ချစ်သူသက်တမ်း (၁၁)နှစ်ပြည့်သွားတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

Image: FB/Bobby Soxer & Hlwan Paing

လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ဂီတလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲတစ်တွဲပါ။ဂီတ လောကထဲ ရောက် လာ တဲ့ အချိန်က စပြီး နှစ်ယောက် အတူ ကြိုးစားလာခဲ့ ကြတာပါ။နှစ်ယောက်လုံးက Hip-Hop ဂီတ ကို ရူးသွပ် ကြ သူတွေ ဖြစ်ပြီး စ တွဲ တည်းက ပရိသတ်တွေကို အတိအလင်းထုတ်ပြော ပြီး တွဲလာခဲ့ ကြတာပါ။ဂီတကို ရူး သပ်ွတာ ခြင်း လည်း တူ၊ရုပ်ရည်ပိုင်း မှာဆိုရင်လည်း နှစ်ယောက်လုံးက အရမ်းလိုက်ဖက်ကြတာမို့ ပရိသတ် အရမ်းချစ် ရတဲ့ စုံ တွဲ လေးပါ။

Image:fb/ Hlwan Paing

ဂီတ လောကထဲ စ၀င်တည်းက တွဲလာခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်း က တော့ အခုဆိုရင် (၁၁)နှစ် တောင် ရှိနေပါပြီ။ချစ်သူသက်တမ်း (၁၁)နှစ်ပြည့်မှာတော့ လွှမ်းပိုင်က သူ့ရဲ့ ချစ်သူ အတွက် စုံတွဲ ပုံ လေးတွေ တင်ရင်း နဲ့ အခုလို အမှတ်တရ ချစ်စကားဆိုခဲ့ပါတယ်။”The smile on her face that i look everydayand i love it too…Will you let me stay for another thousand days justlike we used to… ..” ဆိုပြီး ပြောခဲ့ပါတယ်။

Image:fb/ Bobby Soxer

Bobby Soxer ကလည်း ချစ်သူ လွှမ်းပိုင်နဲ့ သူမရဲ့ (၁၁)နှစ်ပြည့် နှစ်ပတ်လည် လေး မှာတော့ “I cant even imagine my life without your existence! ❤️…” ဆိုပြီး သူတို့နှစ်ယောက် Eiffel Tower ရှေ့မှာ ရိုက် ထားတဲ့ ပုံလေးနဲ့ အတူတူ အမှတ် တရ စကားလေး ပြောထားပါတယ်။

READ
ဘေးတိုက်ကြည့်ချိန်မှာ မျက်လုံးပြူးသွားမယ့် Selena Gomez ရဲ့ဝတ်စုံ
Image:fb/ Hlwan Paing

နားလည်မှု၊ ယုံကြည်​မှု​တွေနဲ့ အနုပညာအလုပ်​​တွေကို အတူ လက်​တွဲလုပ်​ကိုင်​ရင်း ခိုင်မြဲ တဲ့ Relationship ကိုပါ ပိုင် ဆိုင်ထားတဲ့ သူတို့ အတွဲ လေး ကတော့ ပရိသတ်တွေရဲ့ Idol Couple ပါ။အခုနောက်ပိုင်းမှာတော့ လွှမ်းပိုင်က ဂီတ ဘက် တင်မကပဲ ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးခဲ့ပါတယ်။ကိုယ်စောင့်နတ်ဆိုတဲ့ ဇာတ်ကားကိုလည်း ရုံတင် ပြသခဲ့ပါတယ်။လွှမ်းပိုင်ရဲ့ ဇာတ်ကား Red Carpet ပွဲတိုင်းမှာလည်း Bobby Soxer က ဘေး က နေ အားပေး ဖော်၊လက်တွဲ ဖော် အဖြစ်နဲ့ တက်ရောက်ပေးခဲ့ပါတယ်။

Image:fb/ Hlwan Paing

Source:FB/Bobby Soxer & Hlwan Paing

SHARE