ဟင်းတွေ ချက်ပြရင်း အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ မျက်မမြင် အမျိုးသား

Image:youtube/Blind In The Kitchen

မျက်လုံး မမြင် ပေမယ့် ဟင်းတွေ ကို ကျွမ်းကျင် ပိုင် နိုင် စွာ ချက် ပြ ရင်းအွန်လိုင်းပေါ် မှာ နာမည်ကြီး လာတဲ့ အမျိုး သား တစ်ယောက် ရဲ့ အ ကြောင်းကိုတော့ Says မှာေ ဖ်ာပြ ထား ပါတယ်။အဲ့ဒီ အမျိုးသားရဲ့ နာမည် ကတော့ Low Wee Keong ဖြစ်ပြီး မ လေးရှား အမျိုးသားပါ။သူ့ရဲ့ အသက်က တော့ (၄၄)နှစ်ဖြစ်ပြီး အမြင်အာရုံ ပျောက်ဆုံးခဲ့တာ (၁၄)နှစ် လောက် ရှိနေပါပြီ။ဒါပေမယ့် လည်း စိတ် ဓါတ် မကျပဲ ကြိုးစား လာတဲ့ အတွက် အခုဆိုရင် တော့ အောင်မြင် နေပါပြီ။

Image:youtube/Blind In The Kitchen

ဟင်းချက်တာတွေကို တင်တဲ့ ကိုယ်ပိုင် YouTube Channel တစ်ခု ရှိပါတယ်။အရင်က လေယာဉ် ဆောက်လုပ် ရေး ဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက်ပါ။ဒါပေမယ့် (၂၀၀၆)ခုနှစ်မှာတော့ လုပ်ငန်း ခွင် မ တော်တဆ မှု ဖြစ် ပြီး  မျက်လုံး ကွယ်ခဲ့ရတာပါ။ဒီလို နဲ့ပဲ အလုပ်ဆက် လုပ် လို့ မရ တော့ပဲ သူ့ရဲ့ နောက်ထပ် ၀ါသနာ တစ်ခု ဖြစ်တဲ့ ဟင်းချက် တဲ့  အလုပ်မှာ စိတ်ကို မြှုပ်နှံ ခဲ့တာပါ။Blind in the Kitchen ဆိုတဲ့ Youtube ကို  (၂၀၁၉) က စ ဖွင့်ခဲ့ပါတယ်။subscriber တစ်ထောင်ကျော် လောက် အထိ ရှိ လာခဲ့ပါပြီ။

READ
Cookie မုန့်လေးများနှင့် ဘဝသင်ခန်းစာ
Image:youtube/Blind In The Kitchen

” အမြင်အာရုံ ကွယ်ပြီးနောက်မှာတော့ ၁၄ နှစ် လောက် ကျ တော့် ဘ၀ က ပျောက်ဆုံး နေခခဲ့တယ်။ ကျ တော် ကိုယ်တိုင်က လွဲပြီး  ဘယ်သူက မှ ကျ တော့် စိတ်ကို ရိုက်ချ လို့ မရဘူး..’ ဆိုပြီး  စိတ်အားငယ်ဝမ်းနည်းမှု တွေနဲ့ ကြုံ ရ ပေမယ့် ဖြတ်ကျော်ခဲ့ပုံကို ပြန် ပြောပြခဲ့ပါတယ်။မိသားစု နဲ့ သူငယ်ချင်းတွေ ကလည်း သူ့ရဲ့ ဟင်းချက် ၀ါသနာကို အားပေး ခဲ့ကြပါတယ်။သူငယ်ချင်း တစ်ယောက်ကပဲ Youtube ဖွင့်ဖို့ အားပေးခဲ့တာလို့ ဆိုပါတယ်။ Blind In The Kitchen အပိုင်းတွေ က အစ သူကိုယ်တိုင်ပဲ Edit  လုပ်ခဲ့တာပါ။သူက အမြင်အာ ရုံ ချို့ တဲ့ သူ ဆို ပေမယ့် အရသာ၊အနံ့၊အကြား ကိုတော့ ဘယ်တော့မှ အလဟသ အဖြစ် မခံနိုင်ဘူးလို့ ပြောပါတယ်။

READ
လနဲ့ချီပြီး လမ်းမလျှောက်နိုင်ခဲ့တဲ့ အမျိုးသမီးလေးရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဗီဒီယိုဖိုင်
Image:youtube/Blind In The Kitchen

မိခင် ဖြစ်သူ ကလည်း သင် ကြား ကူညီ ပံ့ပိုး ပေးတာ တွေ လည်းရှိ ကြောင်း၊ဈေးကြီးတဲ့ ဟင်းခတ် အ မွှေး အကြိုင် တွေ ကို သုံးမှ ဟင်းအရ သာ ရှိတယ်ဆိုတာ  မျိုး တော့ လုံး မှားယွင်းတဲ့ အယူအဆ လို့ လည်း Low Wee Keong က ပြော ခဲ့ပါတယ်။MasterChef USA မှာ ၀င်ပြိုင်တဲ့ ပထမဆုံး မျက် မမြင် စားဖိုမှူး Christina Hà က တော့ သူလေးစား အားကျရသူပါလို့ Low ကေ ပြာပါတယ်။ဟင်းချက် တင်မကပဲ အခုဆိုရင်တော့ မုန့် ဖုတ် တဲ့ ဘက်ကိုပါ ကြိုးစား  နေပါတယ်။ ကျော်ကြားမှု အတွက် Youtube ဖွင့်တာ မဟုတ်ပဲ   တခြားသူတွေ လည်း ကိုယ့်ဘ၀ ကိုယ် စိတ် ဓါတ် မကျပဲ ကြိုးစားဖို့ ခွန်အားပေးတဲ့ အ နေနဲ့  ဖွင့်တာ လို့ လည်း Low က ပြောခဲ့ပါတယ်။

 

#SHWEMOM

SHARE