(၁၃)နှစ်အရွယ် ကောင်လေးကို မြှူဆွယ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ အင်စတာဂရမ်မော်ဒယ်

Instagram/Bethany Edgecombe

အင်စတာဂရမ်ပေါ်မှာ အထိုက်အလျှောက် အောင်မြင်မှုရနေတဲ့ မော်ဒယ် Bethany Edgecombe ကတော့ လက်ရှိမှာ သက်ငယ်အမျိုးသားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မြှူစွယ်ခဲ့တဲ့ပြဿနာကြောင့် အမှုရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံသတင်းထောက်တွေက ပစ်မှတ်ထား မေးခွန်းတွေ မေးတဲ့အပေါ်မှာ ခပ်ကြမ်းကြမ်း တုန့်ပြန်ခဲ့ပါတယ်။

Bethany ဟာ အသက်(၂၀)နှစ်ဖြစ်ပြီး၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဖော်အချွတ် သြစတေးလျအကမယ် တစ်ဦးလည်း ဖြစ်ပြီး၊ Blondie Australia လို့လည်း လူသိများပါတယ်။ အင်စတာဂရမ်မှာ ပရိသတ် (၁၀၅၀၀၀)ကို ပိုင်ဆိုင်ခဲ့သူပါ။ လက်တလောတော့ အခုရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ဖိအားကြောင့် အဲဒီအင်စတာဂရမ်အကောင့်ကို ဖျက်ထားတယ်လို့ သိရပါတယ်။

YouTube/NSW

ယခုတစ်ပတ် မဲလ်ဘုန်းမြို့လယ်ခေါင်မှာ Bethany နဲ့ သတင်းထောက်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ တီဗွီသတင်းထောက်တစ်ဦးက ကောင်လေးကို စွဲဆောင်စည်းရုံးခဲ့သလားဆိုတဲ့ အတည်ပြုချက် ရယူရာမှာ Bethany က ပေါ့ပေါ့ပါးပါး ရယ်မောကာ ဝန်ခံခဲ့ပါတယ်။

Bethany ဟာ ကောင်လေးကိုလည်း လူပျိုရည်စစ်သေးလားဆိုပြီး မေးခဲ့ပါသေးတယ်တဲ့။ သူမက ကောင်လေးကို “ မင်းရဲ့ လူပျိုရည်ကို ထိန်းသိမ်းထားနော် … မင်းရှိရာကို ငါ တစ်ပတ် … ဒါမှမဟုတ် နှစ်ပတ်အတွင်း လာခဲ့မယ် … ဘယ်သူ့ကိုမှ မပြောနဲ့နော် … နောက်ပြီး မင်းဟာ ဒီကိစ္စအတွက် တရားဝင် ဆက်ဆံခွင့်ရပြီလို့လည်း မတွေးနဲ့ ”လို့ ပြောခဲ့ပါသတဲ့။

YouTube/NSW

နောက်ပြီး အဝတ်ဗလာဓာတ်ပုံ (၄)ခုကိုလည်း ကောင်လေးဆီ ပို့ပေးခဲ့ပါတယ်။ ကောင်လေးကိုလည်း အဝတ်မဲ့ပုံတွေ ပို့ပေးဖို့ တောင်းဆိုခဲ့ရာ ကောင်လေးက ကြက်ဖတစ်ကောင်ရဲ့ပုံကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို ကောင်လေးရဲ့မိခင်က သိရှိပြီးနောက်၊ Gold Coast က အခြေစိုက်ရဲတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Coomera Police ကို ပြီးခဲ့တဲ့နိုဝင်ဘာလက တိုင်ကြားခဲ့တာပါ။

Bethany ကတော့ အခုကိစ္စမှာ ကောင်လေးဘက်က ဘာမှ မနစ်နာနိုင်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး သူမအနေနဲ့ ဒီကောင်လေးကို (၁၈)နှစ်ပြည့်ပြီး လူတစ်ယောက်လို့ သဘောထားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ သတင်းထောက်က “ ကောင်လေးရဲ့ မိသားစုနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ ”လို့မေးတော့ သူမက ရင်သားနှစ်ဘက်ကို လှန်ပြခဲ့ပါတယ်။

Current Affair ရုပ်သံအစီအစဉ်မှာ ကာယကံရှင် (၁၃)နှစ်သားလေးက အစတုန်းကတော့ နှစ်ယောက်သား ဆက်ဆံရေး အေးအေးဆေးဆေး ပြေပြေပြစ်ပြစ် ရှိခဲ့ပေမယ့် နောက်တော့ သူရဲ့လူပျိုရည်ကို ရယူချင်ကြောင်း စည်းရုံးခဲ့ပါသတဲ့။ သူကတော့ ဒီကိစ္စဟာ မသင့်တော်မှန်းသိလို့ Bethany က တွေ့ဖို့တောင်းဆိုတာကို ငြင်းပယ်ခဲ့ပါတယ်။ လက်တလောမှာတော့ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲပါ။

လင်းသူရိန်

SHARE