မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လာရောက် ကျင်းပမယ့် BNK48 ရဲ့ 3rd Generation Audition

BNK48 ကတော့ သူတို့ရဲ့ တတိယမျိုးဆက်သစ်တွေအတွက် အသံစစ်ဆေးပွဲကို မကြာခင်မှာ ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြည်ပနိုင်ငံတွေမှာသာမက အိမ်နီးချင်းနိုင်ငံတွေမှာပါ အသံစစ်ဆေးပွဲတွေကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ သတင်းအယ်ဒီတာတစ်ဦးဖြစ်တဲ့  Tuangporn Asvavilai က တွစ်တာပေါ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

vaaju

အသံစစ်ဆေးပွဲ ကျင်းပမယ့် အိမ်နီးချင်း နိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊လာအိုနဲ့ မြန်မာနိုင်ငံတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ အသေးစိတ် သတင်းအချက်တွေကိုတော့  March 6 ရက်နေ့မှာ ပြုလုပ်မယ့် ကမ္ဘောဒီးယားနိုင်ငံက သတင်းစာရှင်းလင်းပွဲမှာ BNK48ရဲ့ မန်နေဂျာ Jobsan ထုတ်ဖော်ပြောကြားသွားနိုင်ချေ ရှိပါတယ်။

The Nation
globalnewsasia.com

အသံစစ်ဆေးမှုအတွက် ပရိုမိုးရှင်းပွဲတွေကိုတော့ BNK48ရဲ့ ခေါင်းဆောင် Cherprang အပါအဝင် အဖွဲ့ဝင် ၆ယောက်က Jobsanနဲ့အတူ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

READ
ပန်းချီဆရာတွေ လက်မှိုင်ချရလောက်တဲ့ ရွှေမင်းသမီးလေး ယွန်းယွန်း
atlimited – WordPress.com

BNK48 ကတော့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးအဖွဲ့ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ AKB48, အင်ဒိုနီးရှားနိုင်ငံရဲ့ JKT48 နဲ့ တရုတ်နိုင်ငံရဲ့ SNH48 တို့နဲ့ ဆက်စပ်နေတဲ့ ညီအစ်မအဖွဲ့ ဖြစ်တယ်လို့လည်း လူသိများပါတယ်။

SOurce: bunshun english

SHARE