ဂျပန်နိုင်ငံမှာ နာမည်ကြီးနေတဲ့ မျက်မမြင်စကိတ်သမား

Instagram

ကိုယ်တွေများ မျက်လုံးမြင်နေရက်နဲ့တောင် စကိတ်ကို မစီးတတ်ပေမယ့် သတင်းထဲမှာ ပါလာတဲ့ ဂျပန်နိုင်ငံက ဆရာသမားကတော့ မျက်စိမမြင်ပဲနဲ့တောင် စကိတ်စီးနိုင်သူပါ။

ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာတော့ စကိတ်သမားဟာ မျက်စိမမြင်ရပေမမယ့် လမ်းလျှောက်တုတ်လေးတစ်ချောင်းကို သုံးပြီး စကိတ်စီးနေခဲ့တာကို တွေ့ရမှာပါ။

 

 

View this post on Instagram

 

New trick‼️ 📲 @tsubasatakahagi #nikesb #metrogrammed #skatecrunch #skateboarding #skatelife

A post shared by りゅうせい (@kid_m.c) on

သူက အမြင့်တက်ရမယ့်နေရာ၊ စကိတ်ကို လေထဲမှာ လှည့်ရမယ့်နေရာ၊ သူ ရပ်ရမယ့်နေရာတွေကို ကောင်းကောင်းသိထားပြီး တကယ့် အမြင်အာရုံရှိသူတစ်ယောက်လို စီးပြသွားခဲ့တာပါ။

READ
Down syndrome ရောဂါသည်သားကိုချီပြေးကာ မာရသွန် ပန်းဝင်ခဲ့တဲ့ဖခင်

Kid_m_c လို့ခေါ်တဲ့ အင်စတာဂရမ်အကောင့်ပိုင်ရှင်က ဒီ ဗီဒီယိုလေးကို တင်ထားခဲ့တာဖြစ်ပြီး ဘယ်သူ့အကူအညီကိုမှ မယူပဲ စကိတ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးပြသွားတဲ့ မျက်မမြင်အမျိုးသားအတွက် အားလုံးက အံ့သြခဲ့ကြပါတယ်။

သူ့ရဲ့စီးနင်းပုံက ရိုးရိုးတန်းတန်း စီးပြတာမဟုတ်ပဲ စတန့်ပြကွက်တွေပါ ပါလို့ အန္တရာယ်များလွန်းတယ်လို့ မှတ်ချက်ပေးနေကြပြီး ဒါဟာ တော်ရုံလေ့ကျင့်မှုမျိုးနဲ့ မရဘူးလို့ တချို့က ဆိုပါတယ်။

Linn

READ
ပြခန်းကားကို စမ်းမောင်းပြီး ပြခန်းကို ပြန်ဝင်အောင်းခဲ့တဲ့ တရုတ်နိုင်ငံက အက်ဆီးဒင့်

 

SHARE