မျက်မမြင်များကို အမြင်အာရုံပြန်ပေးမယ့် Bionic မျက်လုံးကို ဗြိတိန်မှာစတင်တပ်ဆင်

Manchester Eye Hospital ဆေးရုံကြီးမှာ မျက်လုံးကွယ်ခဲ့တဲ့ သူတွေအတွက် အမြင်အာရုံပြန်ရစေနိုင်တဲ့ Bionic မျက်
လုံးကို တီထွင်ထားပြီး၊ အရင်ဦးဆုံးအနေနဲ့ သုံးဦးကို တပ်ဆင်ပေးခဲ့ပါတယ်။ အသားရောင်းချသူတစ်ယောက်ဖြစ်တဲ့ Keith Hayman ဟာ အဆိုပါ သုံးဦးထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို NHS က အကောင်ထည်ဖော်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာတွေဟာ Retinitis Pigmentosa ကို ခံစားနေရတဲ့ လူနာတွေကို Argus II လို့ အမည်ရတဲ့ ကင်မရာတွေကို လူနာဆယ်ဦးကို ဆက်လက်တပ်ဆင်ပေးဦးမှာ ဖြစ်ပါ
တယ်။ အဲဒီကင်မရာတွေဟာ မျက်လုံးနောက်မှာတပ်ဆင်ထားတဲ့ Receptor ဆီကို Wireless Signal တွေ ပို့ပေးမှာဖြစ်
ပြီး၊ ထိုကြိရိယာမှတစ်ဆင့် ဦးနှောက်ထဲမှာ ပုံရိပ်တွေအဖြစ် အသွင်ပြောင်းပေးမှာ ဖြစ်ပါတယ်။

READ
PlayStation ချစ်သူတွေ စောင့်ဆိုင်းနေတဲ့ PS5 အတွက် ပညာရှင်တွေရဲ့ ခန့်မှန်းချက်များ

Keith Hayman ဟာ လွန်ခဲ့တဲ့ 25 နှစ်ကတည်းက အမြင်အာရုံကွယ်ခဲ့သူ ဖြစ်ပါတယ်။ အခုအခါမှာ Bionic မျက်လုံးကို တပ်ဆင်ထားပြီးပြီမို့ ၀မ်းသာနေပါတယ်။ သူက ” ကျွန်တော့် ဘ၀သက်တမ်း တစ်ဝက်လောက် မျက်လုံးမမြင်ခဲ့ရပါဘူး … အခုတော့ ကျွန်တော့်မြေးတွေ ကျွန်တော့်ဆီ ပြေးလာတယ်ဆိုတာကို ကျွန်တော် ပြောနိုင်နေပြီ .. ခရစ္စမတ်သစ်ပင်ပေါ်က မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကိုလည်း သိပါတယ် “လို့ ပြောခဲ့ပါတယ်။

Second Sight ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Gregoire Cosendai က ” Argus II ကင်မရာက မျက်မမြင်တွေကို လုံးဝ ခြားနားသွားစေမှာပါ … အိမ်မှာ တစ်ယောက်တည်း နေနေတာပဲဖြစ်ဖြစ် .. အပြင်ဘက်မှာ ကိုယ်လမ်းကို ရှာတာပဲဖြစ်ဖြစ် … အားလုံး လုပ်နိုင်သွားမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

READ
Apple ကနေ အသစ်ထွက်ရှိလာတော့မယ့် iPad အမျိုးအစားသစ် ၂ မျိုး

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE