းထွက် နေပါတယ်။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။BLACKPINK က တော့ မကြာ သေးခင် ကမှ How You Like That ဆိုတဲ့ သီချင်း ထွက်ရှိထားတာပါ။ဒီသီချင်း က လည်း ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု ကို ရခဲ့ပြီး စံချိန် သစ်တွေ တင်နိုင်တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

 

View this post on Instagram

 

On the set of boyfriend 🌹

A post shared by Selena Gomez (@selenagomez) on

ကိုရီးယား သတင်းမီဒီယာ တွေမှာတော့ သြဂုတ်လမှာ ထွက် မယ့် သီချင်း သစ် မှာ Selena ပါဝင် မယ်လို့ တစ်ထစ်ချ ကို ဖော်ပြ နေ ကြပါတယ်။ BLACKPINK က တော့ သီချင်း သစ်ရဲ့ အမြည်းကို ပြ ခဲ့ပေမယ့် ဘယ် အဆို တော်က Featuring အဖြစ် ပါမလဲ ဆိုတာကို တော့ ထုတ် မ ပြောခဲ့ပါဘူး။

READ
မေ မေနဲ့ အတူ ကုသိုလ်ယူရင်း ပျော်နေတဲ့ မြူလင်းကိုကို
Image:IG/BLACKPINK & Selena

Selena Gomez က နောက်သီချင်းမှာ ပါဝင် သွား မယ်လို့ သတင်း တွေ ထွက် နေ ပြီး YG ဘက်က တော့ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ပြန် တုံ့ပြန် ခဲ့ပါတယ်။ဒါပေမယ့် ငြင်းလဲ မငြင်း အတည်လဲ မပြု ပဲ “ တရားဝင် အတည်ပြု ကြေညာ ချက် ကို စောင့် မယ်လို့ မျှော်လင့်ပါတယ်.” လို့ပဲ ပြောခဲ့ပါတယ်။ Selena Featuring အနေနဲ့ ပါဝင်မယ့် BLACKPINK ရဲ့ သီချင်း သစ်ကို တော့ သြဂုတ်လမှာ ထွက်ရှိမယ်လို့ သတင်း ထွက် နေ ပြီး အယ်ဘမ် က တော့ အောက်တိုဘာ (၂) ရက်နေ့ မှာ ထွက်ရှိမှာပါ။

 

View this post on Instagram

 

This is all yours BLINKS🖤 We love you so much and you guys deserve it all 💗 Thank you always🙏

A post shared by BLΛƆKPIИK (@blackpinkofficial) on

#SHWEMOM

SHARE