ကင်ဆာရောဂါကို သွေးကနေ ရှာဖွေစမ်းသပ်နိုင်တဲ့ နည်းသစ်တစ်ခုတွေ့ရှိ

Ronald Rampsch/Shutterstock

ကင်ဆာရောဂါအမျိုးပေါင်း(၂၀)ကျော်ကို သွေးစမ်းသပ်မှုအသစ်တစ်ခုနဲ့ရှာဖွေတွေ့ရှိနိုင်တယ်လို့ သုတေသနပညာရှင် တွေကပြောပါတယ်။

ကင်ဆာအကြိတ်နဲ့မျိုးရိုးဗီဇပြောင်းလဲမှုတွေကိုကြည့်နိုင်ဖို့ ဒီစမ်းသပ်မှုအသစ်ကို Harvard တက္ကသိုလ်က သိပ္ပံပညာရှင်တွေတီထွင်လိုက်တာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ နမူနာသွေးအမျိုးပေါင်း (၃၆၀၀)နီးပါးနဲ့စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီစမ်းသပ်မှု မှာ(၉၉.၄)ရာခိုင်နှုန်းဟာ ကင်ဆာရောဂါရှိမရှိကိုမှန်ကန်စွာသိနိုင်ပြီး (၀.၆)ရာခိုင်နှုန်းလောက်ကတော့ မှားယွင်းတဲ့အဖြေထွက်ဆိုချက်တွေဖြစ်ခဲ့ပါတယ်။

science photo/Shutterstock

အခုလိုတီထွင်လိုက်တာဟာ ကင်ဆာရောဂါဖြစ်ပွားနေတာကို ကြိုသိနိုင်မယ်ဆိုရင် စောစီးစွာဆေးကုသမှုခံယူနိုင်တဲ့ အတွက် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်နိုင်ဖို့ကိုရည်ရွယ်ပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ဒီစမ်းသပ်မှုတွေကို ဘယ်အချိန်မှာ စတင်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီစမ်းသပ်မှုဟာ DNA မော်လီကျူးနဲ့ methyl အစုတွေကိုပေါင်းပြီး ရလာတဲ့ဖြစ်စဉ်ကို  စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်မှာ ဖြစ်ပါတယ်။

methyl DNA ကို ကင်ဆာအကြိတ်တွေသေဆုံးသွားပြီး ခန္ဓာကိုယ်တွင်းလှည့်ပတ်နေတဲ့သွေးတွေထဲ ကင်ဆာဆဲလ်တွေကိုရောက်ရှိချိန်မှာရရှိတာဖြစ်ပါတယ်။

Pazargic Liviu/shutterstock

ယခင်ကင်ဆာရောဂါရှာဖွေတဲ့ DNA ကနေတစ်ဆင့်ရှာဖွေစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့တဲ့နည်းလမ်းထက် အခုတီထွင်လိုက်တဲ့ သွေးကနေတစ်ဆင့်စမ်းသပ်မှုတွေလုပ်ဆောင်တဲ့နည်းက ပိုကောင်းတဲ့နည်းလမ်းဖြစ်တယ်လို့ ဒီနည်းလမ်းကိုတီထွင်ခဲ့တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဒေါက်တာ  Geoffrey Oxnard ကပြောပါတယ်။

ဒီစမ်းသပ်လေ့လာမှုအသစ်ရဲ့ရလဒ်ဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေရှိသူတွေအတွက် ပိုကောင်းတဲ့နည်းလမ်း အသစ်ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

သိပ္ပံပညာရှင်တွေက ကင်ဆာရောဂါဖြစ်ပွားသူအယောက်(၁၅၃၀)နဲ့ကင်ဆာရောဂါမရှိသူ အယောက်(၂၀၅၃)ရဲ့ သွေးတွေကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။

ပန်ကရိယကင်ဆာရောဂါ၊ သားအိမ်ကင်ဆာရောဂါနဲ့ရင်သားကင်ဆာရောဂါတွေအပါအ၀င် ကင်ဆာရောဂါပေါင်းအခု(၂၀)ကျော်လောက်ရှိတဲ့ ကင်ဆာရောဂါသည်တွေဆီက သွေးနမူနာကိုယူပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုနည်းပညာအသစ်က ကင်ဆာရောဂါ ရှိမရှိကို (၉၉.၄)ရာခိုင်နှုန်းအထိ သေချာတဲ့အဖြေကိုရရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Thae

SHARE