ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်ဖို့ နေရောင်ခြည်ကို ဖုံးကာပိတ်ဆို့မယ့် အစီအစဉ်

သိပ္ပံကားတွေထဲကလို နေကို ဖုံးအုပ်ကာဆီးသွားမယ့် စိိတ်ကူးဟာ လက်တွေ့ဘ၀မှာလည်း ရှိလာနေပြီဖြစ်ပါတယ်။ ဒီစိတ်ကူးကို ပုံဖော်ဖို့အတွက် မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလျံနာ ဘီလ်ဂိတ်ဟာ ဟားဗက်တက္ကသိုလ်က ထိပ်တန်းသိပ္ပံပညာရှင်တွေကို ရန်ပုံငွေတစ်စိတ်တစ်ဒေသ ထောက်ပံ့ပေးသွားမယ်လို့ Yahoo သတင်းကဆိုပါတယ်။

သိပ္ပံပညာရှင်တွေ ယုံကြည်ထားတာက လေယာဉ်တစ်စီးကို သေချာစီမံဖန်တီးပြီး ကမ္ဘာ့လေထုရဲ့ ဒုတိယအလွှာပိုင်းဖြစ်တဲ့ stratosphere ထဲကို ဆာလ်ဖိတ်အမှုန်တွေ ဖြန်းပေးဖို့ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကမ္ဘာကြီးဟာ အေးမြလာပြီး ရာသီဥတုပြောင်းလဲတာကိုလည်း သက်သာစေနိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

Pexels/Pixabay

၎င်းနည်းပညာကို စမ်းသပ်ဖို့ အခုနှစ်ထဲမှာပဲ အဆိုတင်သွင်းထားပါတယ်။ ကနဦးပိုင်းမှာတော့ လေထု(၁၂) မိုင်အထက်ကို ကာဗွန်နိတ်အမှုန်ထုတ်တစ်ထုတ် လွှတ်တင်မှာဖြစ်ပါတယ်။ တကယ်လို့ အောင်မြင်ခဲ့ရင် ၄င်းအမှုန်တွေကို လေယာဉ်ပေါ်ကနေ ထပ်မံ လွှတ်ထုတ်သွားမှာ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ (၁၂) မိုင်အထက် ပျံနိုင်တဲ့ ဂျက်လေယာဉ်တွေနဲ့ဆိုရင် (၁၅) နှစ်အတွင်း မစ်ရှင်(၆) သောင်း ပြီးစီးအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

READ
ကျောင်းသားတစ်ဦးကို သစ်ပင်(၁၀) ပင်စီစိုက်ပြီးမှ ဘွဲ့ရတော့မယ့် ဖိလစ်ပိုင်ဥပဒေသစ်

ဒီထဲမှာ ပြဿနာရှိတာက အဲဒီလို ပျံသန်းနိုင်တဲ့ လေယာဉ်မျိုးက မတည်ဆောက်ရသေးတာပါ။ ဟားဗက်သုတေသနပညာရှင်တွေကတော့ တကယ်လို့ ဒီနှစ်သာ လေယာဉ်ထုတ်ဖြစ်ခဲ့ရင် (၃.၅) ဘီလီယံ စုစုစုပေါင်း တန်ကြေးကုန်ကျလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

Pexels/Pixabay

“Solar geo-engineering” သို့မဟုတ် solar radiation management (SRM) လို့ခေါ်တဲ့ အဆိုပါစိတ်ကူးဟာ လက်ရှိမှာတော့ အငြင်းပွားစရာစိတ်ကူးလည်း ဖြစ်နေပါတယ်။ အချို့ သိပ္ပံပညာရှင်တွေက ဒီနည်းဟာ ကမ္ဘာကြီးထဲမှာရှိနေတဲ့ အပူချိန်တွေကို လျော့ချနိုင်တဲ့ stop gap လို့ ဆိုထားပေမယ့်လည်း အချို့ကတော့ SRM စနစ်သာ ရုတ်တရက် အလုပ်မဖြစ်တော့ဘူးဆိုရင် ကမ္ဘာကြီးဟာ ရှော့ခ်ရပြီး ရာသီဥတုပူနွေးတဲ့အခြေအနေတွေဟာ ပိုတောင် ဆိုးလာနိုင်သေးတယ်ဆိုပြီးလည်း မှတ်ချက်ပေးထားပါသေးတယ်။

လင်းလင်း (ShweMom)

SHARE