အမျိုးသားများသိထားသင့်တဲ့ ဆီးကြိတ်ကင်ဆာအကြောင်း တစ်စေ့တစ်စောင်း

Freepik- Dragana_Gordic

ဆီးကြိတ်ကင်ဆာဆိုတာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာဝေဒနာတစ်မျိုးပါ။ တခြားသော ဖြစ်မှုနှုန်းများတဲ့ ကင်ဆာရောဂါတွေနဲ့ယှဉ်ရင်တော့ အသက်ဆုံးရှုံးနိုင်ချေရာခိုင်နှုန်း နည်းပါးပေမယ့်လို့ ဆီးကြိတ်ကင်ဆာဟာ ဂရုတစိုက်ကုသသင့်တဲ့အထဲမှာ ပါဝင်လို့နေပါတယ်။

Freepik- jcomp
  • ဆီးကြိတ်ကင်ဆာဖြစ်နေပြီဆိုတဲ့ လက္ခဏာရပ်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
  • ဆီးသွားတဲ့အခါ ဆီးထဲ သွေး ဒါမှမဟုတ် သွေးခဲလေးတွေ ပါနေတယ်ဆိုရင်
  • ဆီးသွားတိုင်း မခံမရပ်နိုင်အောင် နာကျင်ခြင်း
  • ညဖက်ဆီးခဏခဏသွားခြင်း (သွားတိုင်းလည်း အနည်းငယ်ပဲ သွားခြင်း)
  • ဆီးခဏခဏအောင့်ခြင်း
  • ဆီးသွားချင်တဲ့ ခံစားမှုဖြစ်ပေါ်ပေမယ့် တကယ်တမ်း မသွားနိုင်ခြင်း
  • ဗိုက်အောက်ပိုင်းနာကျင်ခြင်း
  • ကင်ဆာရောဂါတိုင်းရဲ့ လက္ခဏာဖြစ်တဲ့ ကိုယ်အလေးချိန် အဆမတန်အောင် မြန်မြန်ဆန်ဆန် ကျဆင်းခြင်း
  • ခါးတစ်ဖက်တည်းပဲ မကြာခဏနာခြင်း တို့ပဲဖြစ်ပါတယ်။

လက္ခဏာတွေထဲ သိသာတာကတော့ ဆီးထဲ သွေးပါခြင်းနဲ့ ဆီးအောင့်ခြင်းပါပဲ။ ဒီလိုအချက်တွေကို ခံစားနေရပြီဆိုရင်တော့ သင့်အနေနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အရင်ဆုံး သွားရောက်စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်ဆိုရင် ဒီလက္ခဏာတွေဟာ ကျောက်ကပ်ကျောက်တည်ရင်လည်း ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ သွားတူနေတာကြောင့် ကျောက်တည်တာလား၊ ဆီးကြိတ်ကင်ဆာလားဆိုတာ မစစ်ဆေးပဲ ပြောလို့မဖြစ်နိုင်ပါဘူး။

READ
မျက်လုံးအားကောင်းစေဖို့ စားသင့်တဲ့အစားအစာ(၆)မျိုး

ဆီးကြိတ်ကင်ဆာ ခံစားနေရပြီဆိုင် ကင်ဆာဆဲလ်တွေဟာ တခြားသော ကိုယ်တွင်းကလီစာတွေကိုလည်း ပြန့်ပွားစေနိုင်ပါသေးတယ်။ ဥပမာ အသည်းကို အရင်ဆုံးကူးမယ်ဆိုရင် အသားတွေဝါလာတာမျိုး၊ ဒါမှမဟုတ် အဆုတ်ကို ပြန့်သွားမယ်ဆိုရင် မောပမ်းပြီး ချောင်းတွေဆိုးလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

Freepik- jofreepik

ဆီးကြိတ်ကင်ဆာဝေဒနာသည်တွေ ရှောင်ရှားသင့်တဲ့ အစားအသောက်တွေကတော့

  • ဆီးများပြီး စပ်လွန်းတဲ့အစားအစာတွေ
  • နို့နဲ့နို့ထွက်ပစ္စည်း
  • သကြား
  • ကဖိန်း
  • ဥအစိမ်းများ
  • အရက်တို့ပဲဖြစ်ပါတယ်။

စားသင့်တဲ့အစားအသောက်တွေကတော့ ပန်းပွင့်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပါင်ပေါက်နဲ့ အစိမ်းရောင်အရွက်တွေ၊ အသီးအနှံတွေ၊ ပေါင်မုန့်တို့လို ဂျုံပါဝင်တဲ့အစားအစာတွေနဲ့ ပရိုတင်ါး်ာတ်တွေကို များများစားပေးသင့်ပါတယ်။

penny

 

SHARE