“သတိ – အန္တရာယ်ရှိသည်” ဆင်ဆာထိခဲ့တဲ့အပေါ် မချိတင်ကဲ ဖြစ်နေတဲ့ တိုင်ရွန်

တိုင်ရွန်ကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “သတိ – အန္တရာယ်ရှိသည်” ဆိုတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှထားပါတယ်။မြန်မာအနုပညာလောကမှာတော့ ဆင်ဆာ နဲ့ပတ်သက်ပြီး အနုပညာရှင်တစ်ချို့ဆီကနေ  မချိတင်ကဲ ရင်တွင်းခံစားချက်တွေ မကြာခဏ ထွက်ပေါ် လာလေ့ ရှိပါတယ်။အခု “သတိ – အန္တရာယ်ရှိသည်” ဇာတ်ကား ဆင်ဆာ ထိရတဲ့ အကြောင်းအရင်းကတော့ ဇာတ်ကားထဲ မှာပါ တဲ့ ထိုးကြိတ်တဲ့ ဇာတ်ဝင်ခန်းကြောင့်ပါ။ဇာတ်ကားထဲမှာ မော်တော်ပီကယ်ကို ၀ိုင်းပြီး ထိုးကြတဲ့ အခန်းပါလို့ ဆင်ဆာ ထိခဲ့တာပါ။ဒါနဲ့ပတ်သက်ပြီး တိုင်ရွန်က…..

“ထုံးစံတိုင်း ဆင်ဆာထိပြန်ပီ မော်တော်ပီကယ်ကိုထိုးတဲ့အခန်းပါလို့တဲ့ဗျာ ဘာလို့ထိုးလဲဆိုတဲ့ အကြောင်းရင်းလဲပါနေတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ်ခွင့်မရှိတာတဲ့ဗျာ ကျွန်တော်တို့ အားလုံးကြိုးစားထားတာ သဲထဲရေသွန်ဖစ်သွားသလိုဘဲ ရုံတင်ရဖို့ ဝိုင်းဝန်းရံပေးကြပါဦး ……
Action film ပါဆို ရဲနဲ့လူဆိုးfight ရမာဘဲမဟုတ်လားဟ…” ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်ထား ပါတယ်။အဲ့ဒီ  Post မတင်ခင်မှာ ဆင်ဆာပြန်ဖြတ်ထားတဲ့ ဇာတ်ကား Trailer ဗီဒီယိုဖိုင်ကို အခုလို Caption ရေးပြီး တင်ခဲ့ပါ တယ်။

READ
ဘုဏ်းသိုက်ရဲ့ Surprise ဖုန်း Call ကြောင့် မျက်ရည်ကျခဲ့တဲ့ ချမ်းချမ်း

“သည်းခံထား သည်းခံထား အသစ်ပြန်တင်တာပါ

ရဲကိုထိုးလို့တဲ့ ဆင်ဆာဖြတ်တယ်ဗျာ တိုးတက်ဦးမယ်

ဝန်းရံကြပါဦး အဓိပ္ပါယ်မရှိ ဖြတ်တာတွေတော်သင့်ပီ

နဂိုဗီဒီယို page cmt ထဲမှာဝင်ကြည့် ပါ….” ဆိုပြီး တင်ခဲ့ပါတယ်။ဆင်ဆာ အဖြတ်ခံလိုက်ရတဲ့ အခန်း ကတော့ မော်တော်ပီကယ်ကို ထိုးကြိတ်ရိုက်နှက်နေတဲ့ အခန်းပါ။

https://www.facebook.com/danger2019movie/videos/2162816363815675/

Source တိုင်ရွန်၊

SHARE