ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လည်းကျတဲ့ BLACKPINK Roséရဲ့ ထသွားထလာ ဖက်ရှင်များ

Instagram/Rose

BLACKPINKအဖွဲ့ဝင်  Rosé ကတော့ အမျိုးသမီး အနုပညာရှင်တွေကြားထဲမှာ ဖက်ရှင်ကျပြီး သူမတူတဲ့ ကိုယ်ပိုင်စတိုင်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသူတစ်ယောက်ပါ။ သူမကတော့ ဖျော်ဖြေပွဲစင်မြင့်ပေါ်မှာသာမက သာမန်အချိန်တွေမှာပါ သူ့နေရာနဲ့သူ ဝတ်တတ်စားတတ်သူတစ်ယောက်ဖြစ်လို့ လူငယ်ပရိသတ်တွေရဲ့ Fashion Icon တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လည်းကျတဲ့ Roséရဲ့ ထသွားထလာ ဖက်ရှင်အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။

အနက်ရောင် Crop-top နဲ့ ဂျင်းဘောင်းဘီအပွ

ဒီလို ဖက်ရှင်မျိုးကတော့ အရှည်တဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ ပုံစံမျိုးပါ။

Instagram_Rose

အနက်ရောင် Hoodie နဲ့ plaid suit pant

ဆောင်းတွင်းလိုက်ဖက်တဲ့ ဖက်ရှင်မျိုးဖြစ်လို့ အခုလို အချိန်မျိုးမှာ ဝတ်သင့်တဲ့ ဖက်ရှင်ပါ။

Instagram_Rose

ခါးအမြင့် ဂျင်းဘောင်းဘီနဲ့ အနက်ရောင် ကိုယ်ကြပ်

ဒီလို ဖက်ရှင်မျိုးကတော့ ခရီးသွားတဲ့အခါ ဝတ်လို့ အကောင်းဆုံးပါပဲ။

READ
ကြော်ငြာပိုစတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေကို ရင်ဖွင့်လိုက်တဲ့ အိချောပို
Instagram_Rose

အဖြူရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီ

သူငယ်ချင်းတွေနဲ့ လျှောက်သွားလျှောက်လာဖက်ရှင်ကို ဒီလိုပုံစံမျိုးလေး ရွေးချယ်လိုက်မယ်ဆိုရင်တော့ ဖက်ရှင်အကျဆုံးသူတစ်ယောက်ဖြစ်သွားမှာ အသေအချာပါပဲ။

Instagram_Rose

အနက်ရောင်နဲ့ ပန်းရောင်

ဒါလေးကလည်း ဆောင်းတွင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးလေးပါ။ Rose’ ကတော့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်တဲ့ အရောင်နှစ်ခုကို ရွေးချယ်ထားတာပါ။ အနက်ရောင်နဲ့ နီညိုရောင်၊ အနက်ရောင်နဲ့ အညိုရောင်၊ အဖြူနဲ့ ခရမ်းရောင်စတဲ့အရောင်တွေကိုလည်း ဒီလိုပုံစံမျိုး တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Instagram_Rose

အဖြူရောင်တီရှပ်နဲ့ Blazer

ဒီလိုအချိန်ကတော့ ဒီဖက်ရှင်နဲ့ ရှိုးထုတ်ဖို့ အသင့်တော်ဆုံးပါပဲ။ အဖြူဒါမှမဟုတ် မီးခိုးရောင် ၊ ပိတောက်ခြောက်ရောင် တီရှပ်လေးတွေနဲ့ Blazer အနက်ရောင်ကို တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

Instagram_Rose

တီရှပ်အကျီင်္ီနဲ့ စကတ်အမဲရောင်

ဒီစတိုင်ကတော့ ကောင်မလေးတိုင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။ ဝတ်ရတာရော၊ ဝယ်ရတာရော အဆင်ပြေတဲ့ ဖက်ရှင်ဒီဇိုင်းဖြစ်ပါတယ်။

READ
မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းလိုက်တဲ့ မေသက်ခိုင်
Instagram_Rose

April

SHARE