သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ မိုင်းတွင်းတွေကိုငွေအမ်းပြီး ရပ်ဆိုင်းစေမယ့် သူဌေးကြီး

အမေရိကန်သန်းကြွယ်သူဌေးကြီး မိုက်ကယ်ဘလွန်းဘာ့ဂ်ဟာ ယခင်က နယူးယောက်ခ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ သူဟာ အခုဆိုရင် ဒီမိုကရက်တစ်ပါတီမှာလည်း သမ္မတလောင်းလျာအဖြစ် တစ်ပြေးနေသူတစ်ဦး ဖြစ်ပါတယ်။

သူဌေးကြီး ဘလွန်းဘာ့ဂ်ဟာ ဒေါ်လာ (၅၄)ဘီလီယံအထိ ကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။ အခု ငွေပင်ငွေရင်းစိုက်ထုတ်မှုဟာ (၂၀၃၀)မှာ အမေရိကန်တလွှားမှာရှိတဲ့ ကျောက်မီးသွေး မိုင်းတွင်းတွေမှန်သမျှကို အကုန်လုံး ရပ်ဆိုင်းသွားစေမယ်လို့လည်း ယုံကြည်နေပါတယ်။

သူဌေးကြီး ဘလွန်းဘာ့ဂ်ဟာ အခုစီမံကိန်းကို Beyond Carbon လို့ သတ်မှတ်ထားပြီး၊ နိုင်ငံတွင်းက ကျောက်မီးသွေးမိုင်းလုပ်ငန်း (၂၅၀)ကျော်ကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ယခင်ကလည်း 2011 Beyond Coal အတွက် ဒေါ်လာသန်း(၅၀၀)ကျော် အသုံးပြုခဲ့ပြီး၊ အဲဒီစီမံကိန်းကြောင့် ကျောက်မီးသွေးမိုင်း (၂၈၉)ခုအထိ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

Beyond Carbon

ဒီလိုလုပ်ခြင်းအားဖြင့် အမေရိကန်ရဲ့ အလွန်ဆိုးရွားစွာပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို အမြန်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ သူဌေးကြီးက “ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုမှာ အချိန်နဲ့ ရင်ဆိုင်တိုက်ခိုက်နေရပါတယ် ”လို့ ဆိုပါတယ်။ ဇွန်လ(၈)ရက်နေ့က ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)မှာ ပြောခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ သူဌေးကြီးဟာ ဒီအကြောင်းတွေကို ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြောရရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အချိန်အများကြီး သိပ်မရှိတော့ပါဘူး။ သူဟာ ဒီလို လှုပ်ရှားမှုတွေလုပ်ခြင်းက ရွေးကောက်ပွဲအတွက် မျှော်လင့်တာမဟုတ်ဘဲ၊ အမေရိကန်တို့အတွက် ကာဗွန်အဆိပ်ဓာတ် ကင်းစင်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်သာယာရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ကြောင်း ဆိုပါတယ်။

သူဌေးကြီး ဘလွန်းဘာ့ဂ်ရဲ့ စီမံကိန်းမှာ သတ္တုမိုင်းတွင်းတွေ ရပ်ဆိုင်းရေးသာမက၊ နောက်ထပ် အသစ်တဖန် မပေါ်ပေါက်ရေးကိုလည်း ကာကွယ်တားဆီးသွားမယ်လို့ ဆိုပါတယ်။ သက္ကရာဇ် (၂၀၃၀)နောက်ပိုင်းမှာ အမေရိကန်တစ်ခွင် ကျောက်မီးသွေးမိုင်းတွင်းအရေအတွက် လုံးဝမရှိသလောက် ကျဆင်းသွားမယ်လို့ မျှော်မှန်းထားပါတယ်။

လင်သူရိန် (Shwemom)

READ
သိပ်လှလွန်းလို့ အိမ်ထဲနေအိမ်ပြင်မထွက်ဖို့ တားဆီးခံထားရတဲ့ ကောင်မလေး

 

SHARE