တရားမဝင် ဆေးဝါးမှောင်ခိုသွင်းတယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ ကိုရီးယားအနုပညာရှင်

instagram/boakwon

တောင်ကိုရီးယား တေးရေးတေးဆိုအနုပညာရှင်တစ်ဦးဖြစ်သူ BoA ကို ဆေးဝါးတင်သွင်းရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် စစ်ဆေးမေးမြန်းခဲ့တယ်လို့ allkpop သတင်းစာမျက်နှာအရ သိရပါတယ်။ သိရတာက ဒီဇင်ဘာ ၁၇ရက်မှာ BoA ကို အစိုးရရှေ့နေတွေက မေးခွန်းတွေမေးခဲ့ကြတာဖြစ်ပါတယ်။

SM Entertainment မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ဦးက ပြည်ပဌာနခွဲတစ်ခုကနေပြီး အိပ်ဆေးတွေဖြစ်တဲ့ Zolpidem နဲ့ အခြားအိပ်ဆေးတွေကို ဂျပန်ကနေ ကိုရီးယားဆီတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တင်ပို့ရာမှာ ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာခြင်းမရှိခဲ့ပါဘူး။

 

View this post on Instagram

 

A post shared by BoA (@boakwon)

ဒါကြောင့် အိပ်ဆေးတွေပို့ပေးတဲ့ ၄င်းဝန်ထမ်းနဲ့ လက်ခံသူ BoA ကို စစ်ဆေးမေးမြန်းခဲ့ကြတာပါ။ လက်ခံသူဟာ BoA ဖြစ်ပေမယ့် ဆေးညွှန်းစာမှာတော့ BoA ရဲ့အမည်မဟုတ်ဘဲ ၄င်းဝန်ထမ်းရဲ့အမည်နဲ့ဖြစ်နေခဲ့ပါတယ်။ နှစ်ယောက်စလုံးက သူတို့ဟာ နိုင်ငံတွင်းကို ဆေးဝါးတင်သွင်းရာမှာ လုပ်ဆောင်ရတဲ့စည်းကမ်းတွေကို မသိဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။

READ
Talk It အစီအစဉ်မှာ တွေ့ရမယ့် အဆိုတော် ၀ိုင်းလေး

အဆိုပါဖြစ်ရပ်ဖြစ်ပွားအပြီးမှာတော့ SM Entertainment ကနေ မှတ်တမ်းတစ်ခုထုတ်ပြန်ပါတယ်။ “BoA က ဆရာဝန်နဲ့တိုင်ပင်ပြီး အိပ်ဆေးသောက်ဖို့လိုတယ်ဆိုလို့ ဆေးစာထဲမှာ အိပ်ဆေးထည့်ထားရတာပါ။ ဒါပေမဲ့ အိပ်ဆေးရဲ့နောက်ဆက်တွဲတွေက တော်တော်ဆိုးပါတယ်။ ပြည်ပမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဌာနခွဲက ဝန်ထမ်းတစ်ယောက်ကနေ ဂျပန်ဆေးရုံတစ်ရုံက ဆေးတွေကို သတ်မှတ်ချက်အတိုင်းဝယ်ယူပြီး ဒီကိုပို့ပေးတာပါ။ ဒါပေမဲ့ ပြည်ပက ဆေးညွှန်းက ကိုရီးယားရောက်တော့ ပြဿနာရှိမယ်လို့ မထင်မိခဲ့ဘူး။ နောင် ဒီလိုမျိုးထပ်မဖြစ်ရအောင် ဝန်ထမ်းတွေအားလုံးကို သေချာသင်ကြားပေးပါမယ်။ ပရိသတ်တွေကို စိုးရိမ်မှုတွေဖြစ်စေလို့ တောင်းပန်ပါတယ်။”

 

View this post on Instagram

 

A post shared by BoA (@boakwon)

အေဂျင်စီကနေ အခုလိုကြေညာခဲ့ပေမယ့်လည်း ကိုရီးယားအွန်လိုင်းအသုံးပြုသူတွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စိတ်ပျက်လျက်ရှိကာ အမျိုးမျိုးဝေဖန်နေကြကြောင်းလည်း သိရပါတယ်။

READ
ရုပ်ရှင်ညီလာခံမှာ တွေ့ရတဲ့ ဖွေးဖွေးနဲ့ယွန်းယွန်း

ShweMom

SHARE